Zawgyi

လယ္သမားႀကီးတစ္ဦးျဖစ္တဲ့ James Bristle ဟာ မၾကာေသးခင္က အေမရိကန္ႏိုင္ငံ Michiganျပည္နယ္ ရွိ ပဲပုတ္စိုက္ခင္းအျဖစ္အသုံးျပဳခဲ့တဲ့ ေျမကြက္တစ္ကြက္ကို ဝယ္ယူခဲ့ပါတယ္။ေနာက္ေန႔မွာ James နဲ႔ သူ႔သူငယ္ခ်င္းတစ္ဦးက ေျမကြက္မွာ

ထူးဆန္းၿပီး ခန႔္မွန္းရခက္တဲ့အရာတစ္ခုကို ေတြ႕ေတာ့ ၎ေျမကြက္အသစ္ကို စစ္ေဆးေနခဲ့ပါတယ္။ေျမဆီလႊာကို တူးဆြေနတုန္း James က ေဟာင္းႏြမ္းေနတဲ့အရာတစ္ခုကို ၿခံစည္႐ိုးအစုတ္လို႔ထင္ေနခဲ့ေပမဲ့ ပိုမိုနီးကပ္စြာ

စူးစမ္းၾကည့္ရင္းနဲ႔ အ႐ိုးလိုပုံစံျဖစ္ေနတာကို ေတြ႕ေတာ့ သူဟာ တစ္ျဖည္ျဖည္းတူးဆြၾကည့္ဖို႔ စိတ္အားထက္သန္လာခဲ့ပါတယ္။ထို႔ေနာက္ James က သူတို႔ေတြ႕ရွိတဲ့အရာနဲ႔ပတ္သက္တဲ့အေၾကာင္းကို ေျပာျပႏိုင္မယ့္လူ

တစ္ေယာက္ကို ေခၚဖို႔ဆုံးျဖတ္ခဲ့ပါတယ္။ Jamesက University of Michigan ရဲ႕ပါေမာကၡ ႏွင့္ Paleontology ျပတိုက္ရဲ႕ ၫႊန္ၾကားေရးမႉးျဖစ္တဲ့ Daniel Fisher ကို ဆက္သြယ္ခဲ့ၿပီး Daniel ကလည္း သူ႔သုေတသီအဖြဲ႕ဝင္မ်ားႏွင့္အတူ

၎ထူးဆန္းတဲ့အ႐ိုးကို ကူတူးခဲ့ၾကပါတယ္။ Daniel က ၎ သိုးေကာင္ႀကီး Mammoth က လူေတြသတ္ျဖတ္ခဲ့တဲ့ အေသေကာင္ျဖစ္ေၾကာင္းႏွင့္ သူ႔ရဲ႕ခန႔္မွန္းခ်က္အရ ၎ Mammoth က လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၁၁,၀၀၀ ခန႔္က ကြယ္လြန္ခဲ့ၿပီး

၎အသက္ ၄၀ အ႐ြယ္မွာ ကြယ္လြန္သြားပုံရေၾကာင္း ယူဆခဲ့ပါတယ္။ အဆိုပါတိရိစာၦန္ေတြကို သတ္ျဖတ္ၿပီး ထြင္းထုသူေတြကို Paleo-Indians လို႔ေခၚၿပီး ၎တို႔က အဆိုပါတိရိစာၦန္ကို အပိုင္းပိုင္းခြဲျခမ္းစိတ္ျဖာကာ ေျမႀကီးထဲကို

သိုေလွာင္ခဲ့ၾကပုံရေၾကာင္း ထပ္မံယူဆထားခဲ့ပါတယ္။ Daniel က ၎ေလာက္ႀကီးတဲ့အ႐ိုးစုကို ရွာေဖြေတြ႕ရွိတာကို သူ႔ဘဝမွာ ပထမဆုံးအခ်ိန္ျဖစ္ေၾကာင္းဆိုခဲ့ပါတယ္။ထို႔ေနာက္ လယ္သမားႀကီး James ကလည္း ၎အ႐ိုးစုႀကီးကို Michigan

တကၠသိုလ္သို႔ လႉဒါန္းရန္ ဆုံးျဖတ္ခဲ့ၿပီး လူအမ်ားလည္း တအံ့တဩၾကည့္ရႈႏိုင္ရန္ျဖစ္ေၾကာင္း“ လူေတြအတြက္ ထူးဆန္းေနမယ့္အရာကို လူအမ်ားသြားလာႏိုင္တဲ့ေနရာမွာ ျပသထားခ်င္တယ္ ၊ ဒါမွ သမိုင္းကေန ကြၽန္ေတာ္တို႔ ေနာက္ထပ္ေလ့လာႏိုင္မွာပါ” လို႔ ဆိုခဲ့ပါတယ္။

Mia (Mckzone Daily)

Source : buzznicked

Unicode

လယ်သမားကြီးတစ်ဦးဖြစ်တဲ့ James Bristle ဟာ မကြာသေးခင်က အမေရိကန်နိုင်ငံ Michiganပြည်နယ် ရှိ ပဲပုတ်စိုက်ခင်းအဖြစ်အသုံးပြုခဲ့တဲ့ မြေကွက်တစ်ကွက်ကို ဝယ်ယူခဲ့ပါတယ်။နောက်နေ့မှာ James နဲ့ သူ့သူငယ်ချင်းတစ်ဦးက မြေကွက်မှာ ထူးဆန်းပြီး

ခန့်မှန်းရခက်တဲ့အရာတစ်ခုကို တွေ့တော့ ၎င်းမြေကွက်အသစ်ကို စစ်ဆေးနေခဲ့ပါတယ်။မြေဆီလွှာကို တူးဆွနေတုန်း James က ဟောင်းနွမ်းနေတဲ့အရာတစ်ခုကို ခြံစည်ရိုးအစုတ်လို့ထင်နေခဲ့ပေမဲ့ ပိုမိုနီးကပ်စွာ စူးစမ်းကြည့်ရင်းနဲ့ အရိုးလိုပုံစံဖြစ်နေတာကို တွေ့တော့ သူဟာ

တစ်ဖြည်ဖြည်းတူးဆွကြည့်ဖို့ စိတ်အားထက်သန်လာခဲ့ပါတယ်။ထို့နောက် James က သူတို့တွေ့ရှိတဲ့အရာနဲ့ပတ်သက်တဲ့အကြောင်းကို ပြောပြနိုင်မယ့်လူတစ်ယောက်ကို ခေါ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ Jamesက University of Michigan ရဲ့ပါမောက္ခ နှင့် Paleontology

ပြတိုက်ရဲ့ ညွှန်ကြားရေးမှူးဖြစ်တဲ့ Daniel Fisher ကို ဆက်သွယ်ခဲ့ပြီး Daniel ကလည်း သူ့သုတေသီအဖွဲ့ဝင်များနှင့်အတူ ၎င်းထူးဆန်းတဲ့အရိုးကို ကူတူးခဲ့ကြပါတယ်။ Daniel က ၎င်း သိုးကောင်ကြီး Mammoth က လူတွေသတ်ဖြတ်ခဲ့တဲ့ အသေကောင်ဖြစ်ကြောင်းနှင့်

သူ့ရဲ့ခန့်မှန်းချက်အရ ၎င်း Mammoth က လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၁,၀၀၀ ခန့်က ကွယ်လွန်ခဲ့ပြီး ၎င်းအသက် ၄၀ အရွယ်မှာ ကွယ်လွန်သွားပုံရကြောင်း ယူဆခဲ့ပါတယ်။ အဆိုပါတိရိစ္ဆာန်တွေကို သတ်ဖြတ်ပြီး ထွင်းထုသူတွေကို Paleo-Indians လို့ခေါ်ပြီး

၎င်းတို့က အဆိုပါတိရိစ္ဆာန်ကို အပိုင်းပိုင်းခွဲခြမ်းစိတ်ဖြာကာ မြေကြီးထဲကို သိုလှောင်ခဲ့ကြပုံရကြောင်း ထပ်မံယူဆထားခဲ့ပါတယ်။ Daniel က ၎င်းလောက်ကြီးတဲ့အရိုးစုကို ရှာဖွေတွေ့ရှိတာကို သူ့ဘဝမှာ ပထမဆုံးအချိန်ဖြစ်ကြောင်းဆိုခဲ့ပါတယ်။ထို့နောက် လယ်သမားကြီး James ကလည်း

၎င်းအရိုးစုကြီးကို Michigan တက္ကသိုလ်သို့ လှူဒါန်းရန် ဆုံးဖြတ်ခဲ့ပြီး လူအများလည်း တအံ့တဩကြည့်ရှုနိုင်ရန်ဖြစ်ကြောင်း“ လူတွေအတွက် ထူးဆန်းနေမယ့်အရာကို လူအများသွားလာနိုင်တဲ့နေရာမှာ ပြသထားချင်တယ် ၊ ဒါမှ သမိုင်းကနေ ကျွန်တော်တို့ နောက်ထပ်လေ့လာနိုင်မှာပါ” လို့ ဆိုခဲ့ပါတယ်။

Mia (Mckzone Daily)

Source : buzznicked