ကေလးမ်ားအတြက္ ေၾကာက္စရာ မီးရထားပိုးေကာင္၏ အဆိပ္

Zawgyi

ကေလးငယ္ရွိေသာအိမ္မ်ားသတိထားရမည့္မီးရထားပိုးေကာင္အေၾကာင္းသိေစရန္် ဖစၸဳံမြာ – ( ကေလးရဲ႕မိခင္ေျပာျပခ်က္အရ ) ေက်ာင္းပိတ္ရက္မွာ ေန႔ခင္းကေလးကိုသိပ္ထားပါတယ္။ ကေလးအိပ္ရာမွႏိုးလာေတာ့ လည္ပင္းမွာမည္းမည္းႀကီးအကြက္ေတြ႕လိုက္ရတယ္။

ကေလးရဲ႕ေခါင္းအုံးကိုၾကည့္လိုက္ေတာ့ ေသေနတဲ့မီးရထားပိုးေကာင္ကိုေတြ႕ လိုက္ရတယ္။ ကေလးကအိပ္ေပ်ာ္ေနတာမသိပဲေခါင္းအုံးေပၚတက္လာတဲ့မီးရထားပိုးေကာင္ ကိုဖိအိပ္မိရာမွ အဆိပ္ရည္ထြက္လာၿပီး ကေလး ရဲ႕အေရျပားထဲစိမ့္ဝင္သြားၿပီးပုံမွာျမင္တဲ့အတိုင္း

မည္းလာပါတယ္လို႔ ကေလးရဲ႕မိခင္ေျပာျပပါတယ္ရွင္… ဒါေၾကာင့္ကေလးေတြမအိပ္ခင္ အိပ္ရာကိုခါ ၿပီးအိပ္ရာေဘးပတ္ဝန္းက်င္ကို ေသခ်ာဂ႐ုစိုက္ေစလိုပါတယ္။ စျဖစ္တဲ့အခ်ိန္မွစၿပီး ေပ်ာက္ကင္းသည္အထိ တစ္ပတ္ကို ၁ပုံစီ႐ိုက္ထားပါတယ္။ ေအာက္တိုဘာလ ၂၁ရက္ ေန႔ကစျဖစ္တဲ့အခ်ိန္က႐ိုက္ထားၿပီး

ဒီဇင္ဘာလ ၇ ရက္ ေန႔ထိ႐ိုက္ထားေသာပုံေတြ ျဖစ္ပါတယ္ရွင္… ကေလးကကြၽန္မရဲ႕တပည့္ေလးပါ။ ကေလးရဲ႕မိခင္ကိုခြင့္ေတာင္းၿပီး အျခားေသာ ကေလးမ်ားမျဖစ္ေအာင္ သတိထားဖို႔တင္ေပး လိုက္ပါတယ္ရွင္… ကေလးငယ္မ်ားအားလုံး ေဘးအႏၲရာယ္ကင္းၾကပါေစ

ေစတနာျဖင့္

#Crd

ကလေးငယ်ရှိသောအိမ်များသတိထားရမည့်မီးရထားပိုးကောင်အကြောင်းသိစေရန်ျ ဖစ္ပုံမွာ – ( ကလေးရဲ့မိခင်ပြောပြချက်အရ ) ကျောင်းပိတ်ရက်မှာ နေ့ခင်းကလေးကိုသိပ်ထားပါတယ်။ ကလေးအိပ်ရာမှနိုးလာတော့ လည်ပင်းမှာမည်းမည်းကြီးအကွက်တွေ့လိုက်ရတယ်။

ကလေးရဲ့ခေါင်းအုံးကိုကြည့်လိုက်တော့ သေနေတဲ့မီးရထားပိုးကောင်ကိုတွေ့ လိုက်ရတယ်။ ကလေးကအိပ်ပျော်နေတာမသိပဲခေါင်းအုံးပေါ်တက်လာတဲ့မီးရထားပိုးကောင် ကိုဖိအိပ်မိရာမှ အဆိပ်ရည်ထွက်လာပြီး ကလေး ရဲ့အရေပြားထဲစိမ့်ဝင်သွားပြီးပုံမှာမြင်တဲ့အတိုင်း မည်းလာပါတယ်လို့

ကလေးရဲ့မိခင်ပြောပြပါတယ်ရှင်… ဒါကြောင့်ကလေးတွေမအိပ်ခင် အိပ်ရာကိုခါ ပြီးအိပ်ရာဘေးပတ်ဝန်းကျင်ကို သေချာဂရုစိုက်စေလိုပါတယ်။ စဖြစ်တဲ့အချိန်မှစပြီး ပျောက်ကင်းသည်အထိ တစ်ပတ်ကို ၁ပုံစီရိုက်ထားပါတယ်။ အောက်တိုဘာလ ၂၁ရက် နေ့ကစဖြစ်တဲ့အချိန်ကရိုက်ထားပြီး

ဒီဇင်ဘာလ ၇ ရက် နေ့ထိရိုက်ထားသောပုံတွေ ဖြစ်ပါတယ်ရှင်… ကလေးကကျွန်မရဲ့တပည့်လေးပါ။ ကလေးရဲ့မိခင်ကိုခွင့်တောင်းပြီး အခြားသော ကလေးများမဖြစ်အောင် သတိထားဖို့တင်ပေး လိုက်ပါတယ်ရှင်… ကလေးငယ်များအားလုံး ဘေးအန္တရာယ်ကင်းကြပါစေ

စေတနာဖြင့်

#Crd