ပ်က္က်သြားတဲ့ ဆရီဝီဂ်ယား ေလေၾကာင္းပိုင္ ေလယာဥ္ရဲ႕ မွတ္တမ္းကိရိယာ ျပန္ေတြ႕ၿပီ

Zawgyi

ၿပီးခဲ့တဲ့ စေနေန႔က ဂ်ားဗားပင္လယ္ျပင္ထဲ ပ်က္က်သြားခဲ့တဲ့ အင္ဒိုနီးရွား ေလယာဥ္ ဘိုးအင္း ၇၃၇ ရဲ႕ ေလေၾကာင္း ပ်ံသန္းမႈ အခ်က္အလက္ေတြ ပါဝင္တဲ့ ေသတၱာနက္ ၂ခုထဲက ၁ ခုကို ရွာေတြ႕ၿပီလို႔ တာ၀န္ရွိသူေတြက ေျပာပါတယ္။ ေလယာဥ္ ဘာေၾကာင့္ ပ်က္က်ရသလဲ

ဆိုတာကို ေသတၱာနက္ထဲက အခ်က္အလက္ေတြကတဆင့္ ရွာေဖြႏိုင္မယ္လို႔ တာဝန္ရွိသူေတြက ေမွ်ာ္လင့္ေနပါတယ္။ လူ ၆၂ ဦးကို တင္ေဆာင္သြားတဲ့ အင္ဒိုနီးရွား ဆရီဝီဂ်ာယား ေလေၾကာင္းပိုင္ ဘိုးရင္း ၇၃၇ ခရီးသည္တင္ ေလယာဥ္ဟာ ေလယာဥ္စပ်ံတက္တက္ခ်င္းမွာပဲ

ပ်က္က်သြားခဲ့တာျဖစ္ပါတယ္။ ေလယာဥ္ေပၚပါသူေတြအားလုံး အသက္ဆုံးရႈံးခဲ့ပါတယ္။ SJ182 ေလယာဥ္ဟာ ဂ်ာကာတာၿမိဳ႕ ေလဆိပ္ကေန ေဘာ္နီယိုကြၽန္းေပၚက ပြန္တီယန္နက္ၿမိဳ႕ ေလဆိပ္ဆီ ထြက္ခြာသြားစဥ္ ပ်က္က်ခဲ့တာပါ။ သက္တမ္း ၂၆ ႏွစ္ၾကာ ရွိၿပီ ျဖစ္တဲ့ အဲဒီေလယာဥ္ဟာ

ၿပီးခဲ့တဲ့လက ျပဳလုပ္ခဲ့တဲ့ ေလေၾကာင္းပ်ံသန္းမႈ လုံၿခဳံစိတ္ခ်မႈဆိုင္ရာ စစ္ေဆးမႈေတြကို ေအာင္ျမင္ခဲ့တယ္လို႔ တာဝန္ရွိသူေတြက ေျပာပါတယ္။ အဲဒီေလယာဥ္ဟာ မတ္လနဲ႔ ဒီဇင္ဘာလအတြင္း ပ်ံသန္းမႈ ရပ္နားထားခဲ့ၿပီး ဒီဇင္ဘာလ ၂၂ ရက္ေန႔က်မွ ခရီးစဥ္ေတြ ျပန္လည္ ေျပးဆြဲခဲ့တာ ျဖစ္ပါတယ္။

ပ်က္မက်ခင္အထိ ေလယာဥ္ရဲ႕ လုပ္ငန္းေဆာင္တာေတြ အားလုံးေကာင္းမြန္တယ္လို႔ ကနဦး စုံစမ္းစစ္ေဆးမႈမွာ ေဖာ္ျပထားပါတယ္။ တနလၤာေန႔မွာေတာ့ ေလယာဥ္ပ်က္က်မႈထဲက ပထမဆုံး ရွာေဖြေတြ႕ခဲ့တဲ့ ႐ုပ္အေလာင္းဟာ အိုကီ ဘစ္မာ ဆိုသူ ၂၉ ႏွစ္အ႐ြယ္ ေလယာဥ္အမႈထမ္းရဲ႕

႐ုပ္အေလာင္း ျဖစ္တယ္လို႔ အင္ဒိုနီးရွား ရဲတပ္ဖြဲ႕က ထုတ္ေဖာ္ ေျပာခဲ့ပါတယ္။ ဘိုးအင္း ၇၃၇ ေလယာဥ္ဟာ ကို႐ိုနာဗိုင္းရပ္စ္ ကပ္ေရာဂါ ကာလအတြင္း မပ်ံသန္းဘဲ ရပ္နားထားတာ ျဖစ္ၿပီး ဒီဇင္ဘာ လ ၁၄ ရက္ေန႔မွာ ျပဳလုပ္ခဲ့တဲ့ ေလေၾကာင္းပ်ံသန္းမႈ လုံၿခဳံစိတ္ခ်ရမႈဆိုင္ရာ

စစ္ေဆးမႈကို ေက်ာ္ျဖတ္ႏိုင္ ခဲ့တယ္လို႔ အင္ဒိုနီးရွား ပို႔ေဆာင္ေရး ဝန္ႀကီးက ဇန္နဝါရီ ၁၂ ရက္မွာ ေျပာၾကားပါတယ္။ စစ္ေဆးမႈအၿပီး ၅ ရက္အၾကာမွာ ခရီးသည္ မပါဘဲ ပ်ံသန္းမႈေတြ လုပ္ခဲ့ၿပီးေနာက္မွာ ပုံမွန္ခရီးစဥ္ကို စတင္ ေျပးဆြဲခဲ့တာလို႔လည္း ဆိုပါတယ္။ တခါ သယ္ယူပို႔ေဆာင္မႈ

လုံၿခဳံေဘးကင္းေရး ေကာ္မတီ (KNKT) ရဲ႕ ထုတ္ျပန္ခ်က္ထဲမွာလည္း ကနဦး စစ္ေဆးမႈေတြအရ ေလယာဥ္ဟာ ေဒသစံေတာ္ခ်ိန္ ၂ နာရီ ၃၆ မိနစ္မွာ အျမင့္ေပ ၁၀၉၀၀ ကိုေရာက္ရွိခဲ့ၿပီး ၂ နာရီ နဲ႔ ၄၀ မိနစ္မွာ ေပ ၂၅၀ ေလာက္ကို က်ဆင္းသြားတယ္လို႔ ဆိုပါတယ္။

အဲဒီေနာက္ ေလယာဥ္ဆီက သတင္း အခ်က္အလက္ ေပးပို႔တာ မရွိေတာ့ပါဘူး။ ေလယာဥ္ တာဘိုင္ထဲက ပ်က္စီးေနတဲ့ ပန္ကာ အစအနကိုလည္း ရွာေဖြေတြ႕ခဲ့ရၿပီး ပ်ံသန္းစဥ္ ေပ်ာက္ကြဲ ပ်က္က်တာ မျဖစ္ႏိုင္ဘူးလို႔ KNKT ေကာ္မတီ ဥကၠ႒ ေဆာ္ရီဂ်န္တို ဂ်ာဂ်ိဳဟိုက ေျပာပါတယ္။

ဒီပန္ကာ အစအနကို ရွာေဖြေတြ႕ရွိရတဲ့ အတြက္ ေလယာဥ္ဟာ ပ်က္က်စဥ္မွာ ေကာင္းေကာင္း အလုပ္လုပ္ ေနေသးတာကို ၫႊန္ျပေနတယ္လို႔ သူက ဆိုပါတယ္။ ေပ ၂၅၀ ကို က်ဆင္းတဲ့ အခ်ိန္မွာလည္း ေကာင္းေကာင္း အလုပ္လုပ္ေနတယ္ဆိုတာကို ျပသေနတယ္လို႔

မစၥတာ ေဆာ္ဂ်ီဂ်န္တို က သတင္းဌာနေတြကို ျပန္ၾကားတဲ့ ေၾကညာခ်က္ထဲမွာ ေဖာ္ျပထားပါတယ္။ အခုအခါ ေလယာဥ္ပ်ံသန္းေရး ခရီးစဥ္ အခ်က္အလက္ေတြပါရွိတဲ့ ေသတၱာ ႏွစ္လုံးအနက္ တစ္လုံးကို ရွာေတြ႕ခဲ့ၿပီ ျဖစ္ပါတယ္။ ေလယာဥ္ဦးခန္းထဲက

အသံေတြကို ဖမ္းယူထားတဲ့ စက္ကို ျပန္ေတြ႕ႏိုင္ဖို႔အတြက္ကိုလည္း ေလယာဥ္ ပ်က္က်သြားတဲ့ ေနရာက ပင္လယ္ေရေအာက္ထဲမွာ ရွာေဖြေရးသမားေတြ ပိုက္စိပ္တိုက္ ရွာေဖြေနၾကဆဲပါ။ ဒါေပမယ့္ ေသတၱာနက္ ရွာေဖြေပးတဲ့ ကိရိယာဟာ နည္းပညာ အခက္အခဲ

ဒါမွမဟုတ္ ပစၥည္းပ်က္စီးေနတာမ်ိဳးနဲ႔ ႀကဳံခဲ့ရတယ္လို႔ အဂၤါေန႔မနက္က KNKT အဖြဲ႕က ေျပာပါတယ္။ ေလယာဥ္ပ်ံသန္းမႈ ခရီးစဥ္အတြင္း ေလယာဥ္ဦးခန္းထဲက အခ်က္အလက္ေတြကို မွတ္တမ္းတင္ထားတဲ့ ေသတၱာနက္ဟာ ေလယာဥ္ ပ်က္က်မႈမွာ အေရးပါတဲ့

အခ်က္အလက္ေတြကို သိုေလွာင္ထားတာ ျဖစ္ပါတယ္။ ဒီေသတၱာနက္ ရွာေဖြေပးႏိုင္တဲ့ ကိရိယာ အသစ္ကို စကၤာပူကေန မွာယူထားတယ္လို႔ တာဝန္ရွိသူေတြက ေျပာပါတယ္။ ဒီရွာေဖြေရး ကိရိယာ ပ်က္စီးမႈက ေလယာဥ္ရွာေဖြေရး လုပ္ငန္းစဥ္ကို ဘယ္ေလာက္အထိ

ထိခိုက္ႏိုင္သလဲ ဆိုတာကိုေတာ့ အေသအခ်ာ မသိရပါဘူး။ ဒါေပမယ့္ ဒီေန႔ အဂၤါေန႔မွာ ေသတၱာနက္ကို ေရငုပ္သမားေတြနဲ႔ ဆက္ရွာေနတဲ့ သတင္းဓာတ္ပုံေတြကို ျပည္တြင္းသတင္းေတြမွာ ေဖာ္ျပခဲ့ပါတယ္။ တခ်ိန္တည္းမွာပဲ ေလယာဥ္ အပ်က္အစီးေတြ၊

ခႏၶာကိုယ္ အစိတ္အပိုင္းေတြနဲ႔ ခရီးသည္ေတြရဲ႕ အဝတ္အစား အသုံးအေဆာင္ အပ်က္အစီးေတြကိုလည္း ရွာေဖြေတြ႕ရွိထားၿပီးျဖစ္ပါတယ္။ အပ်က္အစီး အစအနေတြ အမ်ားႀကီးရွိေနၿပီး အနည္းငယ္ကို ဆယ္ယူထားေၾကာင္းနဲ႔ ေသတၱာနက္ကို ရွာေတြ႕ႏိုင္မယ္လို႔ ေမွ်ာ္လင့္ေၾကာင္း ေရတပ္

အႀကီးအကဲ ယူဒို မာဂိုႏိုက သတင္းေထာက္ေတြကို ေျပာပါတယ္။ ရွာေဖြေရး လုပ္ငန္းစဥ္မွာ လူေပါင္း ၂၆၀၀ ပါဝင္ၿပီး သေဘၤာ အစီး ၅၀ နဲ႔ ေလယာဥ္ ၁၃ စင္းနဲ႔လည္း ပူးေပါင္း ရွာေဖြေနတယ္လို႔ AFP သတင္းဌာနက ေဖာ္ျပပါတယ္။ ဒါ့အျပင္ ေလယာဥ္ဘီး တစ္ခုနဲ႔

ကိုယ္ထည္ အစအနေတြကို ရွာေဖြ ေတြ႕ရွိထားတဲ့အျပင္ အင္ဂ်င္ထဲက တာဘိုင္တစ္ခုကိုလည္း ေတြ႕ထားတယ္လို႔ ဆိုပါတယ္။ ေလာေလာဆယ္မွာ စုံစမ္းစစ္ေဆးမႈ အဆင့္ ၅ ဆင့္ထဲက အဆင့္ ၂ ကိုေရာက္ေနၿပီလို႔ ပို႔ေဆာင္ေရး ေဘးကင္း လုံၿခဳံမႈ ဌာနက တာဝန္ရွိသူေတြက ေျပာပါတယ္။

စုံစမ္းစစ္ေဆးမႈ အဆင့္မွာ အခ်က္အလက္ ရွာေဖြ စုေဆာင္းမႈေတြ ပါဝင္တာေၾကာင့္ စစ္ေဆးေတြ႕ရွိမႈ ထုတ္ျပန္ဖို႔ တစ္ႏွစ္ၾကာႏိုင္တယ္လို႔ ဆိုပါတယ္။ ဆရီဝီဂ်ာယား ေလေၾကာင္းလိုင္းက ခရီးသည္တင္ေလယာဥ္ဟာ ဂ်ာကတာရဲ႕ ပင္မေလဆိပ္ကေန

စေနေန႔ ေဒသစံေတာ္ခ်ိန္ ၂နာရီ ၃၆ မိနစ္မွာ ပ်ံတက္သြားခဲ့တာပါ။ မိနစ္အနည္းငယ္ အၾကာ ၂ နာရီ ၄၀ မိနစ္မွာ ေနာက္ဆုံးဆက္သြယ္မႈကို မွတ္တမ္းတင္ ႏိုင္ခဲ့တယ္လို႔ ပို႔ေဆာင္ေရး ဝန္ႀကီးဌာနက ထုတ္ျပန္ပါတယ္။ ဒီေလယာဥ္ဟာ ေဘာ္နီယိုကြၽန္း၊

အေနာက္ ကလီမန္တန္ မွာ ရွိတဲ့ ပြန္တီယန္နစ္ၿမိဳ႕ကို ဦးတည္ ပ်ံသန္းေနတာ ျဖစ္ၿပီး ပုံမွန္ ပ်ံသန္းခ်ိန္ဟာ မိနစ္ ၉၀ သာ ၾကာျမင့္ပါတယ္။ အဲဒီ ေလယာဥ္ေပၚမွာ ကေလး ၇ ဦး၊ ရင္ခြင္ပိုက္ ကေလး ၃ ဦး အပါအဝင္ ခရီးသည္ ၅၀ ဦးနဲ႔ ေလယာဥ္အမႈထမ္း ၁၂ ဦး

လိုက္ပါသြားတယ္လို႔ ယူဆရပါတယ္။ ေလယာဥ္ သယ္ေဆာင္ႏိုင္တဲ့ ခရီးသည္ဦးေရက ၁၃၀ ဦး ျဖစ္ပါတယ္။ ဒီေလယာဥ္ေပၚ လိုက္ပါလာသူအားလုံးဟာ အင္ဒိုနီးရွား ႏိုင္ငံသားေတြျဖစ္တယ္လို႔ တာဝန္ရွိသူေတြက ေျပာပါတယ္။ ေလယာဥ္ဟာ တစ္မိနစ္အတြင္းမွာ အျမင့္ေပ ၁၀၀၀၀ အထိ က်ဆင္း

သြားတယ္လို႔ ေလယာဥ္ခရီး လမ္းေၾကာင္း ေတြကို ေလ့လာတဲ့ Flightrader24.com က ထုတ္ျပန္ထားပါတယ္။ မ်က္ျမင္ေတြ႕ရွိသူေတြကလည္း ေပါက္ကြဲတဲ့ အသံေတြကို ျမင္ခဲ့ ၾကားခဲ့ရတယ္လို႔ ဆိုပါတယ္။ ဆရီဝီဂ်ာယား ေလေၾကာင္းလိုင္းကို ၂၀၀၃ ခုႏွစ္မွာ စတင္ တည္ေထာင္ခဲ့ၿပီး စရိတ္သက္သာတဲ့

အင္ဒိုနီးရွား ျပည္တြင္း ခရီးစဥ္ေတြနဲ႔ အေရွ႕ေတာင္အာရွ ႏိုင္ငံတခ်ိဳ႕ကို သြားလာ ေျပးဆြဲေနတာပါ။ ပ်က္က်သြားတဲ့ ေလယာဥ္ဟာ ေလယာဥ္ပ်က္က်မႈ ၂ ခုေၾကာင့္ ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္ မတ္လတုန္းက ပ်ံသန္းမႈေတြ ရပ္ဆိုင္းထားတဲ့ ဘိုးအင္း ၇၃၇ မက္စ္ အမ်ိဳးအစားေတာ့ မဟုတ္ပါဘူး။

Crd; BBC

Unicode

ပြီးခဲ့တဲ့ စနေနေ့က ဂျားဗားပင်လယ်ပြင်ထဲ ပျက်ကျသွားခဲ့တဲ့ အင်ဒိုနီးရှား လေယာဉ် ဘိုးအင်း ၇၃၇ ရဲ့ လေကြောင်း ပျံသန်းမှု အချက်အလက်တွေ ပါဝင်တဲ့ သေတ္တာနက် ၂ခုထဲက ၁ ခုကို ရှာတွေ့ပြီလို့ တာ၀န်ရှိသူတွေက ပြောပါတယ်။ လေယာဉ် ဘာကြောင့် ပျက်ကျရသလဲ ဆိုတာကို သေတ္တာနက်ထဲက

အချက်အလက်တွေကတဆင့် ရှာဖွေနိုင်မယ်လို့ တာဝန်ရှိသူတွေက မျှော်လင့်နေပါတယ်။ လူ ၆၂ ဦးကို တင်ဆောင်သွားတဲ့ အင်ဒိုနီးရှား ဆရီဝီဂျာယား လေကြောင်းပိုင် ဘိုးရင်း ၇၃၇ ခရီးသည်တင် လေယာဉ်ဟာ လေယာဉ်စပျံတက်တက်ချင်းမှာပဲ ပျက်ကျသွားခဲ့တာဖြစ်ပါတယ်။ လေယာဉ်ပေါ်ပါသူတွေအားလုံး

အသက်ဆုံးရှုံးခဲ့ပါတယ်။ SJ182 လေယာဉ်ဟာ ဂျာကာတာမြို့ လေဆိပ်ကနေ ဘော်နီယိုကျွန်းပေါ်က ပွန်တီယန်နက်မြို့ လေဆိပ်ဆီ ထွက်ခွာသွားစဉ် ပျက်ကျခဲ့တာပါ။ သက်တမ်း ၂၆ နှစ်ကြာ ရှိပြီ ဖြစ်တဲ့ အဲဒီလေယာဉ်ဟာ ပြီးခဲ့တဲ့လက ပြုလုပ်ခဲ့တဲ့ လေကြောင်းပျံသန်းမှု လုံခြုံစိတ်ချမှုဆိုင်ရာ စစ်ဆေးမှုတွေကို

အောင်မြင်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ အဲဒီလေယာဉ်ဟာ မတ်လနဲ့ ဒီဇင်ဘာလအတွင်း ပျံသန်းမှု ရပ်နားထားခဲ့ပြီး ဒီဇင်ဘာလ ၂၂ ရက်နေ့ကျမှ ခရီးစဉ်တွေ ပြန်လည် ပြေးဆွဲခဲ့တာ ဖြစ်ပါတယ်။ ပျက်မကျခင်အထိ လေယာဉ်ရဲ့ လုပ်ငန်းဆောင်တာတွေ အားလုံးကောင်းမွန်တယ်လို့ ကနဦး

စုံစမ်းစစ်ဆေးမှုမှာ ဖော်ပြထားပါတယ်။ တနင်္လာနေ့မှာတော့ လေယာဉ်ပျက်ကျမှုထဲက ပထမဆုံး ရှာဖွေတွေ့ခဲ့တဲ့ ရုပ်အလောင်းဟာ အိုကီ ဘစ်မာ ဆိုသူ ၂၉ နှစ်အရွယ် လေယာဉ်အမှုထမ်းရဲ့ ရုပ်အလောင်း ဖြစ်တယ်လို့ အင်ဒိုနီးရှား ရဲတပ်ဖွဲ့က ထုတ်ဖော် ပြောခဲ့ပါတယ်။ ဘိုးအင်း ၇၃၇ လေယာဉ်ဟာ

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ကာလအတွင်း မပျံသန်းဘဲ ရပ်နားထားတာ ဖြစ်ပြီး ဒီဇင်ဘာ လ ၁၄ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ လေကြောင်းပျံသန်းမှု လုံခြုံစိတ်ချရမှုဆိုင်ရာ စစ်ဆေးမှုကို ကျော်ဖြတ်နိုင် ခဲ့တယ်လို့ အင်ဒိုနီးရှား ပို့ဆောင်ရေး ဝန်ကြီးက ဇန်နဝါရီ ၁၂ ရက်မှာ ပြောကြားပါတယ်။ စစ်ဆေးမှုအပြီး ၅ ရက်အကြာမှာ

ခရီးသည် မပါဘဲ ပျံသန်းမှုတွေ လုပ်ခဲ့ပြီးနောက်မှာ ပုံမှန်ခရီးစဉ်ကို စတင် ပြေးဆွဲခဲ့တာလို့လည်း ဆိုပါတယ်။ တခါ သယ်ယူပို့ဆောင်မှု လုံခြုံဘေးကင်းရေး ကော်မတီ (KNKT) ရဲ့ ထုတ်ပြန်ချက်ထဲမှာလည်း ကနဦး စစ်ဆေးမှုတွေအရ လေယာဉ်ဟာ ဒေသစံတော်ချိန် ၂ နာရီ ၃၆ မိနစ်မှာ အမြင့်ပေ ၁၀၉၀၀

ကိုရောက်ရှိခဲ့ပြီး ၂ နာရီ နဲ့ ၄၀ မိနစ်မှာ ပေ ၂၅၀ လောက်ကို ကျဆင်းသွားတယ်လို့ ဆိုပါတယ်။ အဲဒီနောက် လေယာဉ်ဆီက သတင်း အချက်အလက် ပေးပို့တာ မရှိတော့ပါဘူး။ လေယာဉ် တာဘိုင်ထဲက ပျက်စီးနေတဲ့ ပန်ကာ အစအနကိုလည်း ရှာဖွေတွေ့ခဲ့ရပြီး ပျံသန်းစဉ် ပျောက်ကွဲ ပျက်ကျတာ

မဖြစ်နိုင်ဘူးလို့ KNKT ကော်မတီ ဥက္ကဋ္ဌ ဆော်ရီဂျန်တို ဂျာဂျိုဟိုက ပြောပါတယ်။ ဒီပန်ကာ အစအနကို ရှာဖွေတွေ့ရှိရတဲ့ အတွက် လေယာဉ်ဟာ ပျက်ကျစဉ်မှာ ကောင်းကောင်း အလုပ်လုပ် နေသေးတာကို ညွှန်ပြနေတယ်လို့ သူက ဆိုပါတယ်။ ပေ ၂၅၀ ကို ကျဆင်းတဲ့ အချိန်မှာလည်း ကောင်းကောင်း

အလုပ်လုပ်နေတယ်ဆိုတာကို ပြသနေတယ်လို့ မစ္စတာ ဆော်ဂျီဂျန်တို က သတင်းဌာနတွေကို ပြန်ကြားတဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။ အခုအခါ လေယာဉ်ပျံသန်းရေး ခရီးစဉ် အချက်အလက်တွေပါရှိတဲ့ သေတ္တာ နှစ်လုံးအနက် တစ်လုံးကို ရှာတွေ့ခဲ့ပြီ ဖြစ်ပါတယ်။ လေယာဉ်ဦးခန်းထဲက

အသံတွေကို ဖမ်းယူထားတဲ့ စက်ကို ပြန်တွေ့နိုင်ဖို့အတွက်ကိုလည်း လေယာဉ် ပျက်ကျသွားတဲ့ နေရာက ပင်လယ်ရေအောက်ထဲမှာ ရှာဖွေရေးသမားတွေ ပိုက်စိပ်တိုက် ရှာဖွေနေကြဆဲပါ။ ဒါပေမယ့် သေတ္တာနက် ရှာဖွေပေးတဲ့ ကိရိယာဟာ နည်းပညာ အခက်အခဲ ဒါမှမဟုတ် ပစ္စည်းပျက်စီးနေတာမျိုးနဲ့ ကြုံခဲ့ရတယ်လို့

အင်္ဂါနေ့မနက်က KNKT အဖွဲ့က ပြောပါတယ်။ လေယာဉ်ပျံသန်းမှု ခရီးစဉ်အတွင်း လေယာဉ်ဦးခန်းထဲက အချက်အလက်တွေကို မှတ်တမ်းတင်ထားတဲ့ သေတ္တာနက်ဟာ လေယာဉ် ပျက်ကျမှုမှာ အရေးပါတဲ့ အချက်အလက်တွေကို သိုလှောင်ထားတာ ဖြစ်ပါတယ်။ ဒီသေတ္တာနက် ရှာဖွေပေးနိုင်တဲ့ ကိရိယာ

အသစ်ကို စင်္ကာပူကနေ မှာယူထားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီရှာဖွေရေး ကိရိယာ ပျက်စီးမှုက လေယာဉ်ရှာဖွေရေး လုပ်ငန်းစဉ်ကို ဘယ်လောက်အထိ ထိခိုက်နိုင်သလဲ ဆိုတာကိုတော့ အသေအချာ မသိရပါဘူး။ ဒါပေမယ့် ဒီနေ့ အင်္ဂါနေ့မှာ သေတ္တာနက်ကို ရေငုပ်သမားတွေနဲ့ ဆက်ရှာနေတဲ့

သတင်းဓာတ်ပုံတွေကို ပြည်တွင်းသတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။ တချိန်တည်းမှာပဲ လေယာဉ် အပျက်အစီးတွေ၊ ခန္ဓာကိုယ် အစိတ်အပိုင်းတွေနဲ့ ခရီးသည်တွေရဲ့ အဝတ်အစား အသုံးအဆောင် အပျက်အစီးတွေကိုလည်း ရှာဖွေတွေ့ရှိထားပြီးဖြစ်ပါတယ်။ အပျက်အစီး အစအနတွေ အများကြီးရှိနေပြီး

အနည်းငယ်ကို ဆယ်ယူထားကြောင်းနဲ့ သေတ္တာနက်ကို ရှာတွေ့နိုင်မယ်လို့ မျှော်လင့်ကြောင်း ရေတပ် အကြီးအကဲ ယူဒို မာဂိုနိုက သတင်းထောက်တွေကို ပြောပါတယ်။ ရှာဖွေရေး လုပ်ငန်းစဉ်မှာ လူပေါင်း ၂၆၀၀ ပါဝင်ပြီး သင်္ဘော အစီး ၅၀ နဲ့ လေယာဉ် ၁၃ စင်းနဲ့လည်း ပူးပေါင်း

ရှာဖွေနေတယ်လို့ AFP သတင်းဌာနက ဖော်ပြပါတယ်။ ဒါ့အပြင် လေယာဉ်ဘီး တစ်ခုနဲ့ ကိုယ်ထည် အစအနတွေကို ရှာဖွေ တွေ့ရှိထားတဲ့အပြင် အင်ဂျင်ထဲက တာဘိုင်တစ်ခုကိုလည်း တွေ့ထားတယ်လို့ ဆိုပါတယ်။ လောလောဆယ်မှာ စုံစမ်းစစ်ဆေးမှု အဆင့် ၅ ဆင့်ထဲက အဆင့် ၂ ကိုရောက်နေပြီလို့

ပို့ဆောင်ရေး ဘေးကင်း လုံခြုံမှု ဌာနက တာဝန်ရှိသူတွေက ပြောပါတယ်။ စုံစမ်းစစ်ဆေးမှု အဆင့်မှာ အချက်အလက် ရှာဖွေ စုဆောင်းမှုတွေ ပါဝင်တာကြောင့် စစ်ဆေးတွေ့ရှိမှု ထုတ်ပြန်ဖို့ တစ်နှစ်ကြာနိုင်တယ်လို့ ဆိုပါတယ်။ ဆရီဝီဂျာယား လေကြောင်းလိုင်းက ခရီးသည်တင်လေယာဥ်ဟာ ဂျာကတာရဲ့

ပင်မလေဆိပ်ကနေ စနေနေ့ ဒေသစံတော်ချိန် ၂နာရီ ၃၆ မိနစ်မှာ ပျံတက်သွားခဲ့တာပါ။ မိနစ်အနည်းငယ် အကြာ ၂ နာရီ ၄၀ မိနစ်မှာ နောက်ဆုံးဆက်သွယ်မှုကို မှတ်တမ်းတင် နိုင်ခဲ့တယ်လို့ ပို့ဆောင်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ဒီလေယာဉ်ဟာ ဘော်နီယိုကျွန်း၊ အနောက် ကလီမန်တန် မှာ

ရှိတဲ့ ပွန်တီယန်နစ်မြို့ကို ဦးတည် ပျံသန်းနေတာ ဖြစ်ပြီး ပုံမှန် ပျံသန်းချိန်ဟာ မိနစ် ၉၀ သာ ကြာမြင့်ပါတယ်။ အဲဒီ လေယာဉ်ပေါ်မှာ ကလေး ၇ ဦး၊ ရင်ခွင်ပိုက် ကလေး ၃ ဦး အပါအဝင် ခရီးသည် ၅၀ ဦးနဲ့ လေယာဉ်အမှုထမ်း ၁၂ ဦး လိုက်ပါသွားတယ်လို့ ယူဆရပါတယ်။ လေယာဉ် သယ်ဆောင်နိုင်တဲ့

ခရီးသည်ဦးရေက ၁၃၀ ဦး ဖြစ်ပါတယ်။ ဒီလေယာဉ်ပေါ် လိုက်ပါလာသူအားလုံးဟာ အင်ဒိုနီးရှား နိုင်ငံသားတွေဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ လေယာဉ်ဟာ တစ်မိနစ်အတွင်းမှာ အမြင့်ပေ ၁၀၀၀၀ အထိ ကျဆင်း သွားတယ်လို့ လေယာဉ်ခရီး လမ်းကြောင်း တွေကို

လေ့လာတဲ့ Flightrader24.com က ထုတ်ပြန်ထားပါတယ်။ မျက်မြင်တွေ့ရှိသူတွေကလည်း ပေါက်ကွဲတဲ့ အသံတွေကို မြင်ခဲ့ ကြားခဲ့ရတယ်လို့ ဆိုပါတယ်။ ဆရီဝီဂျာယား လေကြောင်းလိုင်းကို ၂၀၀၃ ခုနှစ်မှာ စတင် တည်ထောင်ခဲ့ပြီး စရိတ်သက်သာတဲ့ အင်ဒိုနီးရှား ပြည်တွင်း ခရီးစဉ်တွေနဲ့

အရှေ့တောင်အာရှ နိုင်ငံတချို့ကို သွားလာ ပြေးဆွဲနေတာပါ။ ပျက်ကျသွားတဲ့ လေယာဉ်ဟာ လေယာဉ်ပျက်ကျမှု ၂ ခုကြောင့် ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် မတ်လတုန်းက ပျံသန်းမှုတွေ ရပ်ဆိုင်းထားတဲ့ ဘိုးအင်း ၇၃၇ မက်စ် အမျိုးအစားတော့ မဟုတ်ပါဘူး။

Crd; BBC