ပရိသတ်ကြီးရေနှိုင်းယှဉ်မြင့်မိုရ်ကတော့ မြန်မာ ရုပ်ရှင်ဇာတ်ကားပရိသတ်တွေမသိသူမရှိလောက်တဲ့ ဇာတ်ပို့ဇာတ်ရန်တစ်ယောက်ပါပဲနော်။ အနုပညာနယ်ပယ်မှာကျင်လည်နေတာ နှစ်အတော်ကြာခဲ့ပြီဖြစ်ပြီး ကျရာဇာတ်ကောင်တွကို

ကျွမ်းကျင်ပိုင်နိုင်လွန်းတဲ့ သူတစ်ယောက်ပါ။ ဟာသဖြစ်ဖြစ် အကြမ်းအရမ်းဖြစ်ဖြစ် မင်းသား မင်းသမီးတွေရဲ့ ဘေးကနေ ဝိုင်းဝန်းပံ့ပိုးပေးတတ်တဲ့ ဇာတ်ရံကောင်းတစ်ဦးလို့ဆိုရမှာပါ။ အခုလိုcovid ကာလမှာ

အိမ်မှာပဲ Stay Homeနေနေကြရတာကြောင့် အနုပညာရှင်တော်တော်များများ ဟာဆိုရင် ရိုက်ကူးရေးတွေရပ်နားထားပေမယ့် နှိုင်းယှဉ်မြင့်မိုရ်ကတော့ Online ဈေးရောင်းတဲ့အလုပ်ကိုလုပ်ကိုင်နေခဲ့တာဖြစ်ပြီး

အရမ်းကို ရောင်းကောင်းပြီး ရက်လွတ်တွေမရှိအောင် မအားမလပ်နဲ့ဖြစ်လောက်ထိပါပဲနော်။ အလှူအတန်းတွေလည်း ဆက်တိုက်လုပ်ကိုင်နိုင်ပြီး အိမ်အကြီးကြီး ကိုလည်းCovidကာလမှာဝယ်ယူနိုင်ခဲ့တာပါ။ ဒီနေ့မှာတော့”

အမရဲ့မျက်နှာကိုက ဘာမျက်မှန်တပ်တပ် လိုက်နေတာအဲဒါကြောင့် ကျွန်တော့မျက်မှန်တွေ ရောင်းကောင်းတာတဲ့ ကျွန်တော် Focus ဖြတ်ကြည့်ပြီးပီ အမတပ်ရင် အကုန်လှတယ် တဲ့…အဲ့တော့ မျက်မှန် PhotoShoot ရိုက်ကြမယ်အစ်မ

ကျွန်တော့ဆိုင်က မျက်မှနိတွေကို အမနဲ့ ရိုက်မယ်တဲ့….ကဲ…အဲ့တော့ရှားပါးလှတဲ့ 1လပိုင်းအတွက် နားရက်လေးတစ်ရက် ပါသွားပြန်ပီပေါ့ရှင်😁😁😁”ဆိုတဲ့စာလေးနဲ့အားလပ်ရက် နားချိန်လေးမှာတောင် ကြော်ငြ

ာရိုက်ဖို့ ကမ်းလှမ်းခံရကြောင်း ပာပြခဲ့တာပါ။ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်နော်။

Source : Nying Shin

Credit– CeleKhitThit