Zawgyi






Unicode

ကျွန်တော်တို့ရှမ်းပြည်နယ်ရဲ့အလှအပတွေထဲကတစ်ခုဖြစ်တဲ့ ဟိုက်ပါရေတံခွန်…..ဟိုက်ပါရေတံခွန်ကြီးဟာ ရှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့ အနောက်ဘက်မှာတည်ရှိတဲ့ ဟိုက်ပါကျေးရွာလေးမှာတည်ရှိပါတယ်။ ဒါကြောင့်မို့ ဟိုက်ပါရေတံခွန်လို့ခေါ်ဆိုခြင်းဖြစ်ပါတယ်။ ပန်ချောင်းပေါ်မှာတည်ရှိပြီး အဆင့်ဆင့် အသွယ်သွယ် ရေတံခွန်များဖျာကျနေတာမို့

အရှေ့တောင်အာရှတခွင်လုံးမှာ အလှပဆုံးရေတံခွန်လို့တောင်တင်စားပြောဆိုသတ်မှတ်ကြပါတယ်….ဖြေအနားယူလို့ကောင်းတဲ့နေရာလေးတစ်ခုလဲဖြစ်ပါတယ် ရှု့မဆုံးနိုင်တဲ့အလှအပများစွာနဲ့ ဓါတ်ပုံလေးတွေရိုက်ကြရင်း လှေကလေးစီးရ ရေတံခွန်ကြီးရဲ့အလှတွေကိုခံစားနိုင်ပါတယ်…. ဟိုက်ပါရေတံခွန် ကိုတောင်ကြီးကနေကားဖြင့်

၆ နာရီကျော်လောက်သွားရပါတယ် မိုင်းပွန် ပင်လုံ လဲချား မိုင်းနောင် မိုင်းရှူးမြို့မရောက္မှီဟိုက်ပါရွာကို ၆မိုင်ခန့်ဝင်ပြီးသွားရပါတယ်။ ချစ်သူလေးနဲ့လား သူငယ်ချင်းတွေနဲ့လား မိသားစုလေးနဲ့လား ဟိုက်ပါရေတံခွန် ရဲ့သဘာဝအလှလေးတွေနဲ့အမှတ်တရဓါတ်ဖမ်းရင်းလာရောက်လည်ပတ်နိုင်စေရန်အလှအပများစွာနဲ့အတူ ဖော်ပြပေးလိုက်ပါတယ်ဗျာ…

#Crd_Photo Via-တောင်ကြီးချစ်သူ ရှမ်းပြည်သား