Sun. Nov 28th, 2021

Zawgyi








Unicode

မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ နိုင်ငံတကာ ပြိုင်ပွဲတွေမှာ သွားရောက်ယှဉ်ပြိုင်ခဲ့သူကတော့ သရုပ်ဆောင် မင်းသမီးချောလေး နန်းခင်ဇေယျာပဲ ဖြစ်ပါတယ်။ သူမဟာ နိုင်ငံတကာပြိုင်ပွဲတွေကို ပထမဦးဆုံး သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ အလှမယ်တစ်ယောက်ဆိုရင်လည်း မမှားနိုင်ပါဘူးနော်။

သူမဟာ ဗီဒီယိုဇာတ်ကားများစွာကိုလည်း ရိုက်ကူးခဲ့ပြီး အလှမယ်လောက ကနေ ရုပ်ရှင်လောက ကို ကူးပြောင်းလာ သူတစ်ယောက်လည်း ဖြစ်ပါတယ်။ နန်းခင်ဇေယျာဟာ Home Stay ကာလလေးမှာ အခြားစီးပွားရေးအနေနဲ့ မာလာရှမ်းကောနဲ့ စားသောက်ဖွယ်ရာ မျိုးစုံကို ရောင်းချခဲ့ပြီး

ပရိသတ်များသာမကဘဲ အနုပညာရှင်များရဲ့ အားပေးမှုတွေကို ရရှိခဲ့တာလည်း ဖြစ်ပါတယ်။ သူမဟာ လတ်တလောမှာတော့ ကြော်ငြာလေးတွေ ရိုက်ကူးဖြစ်နေတာပဲ ဖြစ်ပြီး လှုပ်ရှားမှုတိုင်းကိုလည်း ပရိသတ်တွေကို သိရှိရအောင် အမြဲလို လို ဝေမျှပေးနေ တာပဲ ဖြစ်ပါတယ်။

အားလပ်ချိန်များတွင်လည်း Tik Tok လေးတွေလည်း ဆော့ကစားလေ့ရှိပြီး ပရိသတ်တွေကလည်း သူမရဲ့ tik tok Video လေးတွေကို အားပေးနေကြတာလည်း ဖြစ်ပါတယ်။ အခုမှာလည်း သူမရဲ့ Tik Tok အကောင့်လေးမှာ ဗီဒီယို တစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။

ဒါကတော့ အခါခါပြန်ကြည့် ရလောက်အောင် ရင်ခုန်စရာကောင်းလွန်းနေတဲ့ နန်းခင်ဇေယျာရဲ့ အမိုက်စား Tik Tok Video လေးပဲ ဖြစ်ပါတယ်။ သူမဟာ အနက်ရောင်ဖက်ရှင်လေးကို ဝတ်ဆင်ထားပြီး အလှတရားတွေ ထင်ရှားပေါ်လွင်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် နန်းခင်ဇေယျာရဲ့ Tik Tok Video လေးကို တင် ဆက်ပေးလိုက် ရပါ တယ်နော်။

Video Player

Source and Photo Crd – Nang Khin Zay Yar’s Facebook and Tik Tok Account