Zawgyi




Unicode

နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် တရားစွဲဆိုခံထားရသူ ဦးဝီရသူအား ရုံးထုတ်စစ်ဆေးပေးရန် အမျိုးရေးသမားများက ရန်ကုန်မြို့ အင်းစိန်ထောင်ရှေ့တွင် ယနေ့ (ဇန်နဝါရီ ၁၆) နံနက်ပိုင်းက ဆန္ဒဖော်ထုတ်ခဲ့ကြသည်။ အမျိုးသားရေးအမည်ခံ ရဟန်းနှင့် လူပုဂ္ဂိုလ် ၅၀ ခန့်က ဆန္ဒဖော်ထုတ်ခဲ့ကြခြင်းဖြစ်ပြီး

ရုန်းရင်းဆန်ခတ်ဖြစ်ပွားသဖြင့် ဆန္ဒဖော်ထုတ်ရာတွင် ပါဝင်သူ အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ အမျိုးသားရေးသမားများသည် ခွင့်ပြုချက်မရှိဘဲ ဆန္ဒဖော်ထုတ်ခဲ့ကြခြင်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့က ပြောသည်။

သတင်း – ချမ်းသာ/ Myanmar Now
ဓာတ်ပုံများ – စိုင်းဇော်/ Myanmar Now