Sun. Nov 28th, 2021

Zawgyi

အာရွအႀကီးဆုံးျပတိုက္အျဖစ္ ရည္ မွန္းထားေသာ ျမန္မာႏိုင္ငံ၏ ပထမဆုံး ပုဂၢလိကေရွးေဟာင္းျပတိုက္ ေဇကမာၻ Museum ကို ေဖေဖာ္ဝါရီလ ၁ ရက္တြင္ ဖြင့္လွစ္မည္ျဖစ္ေၾကာင္း သိရသည္။ အဆိုပါျပတိုက္ႀကီးကို ရန္ကုန္တိုင္း ေဒသႀကီး

မဂၤလာဒုံၿမိဳ႕နယ္ မဂၤလာဒုံ ေဂါက္ကြင္းေရွ႕ ေျမ ၅ ဧကေပၚတြင္ စတုရန္းေပ ၁၆၀၀၀၀ က်ယ္ဝန္းသည့္ ေလးထပ္အေဆာက္အအုံအျဖစ္ ေအမရိ ကန္ေဒၚလာ ၁၀ သန္းခန႔္ သုံးစြဲတည္ ေဆာက္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

ျပတိုက္အတြင္း ကုန္းေနေရေန သတၱဝါမ်ား၏ ေမး႐ိုး၊ ၾသား၊ ဦးေခါင္းခြံ၊ ေျခ၊ လက္၊ အ႐ိုး၊ မစင္စသည့္ ေက်ာက္ ျဖစ္႐ုပ္ႂကြင္းပစၥည္းမ်ိဳးစုံ၊ ႏွစ္သန္း ၁၁၀ သက္တမ္းရွိ အင္းဆက္မ်ိဳးႏြယ္စုပါဝင္ ေသာ ျမန္မာ့ပယင္းတြင္းထြက္မ်ား၊

Sivapithecus မ်ိဳးႏြယ္စုဝင္ ကမာၻ႔ရွားပါး လူတူပ႐ိုင္းမိတ္ ေမး႐ိုးႏွင့္လက္ေမာင္း ႐ိုးမ္ား၊ ႏွစ္သန္း ၃၈၀ သက္တမ္းရွိ Trilobite ေက်ာက္ျဖစ္႐ုပ္ႂကြင္းမ်ား၊ သံေခတ္က လူေသအေလာင္းကို ျမႇဳပ္ႏွံမႈ မ္ား၊ ေက်ာက္ေခတ္၊

သံေခတ္ ေရွး ေဟာင္းလက္နက္ကိရိယာမ်ား ၊ ေၾကး ေခတ္၊ သုဝဏၰဘူမိေခတ္၊ ပ်ဴေခတ္၊ ဟန္လင္းေခတ္ စသည့္ ေခတ္အဆက္ ဆက္ပစၥည္းမ်ား၊ ယြန္းထည္ပစၥည္း အ မ်ိဳးမ်ိဳး စသည္တို႔ကိုၾကည့္ရႈႏိုင္မည္ျဖစ္ ေၾကာင္း သိရသည္။

ယင္းျပတိုက္တြင္ျပသမည့္ ေရွး ေဟာင္းပစၥည္းမ်ားမွာ ကမာၻ႔ရွားပါးပစၥည္း မ်ားပါဝင္ၿပီး အမ်ိဳးအမည္လည္း အလြန္ မ်ားျပားေၾကာင္း၊ ယင္းေၾကာင့္ သာသနာ ေရးႏွင့္ ယဥ္ေက်းမႈဝန္ႀကီးဌာနမွစစ္ေဆး ၍ မွတ္ပုံတင္ထားၿပီးလည္းျဖစ္ကာ

သမိုင္းတန္ဖိုးႀကီးမားသည့္ ျပတိုက္ႀကီးျဖစ္ ေၾကာင္း သာသနာေရးႏွင့္ ယဥ္ေက်းမႈဝန္ ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး သူရဦးေအာင္ကိုက ေျပာၾကားထားသည္။ ေဇကမာၻျပတိုက္တြင္ ေရွးဦးဆင္(၅)မ်ိဳး၏ ေက်ာက္ျဖစ္႐ုပ္ႂကြင္းမ်ားျပခန္း၊

ကမာၻဦးသတၱဝါမ်ား၏ ေက်ာက္ျဖစ္႐ုပ္ ႂကြင္းမ်ားျပခန္း၊ ယဥ္ေက်းမႈအေမြအႏွစ္ ျမန္မာမႈအႏုလက္ရာပစၥည္းမ်ားျပခန္း သံ ေခတ္အေလာင္းျမႇဳပ္ႏွံမႈျပခန္း၊ ပယင္းျပ ခန္း၊ ႏွစ္သန္းေပါင္းမ်ားစြာက လိပ္ ေက်ာက္ျဖစ္႐ုပ္ႂကြင္းျပခန္း၊

ယြန္းထည္အ မ်ိဳးမ်ိဳးျပခန္း၊ ေရွးေဟာင္းေ႐ႊေက်ာင္းျပ ခန္း၊ ပုဂံေခတ္အႏုပညာလက္ရာျပခန္း စသည္တို႔ကို ကနဦး ဖြင့္လွစ္ျပသမည္ ျဖစ္ေၾကာင္း သိရသည္။ ျပတိုက္တြင္ သမိုင္းမတင္မီေခတ္မွ ေက်ာက္၊ ေၾကး၊ သံ၊ ပ်ဴ၊ ပုဂံ၊ ပင္းယ၊

အင္းဝ စေသာေခတ္အဆက္ဆက္မွ ကို လိုနီေခတ္အထိ လူ႔အသုံးအေဆာင္မ်ား ျဖစ္သည့္ လက္နက္၊ အိုးခြက္-ပုတီး-ကိုးကြယ္ယုံၾကည္မႈျပခန္းမ်ား၊ ျမန္မာမႈ လက္ရာပန္းခ်ီ-ပန္းပု-႐ုပ္လုံး ႐ုပ္ႂကြ ပန္း(၁၀)မ်ိဳးအတတ္ျပခန္းမ်ားလည္း ပါဝင္ေၾကာင္း သိရသည္။

#Crd

Unicode

အာရှအကြီးဆုံးပြတိုက်အဖြစ် ရည် မှန်းထားသော မြန်မာနိုင်ငံ၏ ပထမဆုံး ပုဂ္ဂလိကရှေးဟောင်းပြတိုက် ဇေကမ္ဘာ Museum ကို ဖေဖော်ဝါရီလ ၁ ရက်တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါပြတိုက်ကြီးကို ရန်ကုန်တိုင်း ဒေသကြီး မင်္ဂလာဒုံမြို့နယ် မင်္ဂလာဒုံ

ဂေါက်ကွင်းရှေ့ မြေ ၅ ဧကပေါ်တွင် စတုရန်းပေ ၁၆၀၀၀၀ ကျယ်ဝန်းသည့် လေးထပ်အဆောက်အအုံအဖြစ် အေမရိ ကန်ဒေါ်လာ ၁၀ သန်းခန့် သုံးစွဲတည် ဆောက်နေခြင်းဖြစ်ကြောင်း သိရသည်။ ပြတိုက်အတွင်း ကုန်းနေရေနေ သတ္တဝါများ၏ မေးရိုး၊ သြား၊ ဦးခေါင်းခွံ၊ ခြေ၊ လက်၊ အရိုး၊ မစင်စသည့်

ကျောက် ဖြစ်ရုပ်ကြွင်းပစ္စည်းမျိုးစုံ၊ နှစ်သန်း ၁၁၀ သက်တမ်းရှိ အင်းဆက်မျိုးနွယ်စုပါဝင် သော မြန်မာ့ပယင်းတွင်းထွက်များ၊ Sivapithecus မျိုးနွယ်စုဝင် ကမ္ဘာ့ရှားပါး လူတူပရိုင်းမိတ် မေးရိုးနှင့်လက်မောင်း ရိုးမ်ား၊ နှစ်သန်း ၃၈၀ သက်တမ်းရှိ Trilobite ကျောက်ဖြစ်ရုပ်ကြွင်းများ၊

သံခေတ်က လူသေအလောင်းကို မြှုပ်နှံမှု မ်ား၊ ကျောက်ခေတ်၊ သံခေတ် ရှေး ဟောင်းလက်နက်ကိရိယာများ ၊ ကြေး ခေတ်၊ သုဝဏ္ဏဘူမိခေတ်၊ ပျူခေတ်၊ ဟန်လင်းခေတ် စသည့် ခေတ်အဆက် ဆက်ပစ္စည်းများ၊ ယွန်းထည်ပစ္စည်း အ မျိုးမျိုး စသည်တို့ကိုကြည့်ရှုနိုင်မည်ဖြစ် ကြောင်း သိရသည်။

ယင်းပြတိုက်တွင်ပြသမည့် ရှေး ဟောင်းပစ္စည်းများမှာ ကမ္ဘာ့ရှားပါးပစ္စည်း များပါဝင်ပြီး အမျိုးအမည်လည်း အလွန် များပြားကြောင်း၊ ယင်းကြောင့် သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှစစ်ဆေး ၍ မှတ်ပုံတင်ထားပြီးလည်းဖြစ်ကာ သမိုင်းတန်ဖိုးကြီးမားသည့် ပြတိုက်ကြီးဖြစ် ကြောင်း

သာသနာရေးနှင့် ယဉ်ကျေးမှုဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောကြားထားသည်။ ဇေကမ္ဘာပြတိုက်တွင် ရှေးဦးဆင်(၅)မျိုး၏ ကျောက်ဖြစ်ရုပ်ကြွင်းများပြခန်း၊ ကမ္ဘာဦးသတ္တဝါများ၏ ကျောက်ဖြစ်ရုပ် ကြွင်းများပြခန်း၊ ယဉ်ကျေးမှုအမွေအနှစ် မြန်မာမှုအနုလက်ရာပစ္စည်းများပြခန်း

သံ ခေတ်အလောင်းမြှုပ်နှံမှုပြခန်း၊ ပယင်းပြ ခန်း၊ နှစ်သန်းပေါင်းများစွာက လိပ် ကျောက်ဖြစ်ရုပ်ကြွင်းပြခန်း၊ ယွန်းထည်အ မျိုးမျိုးပြခန်း၊ ရှေးဟောင်းရွှေကျောင်းပြ ခန်း၊ ပုဂံခေတ်အနုပညာလက်ရာပြခန်း စသည်တို့ကို ကနဦး ဖွင့်လှစ်ပြသမည် ဖြစ်ကြောင်း သိရသည်။

ပြတိုက်တွင် သမိုင်းမတင်မီခေတ်မှ ကျောက်၊ ကြေး၊ သံ၊ ပျူ၊ ပုဂံ၊ ပင်းယ၊ အင်းဝ စသောခေတ်အဆက်ဆက်မှ ကို လိုနီခေတ်အထိ လူ့အသုံးအဆောင်များ ဖြစ်သည့် လက်နက်၊ အိုးခွက်-ပုတီး-ကိုးကွယ်ယုံကြည်မှုပြခန်းများ၊ မြန်မာမှု လက်ရာပန်းချီ-ပန်းပု-ရုပ်လုံး ရုပ်ကြွ ပန်း(၁၀)မျိုးအတတ်ပြခန်းများလည်း ပါဝင်ကြောင်း သိရသည်။

#Crd