အိမ်တွင်းအဆီကျလိမ်းဆေး ကိုယ်တိုင်လုပ်ပြီး 7 ရက်အတွင်း အဆီချမယ်

Zawgyi




ပါဝင်ပစ္စည်း

ဂျင်း

သုံပုရာသီး

ပရုတ်ဆီ

Body Lotion

ပြုလုပ်ပုံ






အသုံးပြုပုံ











Unicode

ဒီကိုဗစ်ကာလမှာ Irene ကိုယ်တိုင်လည်း အိမ်မှာပဲ စားလိုက် သောက်လိုက်နဲ့ ဝိတ်တွေတက်လာတာ… အဓိကကတော့ ဗိုက်ခေါက်ထွက်လာတာပေါ့ရှင် အဆီချလိမ်းဆေးတွေကလည်း အများကြီးပေမယ့် ဘာသုံးရမလဲ၊ ဝယ်ပြီး

တကယ်ထိရောက်ပါ့မလား ဆိုပြီး မသုံးဖြစ်ဘူး၊ သောက်ဆေးဆိုလည်း side effect တွေကြောက်လို့ ဘာလုပ်ရင်ကောင်းမလဲ စဉ်းစားရင်းနဲ့ …… ဒီအဆီကျလိမ်းဆေးလုပ်နည်းလေးကို ကိုယ်တိုင်စပ်ပြီး

နှစ်ပတ်လောက် စမ်းသုံးကြည့်တယ်၊ result လေး ကောင်းလို့ အခုလို ပြန်လည် sharing လုပ်ပေးလိုက်တာပါ၊ အားကစားလုပ်ဖို့အချိန်မပေးနိုင်တဲ့သူများ၊ Irene လို အပျင်းကြီးသူများလည်း လုပ်လို့ရအောင်လို့ပါ

ပါဝင်ပစ္စည်း

ဂျင်း

သုံပုရာသီး

ပရုတ်ဆီ

Body Lotion

ပြုလုပ်ပုံ

ဂျင်း လက်တစ်ဆစ်စာကို ကျေညစ်အောင်ထောင်းပြီး အရည်ညှစ်ပါ။

သံပုရာသီး တစ်ခြမ်း ဖြတ်ယူပါ

ပရုတ်ဆီ (သို့) အကြောပြေဒဏ်ကြေလိမ်းဆေး အရှိန်ကို စားပွဲတင်ဇွန်းတစ်ဇွန်းစာ ယူပါ (မည်သည့် brand မဆို သုံးလို့ရပါတယ်)

Body Lotion ထမင်းစားဇွန်း ၁ ဇွန်းခန့် ယူပါ (မည်သည့် brand မဆို သုံးလို့ရပါတယ်)

သန့်စင်ထားသော ပန်းကန်လုံးထဲသို့ အထက်ပါ ပါဝင်ပစ္စည်း ပမာဏအတိုင်း ထည့်ကာ ရောမွှေပေးပါ

အသုံးပြုပုံ

ညအိပ်ရာမဝင်မီတိုင်း ဝမ်းဗိုက်ပေါ် လိမ်းပေးပါ

လိမ်းတဲ့အခါ စက်ဝိုင်းပုံစံ ပွတ်လိမ်းပေးပါ

ဗိုက်အဆီ/ ဗိုက်အခေါက်များကို နာနာနှိပ်နယ်ပေးပါ

ထိုကဲ့သို့ ညတိုင်း ၁၅ မိနစ်ခန့် ပွတ်ပေးပါ/ နှိပ်ပေးပါ

ဗိုက်စည်းရှိရင် ပတ်ပြီးအိပ်ပါ/ plastic wrap နဲ့ ပတ်ပေးလည်း ရတယ် (မရှိလည်း ဒီအတိုင်းလိမ်းအိပ်ပါနော်)

ဒီနည်းကို စိတ်ရှည်ရှည် ပုံမှန်သာလုပ်ပေးပါ၊ တစ်ယောက်နဲ့တစ်ယောက် အနေအထိုင်အစားအသောက်ကွာပုံပေါ်မူတည်ပြီး ၇ ရက်မှ ၁ လ အထိ ကြာနိုင်ပါတယ် (Irene ကတော့ ၂ ပတ်လောက်ကြာမှ သိသာတယ်၊

ညနက်တွေဆို ဗိုက်ဆာတော့ ခေါက်ဆွဲထုပ်တွေ ပြုတ်စား၊ အိပ်ရာဝင်ချိန်နောက်ကျတာ) အဲလိုမျိုးတွေပေါ့) အနေအထိုင်အစားအသောက်မှန်တဲ့သူကျ ပိုသိသာမြန်ပါတယ် Body Lotion နဲ့ ရောပေးထားလို့

အသားအရေပျက်စီးမှမပူရဘူးနော် ပါဝင်တဲ့ Ingredients 4 မျိုးကြောင့် ထွက်လာတဲ့ သူ့အနံ့လေးက တော်တော်လေးချစ်ဖို့ကောင်းတယ်၊ အမူးအမော်လည်းပြေတယ်၊ ကိုယ်လက်ကိုက်ခဲတတ်တဲ့သူတွေအတွက်

တစ်ချက်ခုတ် နှစ်ချက်ပြတ်ပေါ့ ကိုယ်တိုင်လုပ်လို့ရပြီး အိမ်မှာရှိတာလေးနဲ့လုပ်လို့ရတယ်၊ အကုန်အကျသက်သာတယ် ထိရောက်တယ် ဘာလိုသေးလဲ… ပြောကြည့်လေ ဒီတစ်ပတ် Irene ရဲ့ အိမ်တွင်း

အဆီကျလိမ်းဆေးလုပ်နည်းလေးကို အားလုံး နှစ်သက်သဘောကျလိမ့်မယ်လို့ မျှော်လင့်ပါတယ်၊ ချစ်ရတဲ့သူတွေ သိရအောင်လည်း ဒီ post လေးကို share ပေး လိုက်ကြဦးနော် ချစ်သော Irene Pretty