Zawgyi

ၾသစေတးလ်ႏိုင္ငံ Queensland က အမ်ိဳးသမီးတစ္ဦးဟာ မုန္တိုင္းက်ေနစဥ္အတြင္းမွာ အသက္အႏၲရာယ္ကိုမမႈဘဲ ေရစီးထဲေမ်ာပါလာတဲ့ ဘီယာစည္ပိုင္းကို ေရထဲဆင္းယူခဲ့တာေၾကာင့္ သတင္းရဲ႕ေခါင္းစီးပိုင္းမွာ ပါသြားခဲ့ပါတယ္။

ထိုအမ်ိဳသမီးရဲ႕ ထူးျခားတဲ့အျပဳအမူကို ဓာတ္ပုံေတြနဲ႔ ဗီဒီယိုေတြ႐ိုက္ၿပီး လူမႈကြန္ယက္ေပၚကို တင္လိုက္တဲ့အခ်ိန္မွာေတာ့ အင္တာနက္ေပၚမွာ ေရပန္းစားသြားခဲ့ပါတယ္။ သတင္းမ်ားရဲ႕အဆိုအရ New South Wales နဲ႔ Queensland ေဒသေတြမွာ

ေလျပင္းမ်ားတိုက္ခတ္ၿပီး မိုးႀကီးေရလွ်ံမႈေတြ ျဖစ္ေပၚခဲ့ပါတယ္။ ဒါေပမဲ့လည္း အဆိုပါဆိုး႐ြားတဲ့ရာသီဥတုဟာ ထိုအမ်ိဳးသမီးရဲ႕ ဘီယာစည္ပိုင္းကို ေရထဲဆင္းယူတဲ့စြန္႔စားျခင္းကိုေတာ့ ရပ္တန႔္ႏိုင္ျခင္းမရွိခဲ့ပါဘူး။ 7news သတင္းဌာနရဲ႕

သတင္းေထာက္တစ္ေယာက္ဟာ ထိုအမ်ိဳးသမီးကို ျမင္ေတြ႕ခဲ့ၿပီး ဗီဒီယို႐ိုက္ကူးခဲ့ပါတယ္။ ထိုအမ်ိဳးသမီးဟာ သမုဒၵရာထဲစီးေမ်ာသြားတဲ့ ဘီယာစည္ပိုင္းကိုဆင္းယူရင္း ေရစီးၾကမ္းတာေၾကာင့္ အႏၲရာယ္လည္းမ်ားခဲ့ပါတယ္။ ဒါေပမဲ့လည္း

သူမဟာ ကံေကာင္းစြာနဲ႔ပဲ သူမရဲ႕ ဘီယာစည္ပိုင္းကို ဆယ္ယူတဲ့ျဖစ္စဥ္ဟာ ေအာင္ျမင္သြားခဲ့ပါတယ္။ သတင္းေထာက္က ထိုအမ်ိဳးသမီးကို ေမးျမန္းခဲ့ရာမွာေတာ့ ” သမုဒၵရာႀကီးဟာ ဘယ္အရာနဲ႔မွ မတူပါဘူး။ ႀကီးက်ယ္ခန္းနားလြန္းပါတယ္။ ”

လို႔ ေျဖၾကားသြားခဲ့ပါတယ္။ အင္တာနက္ေပၚမွာေတာ့ လူမႈကြန္ယက္အသုံးျပဳသူမ်ားဟာ သူမရဲ႕လုပ္ရပ္အေပၚကို ထင္ျမင္ခ်က္အမ်ိဳးမ်ိဳးေပးခဲ့ၾကပါတယ္။ အမ်ားက သူမရဲ႕လုပ္ရပ္ကို ရယ္စရာအျဖစ္ ေျပာဆိုခဲ့ၾကေပမယ့္

အခ်ိဳ႕သူေတြကေတာ့ အသက္အႏၲရာယ္ရွိတဲ့အတြက္ အဓိပၸာယ္မရွိတဲ့ စြန္႔စားျခင္းပါပဲလို႔ မွတ္ခ်က္ေပးခဲ့ၾကပါတယ္။ ေရစီးထဲေမ်ာပါလာတဲ့ ဘီယာစည္ပိုင္းကို ခုန္ဆင္းၿပီး ဆယ္ယူခဲ့ပုံ႐ုပ္သံ

Unicode

သြစတေးလျနိုင်ငံ Queensland က အမျိုးသမီးတစ်ဦးဟာ မုန်တိုင်းကျနေစဥ်အတွင်းမှာ အသက်အန္တရာယ်ကိုမမှုဘဲ ရေစီးထဲမျောပါလာတဲ့ ဘီယာစည်ပိုင်းကို ရေထဲဆင်းယူခဲ့တာကြောင့် သတင်းရဲ့ခေါင်းစီးပိုင်းမှာ ပါသွားခဲ့ပါတယ်။

ထိုအမျိုသမီးရဲ့ ထူးခြားတဲ့အပြုအမူကို ဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေရိုက်ပြီး လူမှုကွန်ယက်ပေါ်ကို တင်လိုက်တဲ့အချိန်မှာတော့ အင်တာနက်ပေါ်မှာ ရေပန်းစားသွားခဲ့ပါတယ်။ သတင်းများရဲ့အဆိုအရ New South Wales နဲ့ Queensland

ဒေသတွေမှာ လေပြင်းများတိုက်ခတ်ပြီး မိုးကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း အဆိုပါဆိုးရွားတဲ့ရာသီဥတုဟာ ထိုအမျိုးသမီးရဲ့ ဘီယာစည်ပိုင်းကို ရေထဲဆင်းယူတဲ့စွန့်စားခြင်းကိုတော့ ရပ်တန့်နိုင်ခြင်းမရှိခဲ့ပါဘူး။ 7news သတင်းဌာနရဲ့

သတင်းထောက်တစ်ယောက်ဟာ ထိုအမျိုးသမီးကို မြင်တွေ့ခဲ့ပြီး ဗီဒီယိုရိုက်ကူးခဲ့ပါတယ်။ ထိုအမျိုးသမီးဟာ သမုဒ္ဒရာထဲစီးမျောသွားတဲ့ ဘီယာစည်ပိုင်းကိုဆင်းယူရင်း ရေစီးကြမ်းတာကြောင့် အန္တရာယ်လည်းများခဲ့ပါတယ်။ ဒါပေမဲ့လည်း သူမဟာ ကံကောင်းစွာနဲ့ပဲ

သူမရဲ့ ဘီယာစည်ပိုင်းကို ဆယ်ယူတဲ့ဖြစ်စဥ်ဟာ အောင်မြင်သွားခဲ့ပါတယ်။ သတင်းထောက်က ထိုအမျိုးသမီးကို မေးမြန်းခဲ့ရာမှာတော့ ” သမုဒ္ဒရာကြီးဟာ ဘယ်အရာနဲ့မှ မတူပါဘူး။ ကြီးကျယ်ခန်းနားလွန်းပါတယ်။ ” လို့ ဖြေကြားသွားခဲ့ပါတယ်။

အင်တာနက်ပေါ်မှာတော့ လူမှုကွန်ယက်အသုံးပြုသူများဟာ သူမရဲ့လုပ်ရပ်အပေါ်ကို ထင်မြင်ချက်အမျိုးမျိုးပေးခဲ့ကြပါတယ်။ အများက သူမရဲ့လုပ်ရပ်ကို ရယ်စရာအဖြစ် ပြောဆိုခဲ့ကြပေမယ့် အချို့သူတွေကတော့ အသက်အန္တရာယ်ရှိတဲ့အတွက် အဓိပ္ပာယ်မရှိတဲ့ စွန့်စားခြင်းပါပဲလို့ မှတ်ချက်ပေးခဲ့ကြပါတယ်။ ရေစီးထဲမျောပါလာတဲ့ ဘီယာစည်ပိုင်းကို ခုန်ဆင်းပြီး ဆယ်ယူခဲ့ပုံရုပ်သံ