Sun. Nov 28th, 2021

Zawgyi

မဂၤလာေအာင္စည္ ၊ ေဆာ္႐ြမ္းလည္သား ၊ ေ႐ႊျပည္မ႑ိဳင္ ၊ ႀကံ့ႀကံ့ခိုင္၍ ၊ ထုံႀကိဳင္ဆန္းတင့္ ၊ ၿဖိဳးၿဖိဳးျမင့္လ်က္ ၊ ထြန္းလင္းေရာင္ရွိန္ ၊ ဝင္းဝင္းထိန္သား ၊ အာလိန္ျမရိပ္ ၊ ျမင္းမိုရ္ထိပ္ဝယ္ ၊ ဒိဗၺႆရ ၊ ဝါသဝဟု ၊

သကၠစံရာ ၊ ဝတႎသာသို႔ ၊ သိဂၤါရစ္ေခြ ၊ လွ်မ္းလွ်မ္းေဝသည္ ၊ ျပည္ေ႐ႊအမတ ၊ နိဗၺာနသို႔ ၊ ပ႒မဘုန္းေဟ့ ၊ ဘူပေတ့၏ အိမ္ေရွ႕ဥပရာဇ္ ၊ ေစာရန္လွသည္ ၊ သကၠရာဇ္ေထာင္ဝယ္ ၊ တစ္ရာဆြယ္၍ ၊ ေလးဆယ္ႏွင့္ေျခာက္ ၊

အခါေျမာက္တြင္ ၊ ထိန္ေတာက္ေဝဆာ ၊ ျပည္ဓညာမွ ၊ မဟာမုနိ ၊ မာရဇိကို ၊ ပင့္ခ်ီႂကြလာ ၊ ကိန္းေအာင္းရွာ၏ ၊ ျမတ္စြာဘုန္းႂကြယ္ ၊ အံ့ဩဘြယ္ကား ၊ ေရွ႕ဝယ္ေရဖ်န္း ၊ မျဖတ္သန္းတည္း ၊ မ်က္ကန္းပမာ ၊ လူမိစာၦတို႔ ၊ ေရွ႕မွာေမွာက္ခို ၊

မ်က္ေတာ္ညိဳ၏ ၊ ထိုလူအမ်ား ၊ မရွိျငားမွ ၊ ဆင့္ပြားေရာင္ဝါ ၊ ကြန႔္ျမဴးလာခဲ့ ၊ သဒၵါႀကီးသူ ၊ ပူေဇာ္မူကား ၊ လွ်ံလူတန္ခိုး ၊ တက္၍တိုး၏ ၊ မိုဃ္းဝလာျပင္ ၊ ထက္ေကာင္းကင္သို႔ ၊ ေလတြင္ေပ်ာ္ပါး ၊ ငွက္အမ်ားတို႔ ၊ ဘုရားထက္မြန႔္ ၊ မပ်ံဝံ့တည့္ ၊

ပတ္လုံးေတေဇာ္ ၊ ေရွ႕ေမွာက္ေတာ္၌ ၊ ပ်က္ေခ်ာ္မုသား ၊ က်ိန္တြယ္ျငားက ၊ ထင္ရွားအမွန္ ၊ ေသြးပြက္အန္ခဲ့ ၊ သဏၭာန္တူေအာင္ ၊ သြန္းလုပ္ေဆာင္အံ့ ၊ ရွည္ေယာင္ျပဳျငား ၊ ထိုဘုရားသည္ ၊ ပ်က္ျပားမုခ် ၊ ျဖစ္လာရ၏ ၊ ေတဇတက္ႂကြား ၊

ဤဘုရားႏွင့္ ၊ မျခားလွ်ံလူ ၊ တန္ခိုးတူဟု ၊ ယွဥ္မႈမၾကာ ၊ ကြဲအက္ရွာခဲ့ ၊ ျမတ္စြာပရေမ့ ၊ ပူေဇာ္ေလ့ျဖင့္ ၊ ေန႔ရွိသမွ် ၊ ေ႐ႊမြမ္းခ်လည္း ၊ ဖူးရတင့္တယ္ ၊ လြန္သပၸါယ္၏ ၊ အံ့ဘြယ္ကိုးအင္ ၊ တန္ခိုးထင္၍ ၊ လူရွင္တေတြ ၊ ပန္းေဝေ၀ႏွင့္ ၊

သေျပစိုက္ထိုး ၊ ေညာင္ေရအိုးဝယ္ ၊ မညႇိဳးယခင္ ၊ လန္းလန္းဆင္လ်က္ ၊ ၾကည္႐ႊင္ဝမ္းသာ ၊ ေစတနာျဖင့္ ၊ သဒၶါရဲရဲ ၊ ဆြမ္းေတာ္ပြဲကို ၊ အၿမဲသန႔္စင္ ၊ ထိပ္ထက္တင္လ်က္ ၊ ေနဝင္တခ်က္ ၊ အ႐ုဏ္တက္တြင္ ၊ ေဆာ္ႏွက္စီညံ ၊ ေခါင္းေလာင္းသံလည္း ၊

မိုဃ္းယံၿငိမ့္ၿငိမ့္ ၊ တိုင္းလုံးစိမ့္မွ် ၊ ႏွစ္သိမ့္လွစြာ ၊ ဘုန္းေတဇာႏွင့္ ၊ မဟာမုနိ ၊ တုမရွိကို ၊ ဦးထိပဒုံ ၊ ဆယ္ပန္းငုံျဖင့္ ၊ ၾကည္ယုံထိပ္ပန္ ၊ အဓိ႒ာန္သည္ ၊ နိဗၺာန္ေရာက္ရပါလိုေသာ ၊ ျမတ္ရွင္ေစာ ၊ ဩကာသ ၊ ဩကာသ ၊ ဩကာသ ။

ေအာင္ခ်မ္းသာ ေမာ္လၿမိဳင္ၿမိဳ႕ ဦးဇိန ဘုရားေစတီေတာ္ ထီးေတာ္ေအာက္နားတြင္ မဟာျမတ္မုနိ ႐ုပ္ပြားေတာ္ မ်က္ႏွာေတာ္ပုံစံ ဖူးေတြ႕ရသည့္ (႐ုပ္သံ) ညေန (၄)နာရီႏွင့္ (၅)နာရီၾကားတြင္သာ

ဖူးေတြ႕ရတယ္လို႔ ေဒသခံမ်ားက ဆိုပါတယ္… အမ်ားျပည္သူအားလုံး ဖူေတြ႕ရခဲတဲ့အတြက္ ေဝမွ်ျခင္းျဖင့္ ကုသိုလ္ပြားမ်ား ဆုမြန္ေကာင္းဆႏၵျပဳလိုက္ၾကပါ… ကမာၻသူ/သား အားလုံး ေဘးရန္ေရာဂါ ကင္းစင္ကြာၾကပါေစ…

ေလးစားစြာျဖင့္ ကိုေ႐ႊသူရ

Unicode

မင်္ဂလာအောင်စည် ၊ ဆော်ရွမ်းလည်သား ၊ ရွှေပြည်မဏ္ဍိုင် ၊ ကြံ့ကြံ့ခိုင်၍ ၊ ထုံကြိုင်ဆန်းတင့် ၊ ဖြိုးဖြိုးမြင့်လျက် ၊ ထွန်းလင်းရောင်ရှိန် ၊ ဝင်းဝင်းထိန်သား ၊ အာလိန်မြရိပ် ၊ မြင်းမိုရ်ထိပ်ဝယ် ၊ ဒိဗ္ဗဿရ ၊ ဝါသဝဟု ၊ သက္ကစံရာ ၊ ဝတိံသာသို့ ၊ သိင်္ဂါရစ်ခွေ ၊

လျှမ်းလျှမ်းဝေသည် ၊ ပြည်ရွှေအမတ ၊ နိဗ္ဗာနသို့ ၊ ပဋ္ဌမဘုန်းဟေ့ ၊ ဘူပတေ့၏ အိမ်ရှေ့ဥပရာဇ် ၊ စောရန်လှသည် ၊ သက္ကရာဇ်ထောင်ဝယ် ၊ တစ်ရာဆွယ်၍ ၊ လေးဆယ်နှင့်ခြောက် ၊ အခါမြောက်တွင် ၊ ထိန်တောက်ဝေဆာ ၊ ပြည်ဓညာမှ ၊ မဟာမုနိ ၊

မာရဇိကို ၊ ပင့်ချီကြွလာ ၊ ကိန်းအောင်းရှာ၏ ၊ မြတ်စွာဘုန်းကြွယ် ၊ အံ့ဩဘွယ်ကား ၊ ရှေ့ဝယ်ရေဖျန်း ၊ မဖြတ်သန်းတည်း ၊ မျက်ကန်းပမာ ၊ လူမိစ္ဆာတို့ ၊ ရှေ့မှာမှောက်ခို ၊ မျက်တော်ညို၏ ၊ ထိုလူအများ ၊ မရှိငြားမှ ၊ ဆင့်ပွားရောင်ဝါ ၊ ကွန့်မြူးလာခဲ့ ၊

သဒ္ဒါကြီးသူ ၊ ပူဇော်မူကား ၊ လျှံလူတန်ခိုး ၊ တက်၍တိုး၏ ၊ မိုဃ်းဝလာပြင် ၊ ထက်ကောင်းကင်သို့ ၊ လေတွင်ပျော်ပါး ၊ ငှက်အများတို့ ၊ ဘုရားထက်မွန့် ၊ မပျံဝံ့တည့် ၊ ပတ်လုံးတေဇော် ၊ ရှေ့မှောက်တော်၌ ၊ ပျက်ချော်မုသား ၊ ကျိန်တွယ်ငြားက ၊ ထင်ရှားအမှန် ၊

သွေးပွက်အန်ခဲ့ ၊ သဏ္ဌာန်တူအောင် ၊ သွန်းလုပ်ဆောင်အံ့ ၊ ရှည်ယောင်ပြုငြား ၊ ထိုဘုရားသည် ၊ ပျက်ပြားမုချ ၊ ဖြစ်လာရ၏ ၊ တေဇတက်ကြွား ၊ ဤဘုရားနှင့် ၊ မခြားလျှံလူ ၊ တန်ခိုးတူဟု ၊ ယှဉ်မှုမကြာ ၊ ကွဲအက်ရှာခဲ့ ၊ မြတ်စွာပရမေ့ ၊ ပူဇော်လေ့ဖြင့် ၊

နေ့ရှိသမျှ ၊ ရွှေမွမ်းချလည်း ၊ ဖူးရတင့်တယ် ၊ လွန်သပ္ပါယ်၏ ၊ အံ့ဘွယ်ကိုးအင် ၊ တန်ခိုးထင်၍ ၊ လူရှင်တတွေ ၊ ပန်းဝေေ၀နှင့် ၊ သပြေစိုက်ထိုး ၊ ညောင်ရေအိုးဝယ် ၊ မညှိုးယခင် ၊ လန်းလန်းဆင်လျက် ၊ ကြည်ရွှင်ဝမ်းသာ ၊ စေတနာဖြင့် ၊ သဒ္ဓါရဲရဲ ၊

ဆွမ်းတော်ပွဲကို ၊ အမြဲသန့်စင် ၊ ထိပ်ထက်တင်လျက် ၊ နေဝင်တချက် ၊ အရုဏ်တက်တွင် ၊ ဆော်နှက်စီညံ ၊ ခေါင်းလောင်းသံလည်း ၊ မိုဃ်းယံငြိမ့်ငြိမ့် ၊ တိုင်းလုံးစိမ့်မျှ ၊ နှစ်သိမ့်လှစွာ ၊ ဘုန်းတေဇာနှင့် ၊ မဟာမုနိ ၊ တုမရှိကို ၊ ဦးထိပဒုံ ၊ ဆယ်ပန်းငုံဖြင့် ၊

ကြည်ယုံထိပ်ပန် ၊ အဓိဋ္ဌာန်သည် ၊ နိဗ္ဗာန်ရောက်ရပါလိုသော ၊ မြတ်ရှင်စော ၊ ဩကာသ ၊ ဩကာသ ၊ ဩကာသ ။ အောင်ချမ်းသာ မော်လမြိုင်မြို့ ဦးဇိန ဘုရားစေတီတော် ထီးတော်အောက်နားတွင် မဟာမြတ်မုနိ ရုပ်ပွားတော် မျက်နှာတော်ပုံစံ ဖူးတွေ့ရသည့် (ရုပ်သံ)

ညနေ (၄)နာရီနှင့် (၅)နာရီကြားတွင်သာ ဖူးတွေ့ရတယ်လို့ ဒေသခံများက ဆိုပါတယ်… အများပြည်သူအားလုံး ဖူတွေ့ရခဲတဲ့အတွက် ဝေမျှခြင်းဖြင့် ကုသိုလ်ပွားများ ဆုမွန်ကောင်းဆန္ဒပြုလိုက်ကြပါ… ကမ္ဘာသူ/သား အားလုံး ဘေးရန်ရောဂါ ကင်းစင်ကွာကြပါစေ…

လေးစားစွာဖြင့် ကိုရွှေသူရ

ရုပ်သံဖူးမြှော်ရန်…..