Zawgyi

ဥ႐ုေဂြးႏိုင္ငံက မိုင္းလုပ္သားႏွစ္ဦးဟာ သဘာဝအတိုင္း အသည္းပုံျဖစ္ေနတဲ့ နီလာခရမ္းေက်ာက္မ်က္ႀကီးကို တူးေဖာ္ေတြ႕ရွိခဲ့ေၾကာင္း သိရပါတယ္။ နဝရတ္(၉)ပါးမွာ တစ္ပါးအပါအဝင္ျဖစ္တဲ့ နီလာခရမ္းေက်ာက္မ်က္ဟာ ေဈးႏႈန္းလည္း ႀကီးျမင့္ပါတယ္။

အခ်ိဳ႕ေဒသေတြမွာေတာ့ ေက်ာက္ခရမ္းပြင့္၊ သီဟိုဠ္နီလာလို႔လည္း ေခၚၾကပါတယ္။ ဒီေတြ႕ရွိမႈကိုေတာ့ ဘဝမွာတစ္ခါ ႀကဳံရခဲတဲ့အျဖစ္အပ်က္လို႔ေတာင္ သတင္းမီဒီယာေတြက ဆိုေနၾကပါတယ္။ ေက်ာက္မ်က္႐ိုင္းႏွစ္ခုကို ေတြ႕ရွိခဲ့ရာေနရာကေတာ့

ဘရားဇီးနယ္စပ္အနီး၊ Catalan ဧရိယာအတြင္းရွိ Artigas ၿမိဳ႕အနီး Santa Rosa ေက်ာက္မ်က္တူးေဖာ္ေရးလုပ္ကြက္မွာ ျဖစ္ပါတယ္။ မိုင္းလုပ္သားႏွစ္ဦးကေတာ့ Uruguay Minerals မွ ျဖစ္ပါတယ္။ အခုဆိုရင္ ေက်ာက္ထြက္နည္းေနလို႔

အဆင္မေျပျဖစ္ေနတဲ့ ဒီလုပ္ကြက္မွာ အလုပ္သမားေတြ စုၿပဳံလာေရာက္မႈေတြ၊ အနီးအနားမွာ လုပ္ကြက္အသစ္ေဖာ္မႈေတြ ရွိေနတယ္လို႔ သိရပါတယ္။ ဒီနယ္ေျမဟာ သက္တမ္းရင့္ မီးသင့္ေက်ာက္နယ္ေျမ ျဖစ္တဲ့အတြက္

ယႏၲရားေတြရဲ႕အကူအညီကို ပိုယူရပါတယ္။ အလြန္မာေက်ာတဲ့ ေက်ာက္သားအမ်ိဳးအစားျဖစ္လို႔- အခုနီလာခရမ္းပါတဲ့ ေက်ာက္စိုင္ႀကီးကို သူတို႔တစ္ေတြ ထုခြဲရမွာလည္း အခ်ိန္အေတာ္ယူခဲ့ရပါတယ္။ (၄)(၅)ေယာက္ေလာက္

ဝိုင္းၿပီးခြဲမွ ေက်ာက္က ကြဲခဲတ့ာပါ။ အစတုန္းကေတာ့ အတြင္းမွာ ေက်ာက္စရစ္ခဲေလာက္ပါရင္ ကံေကာင္းၿပီလို႔ ေနာက္ေျပာင္ခဲ့ၾကေပမယ့္ တကယ့္ ေက်ာက္အမေတကို ရရွိခဲ့ၾကလို႔ ဝမ္းသာေနၾကပါတယ္။

Credit..Top10News

Unicode

ဥရုဂွေးနိုင်ငံက မိုင်းလုပ်သားနှစ်ဦးဟာ သဘာဝအတိုင်း အသည်းပုံဖြစ်နေတဲ့ နီလာခရမ်းကျောက်မျက်ကြီးကို တူးဖော်တွေ့ရှိခဲ့ကြောင်း သိရပါတယ်။ နဝရတ်(၉)ပါးမှာ တစ်ပါးအပါအဝင်ဖြစ်တဲ့ နီလာခရမ်းကျောက်မျက်ဟာ ဈေးနှုန်းလည်း ကြီးမြင့်ပါတယ်။

အချို့ဒေသတွေမှာတော့ ကျောက်ခရမ်းပွင့်၊ သီဟိုဠ်နီလာလို့လည်း ခေါ်ကြပါတယ်။ ဒီတွေ့ရှိမှုကိုတော့ ဘဝမှာတစ်ခါ ကြုံရခဲတဲ့အဖြစ်အပျက်လို့တောင် သတင်းမီဒီယာတွေက ဆိုနေကြပါတယ်။ ကျောက်မျက်ရိုင်းနှစ်ခုကို တွေ့ရှိခဲ့ရာနေရာကတော့

ဘရားဇီးနယ်စပ်အနီး၊ Catalan ဧရိယာအတွင်းရှိ Artigas မြို့အနီး Santa Rosa ကျောက်မျက်တူးဖော်ရေးလုပ်ကွက်မှာ ဖြစ်ပါတယ်။ မိုင်းလုပ်သားနှစ်ဦးကတော့ Uruguay Minerals မှ ဖြစ်ပါတယ်။ အခုဆိုရင် ကျောက်ထွက်နည်းနေလို့

အဆင်မပြေဖြစ်နေတဲ့ ဒီလုပ်ကွက်မှာ အလုပ်သမားတွေ စုပြုံလာရောက်မှုတွေ၊ အနီးအနားမှာ လုပ်ကွက်အသစ်ဖော်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။ ဒီနယ်မြေဟာ သက်တမ်းရင့် မီးသင့်ကျောက်နယ်မြေ ဖြစ်တဲ့အတွက်

ယန္တရားတွေရဲ့အကူအညီကို ပိုယူရပါတယ်။ အလွန်မာကျောတဲ့ ကျောက်သားအမျိုးအစားဖြစ်လို့- အခုနီလာခရမ်းပါတဲ့ ကျောက်စိုင်ကြီးကို သူတို့တစ်တွေ ထုခွဲရမှာလည်း အချိန်အတော်ယူခဲ့ရပါတယ်။ (၄)(၅)ယောက်လောက်

ဝိုင်းပြီးခွဲမှ ကျောက်က ကွဲခဲတ့ာပါ။ အစတုန်းကတော့ အတွင်းမှာ ကျောက်စရစ်ခဲလောက်ပါရင် ကံကောင်းပြီလို့ နောက်ပြောင်ခဲ့ကြပေမယ့် တကယ့် ကျောက်အမတေကို ရရှိခဲ့ကြလို့ ဝမ်းသာနေကြပါတယ်။

Credit..Top10News