Zawgyi

ပုဂံေ႐ႊစည္းခုံ ဘုရားပိုင္ သာသနာ့ နယ္ေျမ အတြ င္းတြင္ ပုဂံဘုရားဖူး လာတဲ့သူမ်ား တြက္ အခမဲ့တည္း ခိုေဆာင္မ်ား ထားရွိထားၿပီး ဧည့္သည္ အေယာက္ ၃၀၀ခန႔္ နားေန တည္းခိုႏိုင္သည္ဟု ေ႐ႊစည္းခုံဘုရား ေဂါပကအဖြဲ႕ထံက သိရသည္။

လာေရာက္ တည္းခိုခ်င္သူမ်ား အေနျဖင့္ ဘုရားဖူး သက္သက္ လာသည့္ ဧည့္သည္ မ်ားကိုသာ လ က္ခံၿပီး အဖြဲ႕လိုက္ လာေရာက္ တည္းခို သူမ်ား အေနျဖင့္ အဖြဲ႕ေခါင္းေဆာင္ (သို႔) အဖြဲ႕အတြင္းမွ တစ္ဦးဦး၏ မွတ္ ပုံတင္ တစ္ခုကိုသာ

ဧည့္ႀကိဳဌာနသို႔ ေပးထားရ သည္ဟု သိရသည္။ ထို႔ျပင္လာေရာက္ တည္းခိုသူ မ်ားအေန ျဖင့္ ၃ညအိပ္ ၄ ရက္သာ လက္ခံသည္ ဟုသိရသည္။ တည္းခိုေဆာင္ စုစုေပါင္း ၆ေဆာင္ရွိၿပီး တည္းခိုသူ မ်ားအေနျဖင့္ အရက္ေသစာ ေသာက္စား ျခင္းမျပဳရန္ႏွင့္

တည္းခိုခန္း အခေၾကးေငြအျဖစ္ အလႉေငြကို မိမိ သဒၵါေၾကးအျဖစ္ တတ္ႏိုင္သ ေလာက္ကိုသာ လႉဒါန္းႏိုင္သည္ ဟုသိရသည္။ “တခ်ိဳ႕အဖြဲ႕လိုက္ လာတယ္ အေယာက္ ၃၀ /၄၀ ေပါ့ ၿပီးလို႔ျပန္တဲ့အခါ တခ်ိဳ႕ ၂ေသာင္း/ ၃ေသာင္း လႉသြားၾကတာမ်ိဳး လည္းရွိတယ္။

တစ္ခ်ိဳ႕ ဘုရားဖူး တ ည္းခို သူေတြက လႉမသြားတာ မ်ိဳးေတြလည္း ရွိပါတယ္။ က်ေနာ္တို႔ ဆီကို တည္းခိုခ်င္ တယ္ဆိုရင္ လႉခ်င္ရင္လႉပါ မလႉခ်င္ရင္ လည္းရပါတယ္ ”ဟု ဧည့္ႀကိဳ တာဝန္ခံ ဦးစိုးလွေမာင္ ထံက သိရသည္။ ဧည့္သည္ အမ်ားဆုံး

ရက္မ်ားမွာ ဝါတြင္း အဖိတ္ ဥပုသ္ရက္ မ်ားျဖစ္ၿပီးေတာ့ ဝါေခါင္ လတြင္ ေတာင္ျပဳန္းပြဲႏွင့္ ေတာ္သလင္း လ ပုပၸါးပြဲ တို႔တြင္ ဧည့္သည္ အမ်ားဆုံး ျဖစ္သည္ဟု သိရသည္။ “ဧည့္သည္ ၂ဦး ၃ဦး လာရင္ေတာ့ ခုေနာက္ပိုင္း လက္မခံေတာ့ဘူး

ဘာလို႔လဲဆိုေတာ့ ၂ဦး /၃ဦး ေလာက္နဲ႔ သူတို႔ကို အခန္းမေပး ႏိုင္ဘူးေလ အခန္းအပို မရွိတဲ့အခါ ေနာက္ဖြဲ႕နဲ႔ အဖြဲ႕ခ်င္ေပါင္း ထားေပးရင္ ျပသနာေတြ တတ္လာ ႏိုင္လို႔ပါ”ဟု ဦးစိုးလွေမာင္ ကေျပာသည္။ ျမန္မာသကၠရာဇ္ ၁၃၂၀ ခုႏွစ္ခန႔္ ကတည္းက ထိုအေဆာင္မ်ား သ ည္ ဇရပ္ပုံစံျဖစ္ၿပီး

လြန္ခဲ့သည့္ ၂၅ ႏွစ္ခန႔္က အ ခန္းမ်ားဖြဲ႕ ၍ ေ႐ႊစည္းခုံ ဘုရားေဂါပက အဖြဲ႕မွ တံခါးမ်ား တပ္ဆင္ ထားျခင္းမ်ား ျပဳလုပ္ထားသည္ဟု သိရသည္။ “အခမဲ့ တည္းခို ေဆာင္ဆိုတဲ့ ဆိုင္းပုဒ္ကိုေတာ့ မႏွစ္ေလးကမွ အေဆာင္ေတြမွ တပ္ထားခဲ့တာပါ”ဟု ဧည့္ႀကိဳ တစ္ဦးထံကသိရသည္။

crd;ဂျစ်တူး

Unicode

ပုဂံရွှေစည်းခုံ ဘုရားပိုင် သာသနာ့ နယ်မြေ အတွ င်းတွင် ပုဂံဘုရားဖူး လာတဲ့သူများ တွက် အခမဲ့တည်း ခိုဆောင်များ ထားရှိထားပြီး ဧည့်သည် အယောက် ၃၀၀ခန့် နားနေ တည်းခိုနိုင်သည်ဟု ရွှေစည်းခုံဘုရား ဂေါပကအဖွဲ့ထံက သိရသည်။ လာရောက် တည်းခိုချင်သူများ အနေဖြင့်

ဘုရားဖူး သက်သက် လာသည့် ဧည့်သည် များကိုသာ လ က်ခံပြီး အဖွဲ့လိုက် လာရောက် တည်းခို သူများ အနေဖြင့် အဖွဲ့ခေါင်းဆောင် (သို့) အဖွဲ့အတွင်းမှ တစ်ဦးဦး၏ မှတ် ပုံတင် တစ်ခုကိုသာ ဧည့်ကြိုဌာနသို့ ပေးထားရ သည်ဟု သိရသည်။ ထို့ပြင်လာရောက်

တည်းခိုသူ များအနေ ဖြင့် ၃ညအိပ် ၄ ရက်သာ လက်ခံသည် ဟုသိရသည်။ တည်းခိုဆောင် စုစုပေါင်း ၆ဆောင်ရှိပြီး တည်းခိုသူ များအနေဖြင့် အရက်သေစာ သောက်စား ခြင်းမပြုရန်နှင့် တည်းခိုခန်း အခကြေးငွေအဖြစ် အလှူငွေကို မိမိ သဒ္ဒါကြေးအဖြစ် တတ်နိုင်သ လောက်ကိုသာ လှူဒါန်းနိုင်သည် ဟုသိရသည်။

“တချို့အဖွဲ့လိုက် လာတယ် အယောက် ၃၀ /၄၀ ပေါ့ ပြီးလို့ပြန်တဲ့အခါ တချို့ ၂သောင်း/ ၃သောင်း လှူသွားကြတာမျိုး လည်းရှိတယ်။ တစ်ချို့ ဘုရားဖူး တ ည်းခို သူတွေက လှူမသွားတာ မျိုးတွေလည်း ရှိပါတယ်။ ကျနော်တို့ ဆီကို တည်းခိုချင် တယ်ဆိုရင် လှူချင်ရင်လှူပါ မလှူချင်ရင် လည်းရပါတယ် ”ဟု

ဧည့်ကြို တာဝန်ခံ ဦးစိုးလှမောင် ထံက သိရသည်။ ဧည့်သည် အများဆုံး ရက်များမှာ ဝါတွင်း အဖိတ် ဥပုသ်ရက် များဖြစ်ပြီးတော့ ဝါခေါင် လတွင် တောင်ပြုန်းပွဲနှင့် တော်သလင်း လ ပုပ္ပါးပွဲ တို့တွင် ဧည့်သည် အများဆုံး ဖြစ်သည်ဟု သိရသည်။ “ဧည့်သည် ၂ဦး ၃ဦး လာရင်တော့

ခုနောက်ပိုင်း လက်မခံတော့ဘူး ဘာလို့လဲဆိုတော့ ၂ဦး /၃ဦး လောက်နဲ့ သူတို့ကို အခန်းမပေး နိုင်ဘူးလေ အခန်းအပို မရှိတဲ့အခါ နောက်ဖွဲ့နဲ့ အဖွဲ့ချင်ပေါင်း ထားပေးရင် ပြသနာတွေ တတ်လာ နိုင်လို့ပါ”ဟု ဦးစိုးလှမောင် ကပြောသည်။ မြန်မာသက္ကရာဇ် ၁၃၂၀ ခုနှစ်ခန့် ကတည်းက

ထိုအဆောင်များ သ ည် ဇရပ်ပုံစံဖြစ်ပြီး လွန်ခဲ့သည့် ၂၅ နှစ်ခန့်က အ ခန်းများဖွဲ့ ၍ ရွှေစည်းခုံ ဘုရားဂေါပက အဖွဲ့မှ တံခါးများ တပ်ဆင် ထားခြင်းများ ပြုလုပ်ထားသည်ဟု သိရသည်။ “အခမဲ့ တည်းခို ဆောင်ဆိုတဲ့ ဆိုင်းပုဒ်ကိုတော့ မနှစ်လေးကမှ အဆောင်တွေမှ တပ်ထားခဲ့တာပါ”ဟု ဧည့်ကြို တစ်ဦးထံကသိရသည်။

crd;ဂျစ်တူး