အကြွေးဆပ်လာတဲ့ သားသမီးနဲ့ အကြွေးတောင်းလာတဲ့ သားသမီး(၂)မျိုး သင်ဘယ်အမျိုးအစားထဲ ပါနေသလဲ

Zawgyi

အေႂကြးဆပ္လာတဲ့သားသမီးနဲ႔အေႂကြးေတာင္းလာတဲ့သားသမီး(၂)မ်ိဳး သင္ဘယ္အမ်ိဳးအစားထဲ ပါေနသလဲ မိမိရဲ႕ မိဘ ေတြကို အေႂကြးဆပ္ လာတဲ့သားသမီးနဲ႔၊အေႂကြးေတာင္းလာတဲ့သားသမီး ဆိုၿပီး အက်ဥ္းအားျဖင့္ (၂)မ်ိဳး ရွိပါတယ္။ အေႂကြးဆပ္ လာတဲ့ သားသမီး က ေတာ့သူတတ္တဲ့ ပညာေတြနဲ႔ မိဘေတြကို ပညာတတ္ရင္လည္း ပညာနဲ႔ပညာ

မတတ္ရင္လည္း ခြန္အားနဲ႔ လုပ္ေကြၽးျပဳစုၿပီး ခ်မ္းသာ သုခ ဆိုတဲ့ေကာင္းတာေတြကို ေပးတဲ့ သား၊ သမီး မ်ိဳးပါ။အေႂကြးေတာင္း လာတဲ့ သား သမီး ကေတာ့မိဘေတြကို စိတ္ဆင္းရဲေအာင္ လုပ္မယ္ဂ်ီတိုက္မယ္။ ဥစၥာေတြ သုံ းျဖဳန္းမယ္၊ မိဘ မေသခင္ အေမြေတာင္းမယ္ ဆိုတဲ့ မေကာင္းတဲ့ဆင္းရဲဒုကၡေတြကို ေပးမယ့္ သား၊ သမီး မ်ိဳးပါ။

ဘုရားေဟာ စကားေတာ္ အရ အတိဇာတ သား အႏုဇာတ သား၊ အဝဇာတ သား ဆိုၿပီး (၃)မ်ိဳး ရွိတယ္လို႔ ဆိုတယ္။အတိဇာတသားဆိုတာက မိဘ ထက္ကို ပိုၿပီး ကိုယ္က်င့္သိကၡာ၊ အရည္အခ်င္း က အစ သာသြားတာဥပမာ ဘုန္းႀကီးရဟန္း အျဖစ္နဲ႔ ဘုရား သားေတာ္သမီးေတာ္အျဖစ္ ဝိနည္းႏွင့္ အညီ ေနထိုင္က်င့္ႀကံျခင္းႏွင့္ မိဘမ်ားကို လုပ္ေကြၽး၊ ျပဳစုၿပီး

ခ်မ္းသာျခင္း ေကာင္းက်ိဳးေတြကိုသာ ေပးတဲ့ ျမင့္ျမတ္တဲ့ အမ်ိဳးေကာင္း သားသမီး ျဖစ္ပါတယ္။အႏုဇာတသားဆိုတာက မိဘနဲ႔ ကိုယ္က်င့္သိကၡာ တူညီၿပီး မိဘကို လုပ္ေကြၽးျပဳစု၊ ေကြၽးေမြး ေစာင့္ေရွာက္တဲ့ သား၊ သမီး မ်ိဳးပါ။

အဲ့ဒီ (၂)မ်ိဳးက သားေကာင္း၊ သမီးေကာင္း ေတြေပါ့။အထက္မွာ ေျပာထားသလို အေႂကြးဆပ္မယ့္ သား သမီး မ်ိဳးေပါ့။အဝဇာတသားဆိုတ ာက မိဘထက္ နိမ့္ပါးသြားၿပီး မိဘကို ဒုကၡေပးဖို႔ သက္သက္ ျဖစ္လာတဲ့ သား သမီးမ်ိဳး။ ေမြးလာလို႔သာ ခ်စ္ျမတ္ႏိုး ရေပမယ့္ ဒီလို သားဆိုး၊ သမီးဆိုး မ်ိဳးကို ေတာ့ ဘယ္ မိဘမွ မလို လားတဲ့ သား၊ သမီး မ်ိဳးပါ။ဒီ သား၊ သမီး မ်ိဳးက် အထက္မွာ ေျပာထားသလို အေႂကြး လာေတာင္းတဲ့ သားသမီး မ်ိဳးေပါ့။

 

ဒါေပမယ့္ မိဘ ဆိုတာက ဘယ္သား၊ သမီးကို မဆို၊ ဆိုးရင္လည္း ဂ ႐ုဏာနဲ႔ ကိုယ့္ရဲ႕ ရင္ေသြးေတြကို ခ်စ္တာပါပဲ။ေကာင္းတဲ့ သား၊ သမီး ကိုလည္း လိမၼာလို႔ ခ်စ္ရတာ ပါပဲ။ ခြဲျခားတာမ်ိဳးေတာ့ မရွိဘူးေပါ့။

တကယ္ လိုလားတာက အတိဇာတ သား၊ သမီး မ်ိဳးသာ မိဘတိုင္း လိုလား ၾကပါတယ္။ဒါေၾကာင့္ သား၊ သမီးေတြ အေနနဲ႔ ကို ယ္က ဘယ္လို သား၊ သမီး အမ်ိဳးစားထဲ ပါေနလဲး စဥ္းစားၿပီး အခ်ိန္မီ ျပဳျပင္ပါ၊ ႀကိဳးစားပါ လို႔ တိုက္တြန္းပါတယ္။မိဘ ေတြအေပၚ အတိဇာတ သား၊ သမီး မ်ိဳးထိ မျဖစ္ႏိုင္ရင္ေတာင္ အ ႏုဇာတ သား၊ သ မီး ေလာက္ေတာ့ အနည္းဆုံး ျဖစ္ေအ ာင္လို႔ မိဘ ကို ေကြၽးေမြး၊ေစာင့္ေရွာ က္ႏို င္တဲ့ သားေကာင္းမ်ားသမီးေကာင္းမ်ား ျဖစ္ေအာင္ ႀကိဳးစား ၾကၿပီး မိဘတို႔၏ ေကာင္းက်ိဳး၊ ခ်မ္းသာ တို႔အတြက္ အသက္ေပးလို႔ ကာကြ ယ္တဲ့ မိဘတို႔ ၏ ေက်းဇူးကို အထူး ဆပ္ႏိုင္ၾကသူမ်ား ျဖစ္ၾကပါေစ။

Credit

Unicode

အကြွေးဆပ်လာတဲ့သားသမီးနဲ့အကြွေးတောင်းလာတဲ့သားသမီး(၂)မျိုး သင်ဘယ်အမျိုးအစားထဲ ပါနေသလဲ မိမိရဲ့ မိဘ တွေကို အကြွေးဆပ် လာတဲ့သားသမီးနဲ့၊အကြွေးတောင်းလာတဲ့သားသမီး ဆိုပြီး အကျဉ်းအားဖြင့် (၂)မျိုး ရှိပါတယ်။အကြွေးဆပ် လာတဲ့ သားသမီး က တော့သူတတ်တဲ့ ပညာတွေနဲ့ မိဘတွေကို ပညာတတ်ရင်လည်း ပညာနဲ့ပညာ မတတ်ရင်လည်း ခွန်အားနဲ့ လုပ်ကျွေးပြုစုပြီး ချမ်းသာ သုခ ဆိုတဲ့ကောင်းတာတွေကို ပေးတဲ့ သား၊ သမီး မျိုးပါ။အကြွေးတောင်း လာတဲ့ သား သမီး ကတော့မိဘတွေကို စိတ်ဆင်းရဲအောင် လုပ်မယ်ဂျီတိုက်မယ်။ ဥစ္စာတွေ သုံ းဖြုန်းမယ်၊ မိဘ မသေခင် အမွေတောင်းမယ် ဆိုတဲ့ မကောင်းတဲ့ဆင်းရဲဒုက္ခတွေကို ပေးမယ့် သား၊ သမီး မျိုးပါ။

ဘုရားဟော စကားတော် အရ အတိဇာတ သား အနုဇာတ သား၊ အဝဇာတ သား ဆိုပြီး (၃)မျိုး ရှိတယ်လို့ ဆိုတယ်။အတိဇာတသားဆိုတာက မိဘ ထက်ကို ပိုပြီး ကိုယ်ကျင့်သိက္ခာ၊ အရည်အချင်း က အစ သာသွားတာဥပမာ ဘုန်းကြီးရဟန်း အဖြစ်နဲ့ ဘုရား သားတော်သမီးတော်အဖြစ် ဝိနည်းနှင့် အညီ နေထိုင်ကျင့်ကြံခြင်းနှင့် မိဘများကို လုပ်ကျွေး၊ ပြုစုပြီး ချမ်းသာခြင်း ကောင်းကျိုးတွေကိုသာ ပေးတဲ့ မြင့်မြတ်တဲ့ အမျိုးကောင်း သားသမီး ဖြစ်ပါတယ်။အနုဇာတသားဆိုတာက မိဘနဲ့ ကိုယ်ကျင့်သိက္ခာ တူညီပြီး မိဘကို လုပ်ကျွေးပြုစု၊ ကျွေးမွေး စောင့်ရှောက်တဲ့ သား၊ သမီး မျိုးပါ။

အဲ့ဒီ (၂)မျိုးက သားကောင်း၊ သမီးကောင်း တွေပေါ့။အထက်မှာ ပြောထားသလို အကြွေးဆပ်မယ့် သား သမီး မျိုးပေါ့။အဝဇာတသားဆိုတ ာက မိဘထက် နိမ့်ပါးသွားပြီး မိဘကို ဒုက္ခပေးဖို့ သက်သက် ဖြစ်လာတဲ့ သား သမီးမျိုး။ မွေးလာလို့သာ ချစ်မြတ်နိုး ရပေမယ့် ဒီလို သားဆိုး၊ သမီးဆိုး မျိုးကို တော့ ဘယ် မိဘမှ မလို လားတဲ့ သား၊ သမီး မျိုးပါ။ဒီ သား၊ သမီး မျိုးကျ အထက်မှာ ပြောထားသလို အကြွေး လာတောင်းတဲ့ သားသမီး မျိုးပေါ့။ဒါပေမယ့် မိဘ ဆိုတာက ဘယ်သား၊ သမီးကို မဆို၊ ဆိုးရင်လည်း ဂ ရုဏာနဲ့ ကိုယ့်ရဲ့ ရင်သွေးတွေကို ချစ်တာပါပဲ။ကောင်းတဲ့ သား၊ သမီး ကိုလည်း လိမ္မာလို့ ချစ်ရတာ ပါပဲ။ ခွဲခြားတာမျိုးတော့ မရှိဘူးပေါ့။

တကယ် လိုလားတာက အတိဇာတ သား၊ သမီး မျိုးသာ မိဘတိုင်း လိုလား ကြပါတယ်။ဒါကြောင့် သား၊ သမီးတွေ အနေနဲ့ ကို ယ်က ဘယ်လို သား၊ သမီး အမျိုးစားထဲ ပါနေလဲး စဉ်းစားပြီး အချိန်မီ ပြုပြင်ပါ၊ ကြိုးစားပါ လို့ တိုက်တွန်းပါတယ်။မိဘ တွေအပေါ် အတိဇာတ သား၊ သမီး မျိုးထိ မဖြစ်နိုင်ရင်တောင် အ နုဇာတ သား၊ သ မီး လောက်တော့ အနည်းဆုံး ဖြစ်အေ ာင်လို့ မိဘ ကို ကျွေးမွေး၊စောင့်ရှော က်နို င်တဲ့ သားကောင်းများသမီးကောင်းများ ဖြစ်အောင် ကြိုးစား ကြပြီး မိဘတို့၏ ကောင်းကျိုး၊ ချမ်းသာ တို့အတွက် အသက်ပေးလို့ ကာကွ ယ်တဲ့ မိဘတို့ ၏ ကျေးဇူးကို အထူး ဆပ်နိုင်ကြသူများ ဖြစ်ကြပါစေ။

Credit

Be the first to comment

Leave a Reply

Your email address will not be published.


*