ချစ်သူဆီက နောက်ဆုံးပေါ် iphone 12 Pro Max ကိုလက်ဆောင်ရရှိခဲ့တဲ့ အဆိုတော်အေသင်ချိုဆွေ

ပရိသတ်ကြီးရေ သရုပ်ဆောင်၊ အဆိုတော် အေသင်ချိုဆွေကတော့ စကားပြောပွင့်လင်းပြီး ဟန်ဆောင်မှုမရှိသူလေးမို့ ပရိသတ်တွေ အချစ်ပိုရသူလေးတစ်ယောက်ပါပဲ။ အေသင်ချိုဆွေက သမီးလေး Ivy ကို ရင်အုပ်မကွာစောင့်ရှောက်နေရင်းနဲ့ အနုပညာအလုပ်၊

စီးပွားရေးအလုပ်တွေကို လုပ်ကိုင်နေပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နေတဲ့ အမျိုးသမီးတစ်ယောက်ပါပဲ။ အချစ်ရေးနဲ့ ပက်သတ်ပြီးလည်း သူမအပေါ် ဂရုစိုက်ကြင်နာမှုတွေအပြည့်ပေးထားတဲ့ ချစ်သူကောင်းတစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ အေသင်ချိုဆွေက

သူမရဲ့ နေ့ရက်တိုင်းကို အပူအပင်ကင်းကင်းနဲ့ ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ ကြင်နာတတ်တဲ့အပြင် အရိပ်တကြည့်ကြည့်ချစ်တဲ့ ချစ်သူကောင်းတစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ အေသင်ချိုဆွေက ဒီတစ်ခေါက်မှာလည်း နောက်ဆုံးပေါ် iphone 12 Pro Max ကို

ချစ်သူဆီက လက်ဆောင်ရရှိခဲ့တာ တွေ့ရပါတယ်။ အေသင်ချိုဆွေက “ကိုကို့ရဲ့ စစ်မှန်တဲ့ အချစ်တွေနဲ့ အတူ စေတနာ မေတ္တာ တွေ ကိုပါ တပါတည်းအပြည့်အဝပေးအပ်ထားတဲ့အတွက် ကျေးဇူးတင်ပါတယ်ကိုကို။ ♥️♥️♥️ ကတိပေးပါတယ် တကယ်ဝိတ်ပြန်ချပြီး

လှလှလေးနေမယ်နော်။ 🥰🥰 Love you ko ko 😘😘” ဆိုပြီး ချစ်ရသူကို ကျေးဇူးတင်စကားလေးလည်း ပြောလာပါတယ်။ အေသင်ချိုဆွေကတော့ သူမအပေါ် အရမ်းချစ်ပြီး လိုလေသေးမရှိ ပြီးပြည့်စုံအောင်ထားတဲ့ ချစ်သူတစ်ယောက်ကို ပိုင်ဆိုင်ခွင့်ရရှိသွားပြီ ဖြစ်ပါတယ်။

ပရိသတ်ကြီးလည်း အချစ်ရေးမှာ သည်းသည်းလှုပ်အချစ်ခံရသူလေး အေသင့်ကို အားကျနေကြမှာ သေချာပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ချစ် ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်….။