Zawgyi

ပရဟိတမင္းသားႀကီး ဦးေက်ာ္သူကေတာ့ သူ႔ဘဝရဲ႕ ျဖတ္သန္းလာခဲ့တဲ့ အခ်ိန္အမ်ားစုမွာ အႏုပညာအလုပ္ေတြနဲ႔ အမ်ားအက်ိဳးကို သယ္ပိုးေဆာင္႐ြက္ရင္း ကုန္လြန္ခဲ့တာ ျဖစ္ပါတယ္။ ေက်ာ္သူက အသက္အ႐ြယ္တစ္ခုေရာက္ရွိေနၿပီဆိုေပမယ့္

လက္ရွိ ကိုဗစ္ကာလမွာလည္း လူငယ္ေတြနဲ႔အၿပိဳင္ ပရဟိတအလုပ္ေတြ စြမ္းစြမ္းတမံလုပ္ကိုင္ခဲ့ၿပီး ၿပီးခဲ့တဲ့လပိုင္းအတြင္းကလည္း ကိုဗစ္ပိုးကူးစက္ခံရတဲ့အထိ ျဖစ္ခဲ့ၿပီပဲ ျဖစ္ပါတယ္။ ဒီကေန႔မွာလည္း ေက်ာ္သူက နာေရးကူညီမႈအသင္း

ကားကို ေမာင္းရင္းနဲ႔ ကားငါးစီးဆင့္တိုက္ၿပီး အက္ဆီဒင့္ျဖစ္ခဲ့ရေၾကာင္း အခုလိုပဲ ေျပာျပလာပါတယ္။ “ကားငါးစီးဆင့္ကာ ဆင့္ကာတိုက္ေသာ္ျငား… ဘာမွ မပူပါနဲ႔။ ဘာမွ မျဖစ္ဘူး။ ဗုဒၶဘုရား ႏွလုံးသား မွာရွိတယ္။ ဘုန္းဘုန္းဘုရား

လည္မွာဆြဲထားတယ္။ ယေန႔ နာေရးကူညီမႈလမ္းေၾကာင္းေရေဝးသုႆန္သို႔အသြား လမ္းတစ္ေနရာရွိျဖတ္လမ္းရွိေသာေနရာတြင္ ပင္မကားမ်ားရွင္းပါက တစ္ဖက္လမ္းသို႔ ကူးရန္အတြက္ တန္းစီေစာင့္ေနေသာ ကားေလးတစ္စီးႏွင့္

လိုက္ထရပ္ကားအား ေနာက္မွ အေဝးေျပးခရီးသယ္တင္ကားတစ္စီးမွ တိုက္လိုက္၍ေရွ႕ဆုံးတြင္ရပ္ေနေသာ ကားမွာတစ္ဆင့္ခ်င္းတိုက္ခံရၿပီး ကြၽန္ေတာ္ေမာင္းလာသည့္ နာေရးနိဗၺာန္ယာဥ္အား ေရွ႕ေဘးမွ ေဆာင့္တိုက္ လိုက္၍

မိမိမွေရွာင္လိုက္ ေသာ္လည္း မိမိ၏ ညာဖက္ရွိ ဘတ္စ္ကားတစ္စီး၏ ေနာက္ပိုင္းေဘးဖက္ ကိုမိမိမွတစ္ဆင့္တိုက္မိေတာ့သည္။ လူမ်ားဘာမွ်မျဖစ္ေသာ္လည္း တိုက္ခံရသည့္ကားငယ္(ေရွ႕/ေနာက္)၊ လိုက္ထရပ္(ေရွ႕/ေနာက္)၊

နာကူယာဥ္ ေရွ႕(ဘယ္/ညာ) ၊ဘတ္စ္ကားႀကီး(ေနာက္ဖက္ဘယ္ဖက္ျခမ္း ပြန္း)အသီးသီးထိသြားခဲ့သည္။ ကားငါးစီးဆင့္ကာ ဆင့္ကာတိုက္ခံရသည့္ျဖစ္ရပ္ပင္ျဖစ္ေတာ့သည္။” “မိမိမွ လမ္းမွန္၊ပုံမွန္ေမာင္းေသာ္ျငား

တစ္ဖက္မွ အႏၲရာယ္သည္ မည္ကဲ့သို႔လာ မည္ကို အထူးသတိထားရန္ အသိတရားတစ္ခုရွိခဲ့ရသည္။ နိဗၺာန္ယာဥ္ေပၚ ပါလာေသာ ဘဝကူးသြားသည့္႐ုပ္ခႏၶာအား အသင္းမွ နိဗၺာန္ယာဥ္ တစ္စီးအား အျမန္ေခၚ၍ ေဘာ္ဒီအားေျပာင္းေ႐ႊ႕ကာ ေရေဝးသုႆန္သို႔

ပို႔ေဆာင္သၿဂႋဳလ္ေပးမႈအား တာဝန္မပ်က္၊တာဝန္ေၾကစြာ လုပ္ေဆာင္ေပးခဲ့ပါသည္။ အသင္းသို႔ ျပန္အေရာက္ သုခေဆးခန္းမွတာဝန္ရွိသူမ်ားမွ အတင္းေခၚေဆာင္၍ မိမိအား အာထရာေဆာင္းစက္ျဖင့္ မိမိ၏ႏွလုံးအားစစ္ေဆးပါေတာ့သည္။

ေသြးေပါင္ခ်ိန္ျဖင့္ခ်ိန္ပါေတာ့သည္။ ဘာမွမျဖစ္။ ဘာမွမေတြ႕။ မိမိတြင္ ဗုဒၶရွိေနသည္။ ဘုန္းဘုန္းရွိေနသည္။ မည္သို႔ျဖစ္ေစ ေမာ္ေတာ္ကား၊ဆိုင္ကယ္၊စက္ဘီး၊လမ္းေလွ်ာက္သည့္ ေန႔စဥ္ လုပ္ရပ္မ်ားတြင္ မိမိသည္ ….

ဘယ္ေလာက္မွန္မွန္၊ ဘယ္ေလာက္ေျဖးေျဖး၊ ဘယ္ေလာက္သတိထားထား တစ္ဖက္မွ အႏၲရာယ္သည္အခ်ိန္မေ႐ြး ထိပ္တိုက္ရင္ဆိုင္ႏိုင္သည္ကိုေတာ့ သိထားသင့္ေတာ့သည္။” ဆိုၿပီး ေျပာလာပါတယ္။ ေက်ာ္သူကေတာ့ ကားငါးစီးႀကီးေတာင္

ဆင့္တိုက္တဲ့ အႏၲရာယ္နဲ႔ ႀကဳံဆုံခဲ့ရေပမယ့္ ဘာမွမျဖစ္ပဲ ပြန္းရာပဲ့ရာေလးေတာင္မရွိတာ သူျပဳသမွ် ကုသိုလ္အက်ိဳးဆက္ေတြေၾကာင့္ဆိုတာ ယုံမွားဖြယ္မရွိပါဘူး။ စိတ္ထားေကာင္းတဲ့ ဦးေက်ာ္သူတစ္ေယာက္ အသက္ရွည္က်န္းမာၿပီး

အမ်ားအက်ိဳးကို ဆက္လက္သယ္ပိုးေဆာင္႐ြက္ႏိုင္ပါေစေနာ္။ ဖတ္ရႈေပးတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

ဆယ္လီကြန္နက္ရွင္

Unicode

ပရဟိတမင်းသားကြီး ဦးကျော်သူကတော့ သူ့ဘဝရဲ့ ဖြတ်သန်းလာခဲ့တဲ့ အချိန်အများစုမှာ အနုပညာအလုပ်တွေနဲ့ အများအကျိုးကို သယ်ပိုးဆောင်ရွက်ရင်း ကုန်လွန်ခဲ့တာ ဖြစ်ပါတယ်။ ကျော်သူက အသက်အရွယ်တစ်ခုရောက်ရှိနေပြီဆိုပေမယ့် လက်ရှိ

ကိုဗစ်ကာလမှာလည်း လူငယ်တွေနဲ့အပြိုင် ပရဟိတအလုပ်တွေ စွမ်းစွမ်းတမံလုပ်ကိုင်ခဲ့ပြီး ပြီးခဲ့တဲ့လပိုင်းအတွင်းကလည်း ကိုဗစ်ပိုးကူးစက်ခံရတဲ့အထိ ဖြစ်ခဲ့ပြီပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ကျော်သူက နာရေးကူညီမှုအသင်း ကားကို မောင်းရင်းနဲ့

ကားငါးစီးဆင့်တိုက်ပြီး အက်ဆီဒင့်ဖြစ်ခဲ့ရကြောင်း အခုလိုပဲ ပြောပြလာပါတယ်။ “ကားငါးစီးဆင့်ကာ ဆင့်ကာတိုက်သော်ငြား… ဘာမှ မပူပါနဲ့။ ဘာမှ မဖြစ်ဘူး။ ဗုဒ္ဓဘုရား နှလုံးသား မှာရှိတယ်။ ဘုန်းဘုန်းဘုရား လည်မှာဆွဲထားတယ်။

ယနေ့ နာရေးကူညီမှုလမ်းကြောင်းရေဝေးသုဿန်သို့အသွား လမ်းတစ်နေရာရှိဖြတ်လမ်းရှိသောနေရာတွင် ပင်မကားများရှင်းပါက တစ်ဖက်လမ်းသို့ ကူးရန်အတွက် တန်းစီစောင့်နေသော ကားလေးတစ်စီးနှင့် လိုက်ထရပ်ကားအား နောက်မှ အဝေးပြေးခရီးသယ်တင်ကားတစ်စီးမှ

တိုက်လိုက်၍ရှေ့ဆုံးတွင်ရပ်နေသော ကားမှာတစ်ဆင့်ချင်းတိုက်ခံရပြီး ကျွန်တော်မောင်းလာသည့် နာရေးနိဗ္ဗာန်ယာဉ်အား ရှေ့ဘေးမှ ဆောင့်တိုက် လိုက်၍ မိမိမှရှောင်လိုက် သော်လည်း မိမိ၏ ညာဖက်ရှိ ဘတ်စ်ကားတစ်စီး၏ နောက်ပိုင်းဘေးဖက် ကိုမိမိမှတစ်ဆင့်တိုက်မိတော့သည်။

လူများဘာမျှမဖြစ်သော်လည်း တိုက်ခံရသည့်ကားငယ်(ရှေ့/နောက်)၊ လိုက်ထရပ်(ရှေ့/နောက်)၊ နာကူယာဉ် ရှေ့(ဘယ်/ညာ) ၊ဘတ်စ်ကားကြီး(နောက်ဖက်ဘယ်ဖက်ခြမ်း ပွန်း)အသီးသီးထိသွားခဲ့သည်။ ကားငါးစီးဆင့်ကာ ဆင့်ကာတိုက်ခံရသည့်ဖြစ်ရပ်ပင်ဖြစ်တော့သည်။”

“မိမိမှ လမ်းမှန်၊ပုံမှန်မောင်းသော်ငြား တစ်ဖက်မှ အန္တရာယ်သည် မည်ကဲ့သို့လာ မည်ကို အထူးသတိထားရန် အသိတရားတစ်ခုရှိခဲ့ရသည်။ နိဗ္ဗာန်ယာဉ်ပေါ် ပါလာသော ဘဝကူးသွားသည့်ရုပ်ခန္ဓာအား အသင်းမှ နိဗ္ဗာန်ယာဉ် တစ်စီးအား အမြန်ခေါ်၍ ဘော်ဒီအားပြောင်းရွှေ့ကာ

ရေဝေးသုဿန်သို့ပို့ဆောင်သင်္ဂြိုလ်ပေးမှုအား တာဝန်မပျက်၊တာဝန်ကြေစွာ လုပ်ဆောင်ပေးခဲ့ပါသည်။ အသင်းသို့ ပြန်အရောက် သုခဆေးခန်းမှတာဝန်ရှိသူများမှ အတင်းခေါ်ဆောင်၍ မိမိအား အာထရာဆောင်းစက်ဖြင့် မိမိ၏နှလုံးအားစစ်ဆေးပါတော့သည်။

သွေးပေါင်ချိန်ဖြင့်ချိန်ပါတော့သည်။ ဘာမှမဖြစ်။ ဘာမှမတွေ့။ မိမိတွင် ဗုဒ္ဓရှိနေသည်။ ဘုန်းဘုန်းရှိနေသည်။ မည်သို့ဖြစ်စေ မော်တော်ကား၊ဆိုင်ကယ်၊စက်ဘီး၊လမ်းလျှောက်သည့် နေ့စဉ် လုပ်ရပ်များတွင် မိမိသည် …. ဘယ်လောက်မှန်မှန်၊ ဘယ်လောက်ဖြေးဖြေး၊

ဘယ်လောက်သတိထားထား တစ်ဖက်မှ အန္တရာယ်သည်အချိန်မရွေး ထိပ်တိုက်ရင်ဆိုင်နိုင်သည်ကိုတော့ သိထားသင့်တော့သည်။” ဆိုပြီး ပြောလာပါတယ်။ ကျော်သူကတော့ ကားငါးစီးကြီးတောင် ဆင့်တိုက်တဲ့ အန္တရာယ်နဲ့ ကြုံဆုံခဲ့ရပေမယ့် ဘာမှမဖြစ်ပဲ

ပွန်းရာပဲ့ရာလေးတောင်မရှိတာ သူပြုသမျှ ကုသိုလ်အကျိုးဆက်တွေကြောင့်ဆိုတာ ယုံမှားဖွယ်မရှိပါဘူး။ စိတ်ထားကောင်းတဲ့ ဦးကျော်သူတစ်ယောက် အသက်ရှည်ကျန်းမာပြီး အများအကျိုးကို ဆက်လက်သယ်ပိုးဆောင်ရွက်နိုင်ပါစေနော်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

ဆယ်လီကွန်နက်ရှင်