ပထမဆုံး အလုပ္ဝင္တဲ့ေန႔မွာ တင္ ေပါက္ေပါက္ ရွာရွာျဖစ္ရပ္နဲ႔ႀကဳံခဲ့ရတဲ့ ဆရာဝန္မေလး

Zawgyi

ဘယ္အလုပ္မဆို ပထမဆုံးအလုပ္ဝင္တဲ့ေန႔ဟာ သိပ္ကိုရင္ခုန္စိတ္လႈပ္ရွားဖြယ္ ေကာင္းလွပါတယ္။ အသက္ ၂၅ ႏွစ္အ႐ြယ္ ေဒါက္တာမေလး Varanya Nganthavee ကေတာ့ ထိုင္းႏိုင္ငံက ဘန္ေကာက္ေဆး႐ုံမွာ

ပထမဆုံးအလုပ္ဆင္းတဲ့ေန႔မွာတင္ကို တျခားသူမ်ားနဲ႔မတူတဲ့ ရင္ခုန္စိတ္လႈပ္ရွားဖြယ္ရာအျဖစ္အပ်က္တစ္ခုနဲ႔ ႀကဳံေတြ႕ခဲ့ၿပီး အဲဒီအျဖစ္အပ်က္ကို သူမရဲ႕ ေဖ့စ္ဘြတ္ခ္မွာ ျပန္လည္မွ်ေဝခဲ့ပါတယ္။ အလုပ္စဆင္းစာက ေဒါက္တာမေလးဟာ

နားကိုက္ေဝဒနာခံစားေနရတဲ့ လူနာတစ္ဦးကို စမ္းသပ္ရင္းေဝဒနာရဲ႕ဇစ္ျမစ္ကိုရွာေဖြေနခဲ့ပါတယ္။ ေဆး႐ုံသုံးဓာတ္မီးနဲ႔ လူနာရဲ႕နားထဲကို ထိုးၾကည့္လိုက္တဲ့အခါမွာေတာ့ ဆရာဝန္ျဖစ္တဲ့သူမကိုေတာင္ ထိတ္လန႔္သြားေစမယ့္ ျမင္ကြင္းတစ္ခုကေနၿပီး

ဆီးႀကိဳေနခဲ့ပါတယ္။ လူနာရဲ႕နားထဲမွာ လႈပ္ရွားေနတဲ့ သတၱဝါတစ္ေကာင္ကို ျမင္ေတြ႕ရခဲ့ၿပီး ေသခ်ာၾကည့္လိုက္တဲ့အခါမွာေတာ့ သတၱဝါဟာတျခားမဟုတ္ဘဲ အိမ္တိုင္းလိုလိုမွာ ေတြ႕ျမင္ေလ့ရွိတဲ့ အိမ္ေျမႇာင္ျဖစ္ပါတယ္။ အိမ္ေျမႇာင္တစ္ေကာင္လုံး

နားထဲကိုဝင္ေအာင္ ဘယ္လိုေတြေျခသံေဖ်ာက္ခဲ့လဲေတာ့မသိေပမယ့္လို႔ ေသခ်ာတာကေတာ့ လူူနာရဲ႕နားထဲမွာရွိေနတဲ့ အိမ္ေျမႇာင္ဟာ အသက္ရွင္ေနဆဲျဖစ္ၿပီး ဟိုဟိုဒီဒီေလွ်ာက္သြားေနတာေၾကာင့္ နားကိုက္သလိုလို၊ နာသလိုလိုခံစားေနခဲ့ရတာပါ။

ထိတ္လန႔္ေနလည္းပဲ သူမကိုအားကိုးၿပီးလာခဲ့တဲ့ လူနာအတြက္ Dr Nganthavee တစ္ေယာက္ စိတ္အားတင္းခဲ့လိုက္ပါတယ္။ ေနာက္မွာေတာ့ နားထဲကို ပိုးသတ္ေဆးအစက္ေလးေတြ ခ်ေပးခဲ့ၿပီး ရွိေနတဲ့အိမ္ေျမႇာင္ကို ရဲရဲတင္းတင္းဆြဲထုတ္ေပးဖို႔

စတင္ျပင္ဆင္ခဲ့ပါေတာ့တယ္။ အိမ္ေျမႇာင္ကိုထုတ္ရာမွာလည္း နားအဝကေနဇာကနာသြင္းမွာမလို႔ လန႔္ၿပီး နားစည္ရွိရာဖက္ဆီကို ထိုးဝင္သြားမွာကိုလည္း Dr Nganthavee တစ္ေယာက္ စိုးရိမ္ရျပန္ပါေသးတယ္။

ဘယ္လိုပဲျဖစ္ျဖစ္ေနာက္ဆုံးမွာေတာ့ Dr Nganthavee ဟာ အိမ္ေျမႇာင္ကို ေအာင္ျမင္စြာ အျပင္ကို ဆြဲထုတ္လိုက္ႏိုင္ခဲ့ပါတယ္။ ဒါေပမဲ့လည္း အျပင္ေရာက္လာတဲ့အိမ္ေျမႇာင္မွာ အၿမီးျပတ္ေနခဲ့တာေၾကာင့္ အရင္ကတည္းက

အၿမီးျပတ္ျဖစ္ေနခဲ့ရင္ အေၾကာင္းမဟုတ္ဘဲ နားထဲေရာက္ကာမွ ျပတ္သြားတယ္ဆိုရင္ေတာ့ စိုးရိမ္ရႏိုင္တာေၾကာင့္ ေနာက္တစ္ေန႔မွာ နား၊ႏွာေခါင္း၊လည္ေခ်ာင္းအထူးကုဆီ သြားျပဖို႔ ၫႊန္ၾကားခဲ့ပါတယ္။ ေနာက္ေန႔မွာေတာ့

အၿမီးကိုလုံးဝမေတြ႕ရဘဲ လူူနာရဲ႕နားေဝဒနာလည္း အရွင္းေပ်ာက္သြားၿပီျဖစ္တာေၾကာင့္ သူမလိုအလုပ္သင္ဆရာဝန္ေလးကိုလည္း အထက္ကဆရာဝန္ႀကီးေတြက ခ်ီးက်ဴးခဲ့ၾကတဲ့အတြက္ အရမ္းကိုဝမ္းသာမိပါတယ္လို႔ ေဖ့စ္ဘြတ္ခ္ မွာ ေရးထားပါေသးတယ္။

Unicode

ဘယ်အလုပ်မဆို ပထမဆုံးအလုပ်ဝင်တဲ့နေ့ဟာ သိပ်ကိုရင်ခုန်စိတ်လှုပ်ရှားဖွယ် ကောင်းလှပါတယ်။ အသက် ၂၅ နှစ်အရွယ် ဒေါက်တာမလေး Varanya Nganthavee ကတော့ ထိုင်းနိုင်ငံက ဘန်ကောက်ဆေးရုံမှာ ပထမဆုံးအလုပ်ဆင်းတဲ့နေ့မှာတင်ကို

တခြားသူများနဲ့မတူတဲ့ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာအဖြစ်အပျက်တစ်ခုနဲ့ ကြုံတွေ့ခဲ့ပြီး အဲဒီအဖြစ်အပျက်ကို သူမရဲ့ ဖေ့စ်ဘွတ်ခ်မှာ ပြန်လည်မျှဝေခဲ့ပါတယ်။ အလုပ်စဆင်းစာက ဒေါက်တာမလေးဟာ နားကိုက်ဝေဒနာခံစားနေရတဲ့ လူနာတစ်ဦးကို

စမ်းသပ်ရင်းဝေဒနာရဲ့ဇစ်မြစ်ကိုရှာဖွေနေခဲ့ပါတယ်။ ဆေးရုံသုံးဓာတ်မီးနဲ့ လူနာရဲ့နားထဲကို ထိုးကြည့်လိုက်တဲ့အခါမှာတော့ ဆရာဝန်ဖြစ်တဲ့သူမကိုတောင် ထိတ်လန့်သွားစေမယ့် မြင်ကွင်းတစ်ခုကနေပြီး ဆီးကြိုနေခဲ့ပါတယ်။ လူနာရဲ့နားထဲမှာ လှုပ်ရှားနေတဲ့

သတ္တဝါတစ်ကောင်ကို မြင်တွေ့ရခဲ့ပြီး သေချာကြည့်လိုက်တဲ့အခါမှာတော့ သတ္တဝါဟာတခြားမဟုတ်ဘဲ အိမ်တိုင်းလိုလိုမှာ တွေ့မြင်လေ့ရှိတဲ့ အိမ်မြှောင်ဖြစ်ပါတယ်။ အိမ်မြှောင်တစ်ကောင်လုံး နားထဲကိုဝင်အောင် ဘယ်လိုတွေခြေသံဖျောက်ခဲ့လဲတော့မသိပေမယ့်လို့

သေချာတာကတော့ လူူနာရဲ့နားထဲမှာရှိနေတဲ့ အိမ်မြှောင်ဟာ အသက်ရှင်နေဆဲဖြစ်ပြီး ဟိုဟိုဒီဒီလျှောက်သွားနေတာကြောင့် နားကိုက်သလိုလို၊ နာသလိုလိုခံစားနေခဲ့ရတာပါ။ ထိတ်လန့်နေလည်းပဲ သူမကိုအားကိုးပြီးလာခဲ့တဲ့ လူနာအတွက် Dr Nganthavee တစ်ယောက်

စိတ်အားတင်းခဲ့လိုက်ပါတယ်။ နောက်မှာတော့ နားထဲကို ပိုးသတ်ဆေးအစက်လေးတွေ ချပေးခဲ့ပြီး ရှိနေတဲ့အိမ်မြှောင်ကို ရဲရဲတင်းတင်းဆွဲထုတ်ပေးဖို့ စတင်ပြင်ဆင်ခဲ့ပါတော့တယ်။ အိမ်မြှောင်ကိုထုတ်ရာမှာလည်း နားအဝကနေဇာကနာသွင်းမှာမလို့ လန့်ပြီး နားစည်ရှိရာဖက်ဆီကို

ထိုးဝင်သွားမှာကိုလည်း Dr Nganthavee တစ်ယောက် စိုးရိမ်ရပြန်ပါသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ်နောက်ဆုံးမှာတော့ Dr Nganthavee ဟာ အိမ်မြှောင်ကို အောင်မြင်စွာ အပြင်ကို ဆွဲထုတ်လိုက်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့လည်း အပြင်ရောက်လာတဲ့အိမ်မြှောင်မှာ

အမြီးပြတ်နေခဲ့တာကြောင့် အရင်ကတည်းက အမြီးပြတ်ဖြစ်နေခဲ့ရင် အကြောင်းမဟုတ်ဘဲ နားထဲရောက်ကာမှ ပြတ်သွားတယ်ဆိုရင်တော့ စိုးရိမ်ရနိုင်တာကြောင့် နောက်တစ်နေ့မှာ နား၊နှာခေါင်း၊လည်ချောင်းအထူးကုဆီ သွားပြဖို့ ညွှန်ကြားခဲ့ပါတယ်။

နောက်နေ့မှာတော့ အမြီးကိုလုံးဝမတွေ့ရဘဲ လူူနာရဲ့နားဝေဒနာလည်း အရှင်းပျောက်သွားပြီဖြစ်တာကြောင့် သူမလိုအလုပ်သင်ဆရာဝန်လေးကိုလည်း အထက်ကဆရာဝန်ကြီးတွေက ချီးကျူးခဲ့ကြတဲ့အတွက် အရမ်းကိုဝမ်းသာမိပါတယ်လို့ ဖေ့စ်ဘွတ်ခ် မှာ ရေးထားပါသေးတယ်။