ပြည်ရွှေဆံတော်ဘုရားမွန်ကျောက်စာ-၁

ပြည်မြို့ဆိုတာ သရေခေတ္တရာပျူမြို့ဟောင်းကြီးနားမှာရှိပါတယ်။ သရေခေတ္တရာမြို့ဟာ အေဒီ ၉ ရာစုမှာ နန်ချောင်ကဝင်တိုက်လို့ ဒါမှမဟုတ် သဘာဝဘေးဒဏ်ကြောင့် ဒါမှမဟုတ်ကုန်းတွင်းကျနေလို့ ဒါမှမဟုတ် အခြားအကြောင်းတခုခုကြောင့်

ပျက်စီးတာ ဒါမှမဟုတ် မြို့သားတွေစွန့်ခွါကြပြီး ပြည်မြို့ကို အသစ်ပြန်တည်ကြတာဖြစ်ပါတယ်။ေ သရေခတ္တရာမြို့ဟာ အေန်ာရထာမင်း၊ က်န္စစ်သားမင်းတို့လက္ထက္မွာကောင်းကောင်းသိနေဆျဲဖစ္ပါတယ်။ ရွေးဟောင်းဘုရားတြေကို

သြားဖူးတာ၊ျပျုပင္တာတြေလုပ္ခဲ့ကြပါလိမ့္မယ်။ သေရေခတ္တရာဘောဘောကြီးဘုရားထာပနာတိုက္ထဲမွာ အေန်ာရထာမင်းကို ယ္တိုင္လက္နျဲ့ပုလုပ်သည် ဆိုတဲ့စာတမ်းပါတဲ့အုတ္ခြက္ဘုရားတြေကိုတြေ့ရတဲ့အတြက် ပုဂံအေန်ာရထာမင်းဟာ သေရေခတ္တရာကေ

ရွးဟောင်းဘုရာျးဖစ္တဲ့ ဘောဘောကြီးဘုရားကျိုပျုပင္ခဲ့တယ္ဆိုတာသိရပါတယ်။ က်န္စစ်သားကော်က္စာတြေအရ သူဟာ ဟိုးအရင္တဘဝက သေရေခတ္တရာကိုတည်ထောင္ခဲ့သျူဖစ္တယ္လို့ရေးထိုးလေ့ရွိပါတယ်။ ဒါကြောင့် သေရေခတ္တရာဟာ ရွေးအခါကထင်ရွာ

းကော််ကြားတဲ့ပ်ူ‌မြို့တော်ကြီျးဖစ္ခဲ့တာသိရပါတယ်။ ပုဂံမှာ‌ တွေ့ရတဲ့ပျူအုတ်ခွက်တွေ၊ ရာဇကုမာ ကျောက်စာလို‌ပျူ ကျောက်စာတွေအရပုဂံမှာပျူတွေရှိနေတာကျွန်တော်တို့သိပါတယ်။ ကျန်စစ်သားနန်းတည်ကျောက်စာအရ နန်းတည်အခမ်းအနားမှာ မြန်မာသီချင်း၊

မွန်သီချင်း၊ ပျူသီချင်းတွေပါဝင်‌တင်ဆက်တယ်လို့ပါတဲ့အတွက် ပုဂံမှာကျန်စစ်သားခေတ်အခါက ပျူလူမျိုးတွေအုံ နဲ့ကျင်းနဲ့ရှိနေတာသိနိုင်ပါတယ်။ ပုဂံမှာတောင်ပျူတွေအများကြီးရှိနေရင် သရေ‌ခေတ္တရာမြို့ဟောင်းပျက်လို့အသစ်ပြန်တည်တဲ့ပြည်မြို့မှာဆိုရင်

အားလုံးလောက် ဒါမှမဟုတ် အများစုဟာပျူလူမျိုးတွေဖြစ်မှာသေချာပါတယ်။ ပုဂံမှာကျန်စစ်သားမင်းမွန်လိုချည်းကျောက်စာရေးရတာက သူ့လက်ထက်မှာ မြန်မာစာဆိုတာစမ်းသပ် နေဆဲအခြေအနေလောက်သာရှိသေးပြီး စာတစောင်ပေတဖွဲ့ရေးဖို့အဆင်မြေ

ပသေးတာကြောင့်လည်းဖြစ်ပါတယ်။ ဒါ‌ပေမဲ့ပြည်မြို့ကပျူလူမျိုးတွေကတော့ မြန်မာတွေလိုမဟုတ်ပဲ စာပေအရေးအသားအခိုင်အမာရှိ‌ပြီးသားဖြစ်နေပါပြီ။ ဒါဆို ကျန်စစ်သားက ရွှေဆံတော်ဘုရားကျောက်စာတွေကို ဘာကြောင့် ပျူလိုမရေးပဲ မွန်လိုရေးရတာလဲ။

ဒီကျောက်စာတွေဟာဘယ်သူတွေဖတ်ဖို့ပါလဲ။ ဂျီအိတ်ခ်ျလုစ်က မြန်မာဘုရင်ဟာ ပျူမြို့တော်မှာ မွန်စာနဲ့ကြေငြာချက်ထုတ်တယ်လို့ပြောပါတယ်။ ဒါဟာဘာအကြောင်းကြောင့်ပါလဲ။ ဘာကြောင့်ဒီလိုဖြစ်ရတာပါလဲ။ ကျွန်တော့်ရဲ့အယူ

အဆကိုနောက်ထပ်တခါထပ်ရှင်းပြရရင် အေဒီ ၉ ရာစု ပျူနိုင်ငံ ဖျက်စီးခံရပြီး ကစဥ့်ကလျားဖြစ်နေချိန်မှာ မွန်စာပေယဉ်ကျေးမှုဟာ အထက်မြန်မာတခုလုံးကိုလွှမ်းမိုးသွားပါတယ်။ ဒီအကြောင်း ရှေးတရုတ် မန်ရှုကျမ်းကိုအချုပ်သဘော လောက်ကောက်နုတ်တင်ပြချင်ပါတယ်။

အေဒီ ၈၃၂ မှာ ပျူမြို့တော်ကိုတိုက်ခိုက်ဖျက်စီးပြီး သုံ့ပန်း ၃၀၀၀ လောက်ကိုဖမ်းသွားတယ်။ အေဒီ ၈၃၅ မှာ ပင်လယ်ကမ်းနားက မီချမ်းမြို့တော်ကို တိုက်ခိုက်ဖျက်စီးပြီး သုံ့ပန်း ၂၀၀၀-၃၀၀၀ လောက်ဖမ်းသွားတယ်။

ခွန်လွန်နိုင်ငံကိုတိုက်ရာမှာ ခွန်လွန်က ရေတံခါးတွေဖောက်ချလို နန်ချောင်တပ်တွေ ရေနစ်ကြရတယ်။ အများအပြားကိုခွန်လွန်ကဖမ်းစီးပြီး လက်ဖြတ်အပြစ်ပေးပြီး ပြန်လွှတ်လိုက်တယ်။

ပျူမြို့တော်- သရေခေတ္တရာ/ဟလင်း

မီချမ်းမြို့တော်- ပဲခူးတဝိုက်

ခွန်လွန်မြို့တော်- သထုံတဝိုက်

ဒီလိုယူဆပါတယ်။ သထုံဟာ နန်ချောင်ကိုအနိုင်ရပြီးတဲ့နောက် မီချမ်းနိုင်ငံခေါ် မြစ်ဝကျွန်းပေါ်ဒေသနဲ့ ပျူနိုင်ငံခေါ် အထက်မြန်မာဒေသတွေကို ဩဇာချဲ့ထွင်လိမ့်မယ်လို့ ယူဆရပါတယ်။ ဒါကြောင့် အေဒီ ၁၀ ရာစုလောက်မှာ

မွန်ဩဇာဟာတနိုင်ငံလုံးပြန့်နှံ့နေလောက်ပါပြီ။ အေဒီ ၁၁ ရာစု ပုဂံဘုရင်အနော်ရထာမင်းဟာ ရှမ်းပြည်မြောက်ပိုင်းမိုးမိတ်နဲ့ ချင်းတောင်နားကကလေးမြို့တွေမှာတောင် မွန်ဘာသာနဲ့ ‌အုတ်ခွက်စာတွေရေးထိုးနေပြီဆိုတာထေ

ာက်ချင့်ကြည့်ရင် ဒါဟာဖြစ်တန်စွမ်းများတယ်ဆိုတာတွေ့ရမှာဖြစ်ပါတယ်။ ဒါကြောင့်မို့ အဲဒီခေတ်အခါက တနိုင်ငံလုံးပညာတတ်၊လူကုံတန်အသိုင်းအဝိုင်းမှာ ပျူရော မြန်မာရော မွန်စာတတ်နေကြလိမ့်မယ်လို့ယူဆရပါတယ်။

ဒါကြောင့်မို့ ကျန်စစ်သားမင်းဟာ ရွှေဆံတော်ဘုရားကျောက်စာကို မွန်ဘာသာနဲ့ရေးထိုးခဲ့တာဖြစ်ပါတယ်။ ဒါဟာ အလှူကျောက်စာမဟုတ်ပါဘူး နိုင်ငံသားအားလုံးသိအောင်ရေးထိုးတဲ့ အမိန့်ပြန်တမ်းကျောက်စာဖြစ်ပါတယ်။ နေပြည်တော်မှာလဲမဟုတ်ပါဘူ

း နေပြည်တော်ပုဂံမှာဆိုရင် ဘုရင်က ပစားပေးတာကြောင့် မွန်စာနဲ့ရေးတယ်လို့ပြောနိုင်ပါလိမ့်မယ်။ ဒါဟာမွန်တွေကြီးစိုးတဲ့ဒေသလဲမဟုတ်ပါဘူး စာပေအရေးအသားအခိုင်အမာရှိပြီးသား ပျူလူမျိုးတွေကြီးစိုးတဲ့ဒေသဖြစ်ပါတယ်။ အကယ်၍

တနိုင်ငံလုံးမွန်လိုမတတ်ကြဘူးဆိုရင် ပျူဒေသမှာ မွန်- ပျူ နှစ်ဘာသာနဲ့ရေးထိုးရမှာဖြစ်ပါတယ်။ ဒါမှမဟုတ်ရင်လဲ အဲဒီခေတ်က ပညာတတ်တိုင်းနားလည်တဲ့ ပါဠိဘာသာနဲ့ရေးထိုးရမှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ပုဂံဘုရင်ပြန်တမ်းကျောက်စာကို ပျူဒေသမှာတောင်

မွန်ဘာသာနဲ့ရေးထိုးရတယ်ဆိုတာ အဲဒီမတိုင်မီ ကာလအတော်ကြာကတည်းက မွန်ဘာသာစကားဟာ ဒေသတိုင်းကိုရောက်နေနှင့်ပြီး အဲဒီခေတ်အခါက မူးကြီးမတ်ရာ၊နယ်စား၊ မြို့စားတိုင်း တတ်ကျွမ်းနေတဲ့ဘာသာစကားဖြစ်နေလို့သာ ဖြစ်ပါလိမ့်မယ်။ အခြားအကြောင်း ဘယ်လိုမှကြံဆလို့မရပါ။

#winBo