Sun. Nov 28th, 2021
Zawgyi
ခရက်ဒစ်
Unicode
ဘဝမှာ စားဝတ်နေရေး အခြေနေ ကြောင့်မို့ ငယ်ငယ် ရွယ်ရွယ်နဲ့ ရုန်းကန် နေရသူတွေ အများကြီးရှိပါတယ်။ သူတို့ရဲ့ ဘဝတွေဟာ ကိုယ်တိုင်ကြိုး စားဖို့ လိုသလို တတ်နိုင် သူတွေကလဲ ဘေးကနေဝိုင်းဝန်းကာ ထောက်ပံ့ပေးဖို့ လိုပါတယ်
ဒါမှသာဆင်းရဲမှုတွေ လျော့ပါးပြီး လူတိုင်း အေးဆေး နေနိုင်တဲ့ ပတ်ဝန်းကျင် တစ်ခုကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်…။ ခုပြောချင်တဲ့ အကြောင်းလေးကလည်း အသက်ငယ်ငယ်နဲ့ ထီရောင်းနေတဲ့ ကလေးလေး တစ်ဦးရဲ့ ကျောင်းတက်ချင်တဲ့အိပ်မက်လေး
တစ်ခုအကြောင်းပဲ ဖြစ်ပါတယ်။ ဒီအကြောင်း လေးကို လူမှုကွန်ရက်မှာ ခုလို ဖော် ပြထားတာ တွေ့ရပါတယ်။ “ချစ်လိုက်တာ.. ဓာ တ်ပုံ အရိုက်ခံရင် ထီထိုးမယ် ဆိုတော့. ရိုက်ပါအန်တီ ရိုက်ပါ သားဆီမှာ ထီထိုးပါတဲ့ သူရွေးပေးတဲ့ ၁၀စောင်တွဲ
ယူတော့ … ဖုန်းနံပါတ် ရေးတယ် လက်ရေးက ခနော်ခနဲ့…။ ဘယ်နှစ် တန်းအထိ ကျောင်းနေဖူး သတုံးဆိုတော့ …၅ တန်းနဲ့ကျောင်းထွက် လိုက်ရတာတဲ့။ တို့တိုင်းပြည်က မဖူးခင် ကြွေရတဲ့ ပန်းတွေ…။ သူထီရောင်းနေတဲ့လမ်းက စာသင်ကျောင်းနဲ့
ကပ်လျက် စာသင်ခန် ထဲက စာအံသံတွေ လမ်းမက ကြားနေရ တယ်။ ကလေးရယ်…သူလည်း ကျောင်းနေချင် ရှာမှာပဲ အဲ့ဒီအရွယ် လေးတွေ စာသင်ခန်းထဲ မရှိပဲ လမ်းပေါ်မှာ ရှာဖွေစားနေ ရတာမြင်ရရင်လေ အလိုလိုရင်ထဲမှာ မကောင်း တော့ဘူး..။
လူတကာရဲ့ အခက်အခဲ ကိုယ်တစ်ယောက်ထဲ ဘယ်ရှင်းပေးနိုင်ပါ့မလဲ. ဒါပေမယ့် ကိုယ့်ကြောင့်သူ့ သောကလေး နဲနဲဖြစ်ဖြစ် သက်သာမယ် ဆိုလည်း လုပ်မယ်.. တ ကယ်က ဒီလတွက် ထီကရုံးမှာ ညီမတစ်ယောက်ဆီက ထိုးပြီးသား..။ သူ့ကို မြင်တော့
၁၀စောင်ထပ်ထိုးတယ်.. ဆုကြီးပေါက်ရင် မင်းကိုထီရောင်းဖို့ကားတစ်စီး ဝယ်ပေးမယ်လို့ ဆိုတော့ သားက ထီ ပေါက်ရင် ကျောင်း ပြန် တက်မှာတဲ့။ Ok အန်တီထီပေါက် ရင်လည်း သားကို ကျောင်း ပြန်တက်ရအောင် လုပ်ပေးမယ်လို့ ပြောတော့ ရီနေတယ် ။
ကိုယ်လည်း ဒီထီပေါက်ရင် ဆိုပြီး စိတ်ကူးယဉ်ခွင့် ရှိသလို သူလည်း အတွေးနဲ့ပျော်ပါစေ။ ကျော င်းထဲမှာ ပျော်နိုင်ပါစေ ကလေးရယ် ။” ဆိုပြီး ကို ယ်တိုင်ကြုံရ သူတစ်ဦးက ရေးထားတာပဲ ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ ပတ်ဝန်းကျင်မှာ ကျောင်းနေချင်တဲ့ အဲဒီလို ကလေးတွေ
ဘယ်လောက်ထိ များနေပြီလဲ ကျနော်တို့ သူတို့ကို ဘာတွေကူညီနိုင်မလဲ…. ဒါတွေ စဉ်းစားဖို့ လိုပါတယ်… ကိုယ်တိုင် မကူညီနိုင်ဘတောင်မှ ကူညီနိုင်တဲ့ သူတွေ တွေ့အောင် Share ပေးတာ အပန်းမကြီး တာမို့ ဒီစာလေးကို ပြန်လည် မျှဝေပေးလိုက် ရပါတယ်နော်..။
ခရက်ဒစ်