Zawgyi

COVID-19 ေရာဂါ ကူးစက္ျပန႔္ပြားမႈကို ဆက္လက္ထိန္းခ်ဳပ္ႏိုင္ေရး သတ္မွတ္ခ်က္မ်ားႏွင့္အညီ ေဆာင္႐ြက္ႏိုင္ရန္ ၂၀၂၀ ျပည့္ႏွစ္ တကၠသိုလ္ဝင္ခြင့္စာေမးပြဲ ေျဖဆိုသူမ်ား၏ အမွတ္စာရင္းကို ၂၀၂၁ ခုႏွစ္၊ ဇန္နဝါရီလ (၁၇)ရက္ နံနက္ (၆)

နာရီမွစတင္၍ Website တြင္ အခမဲ့ ဝင္ေရာက္ ၾကည့္ရႈႏိုင္ေရး စီစဥ္ေဆာင္႐ြက္ျခင္းအား အသိေပးေၾကညာ အပ္ပါသည္။ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအေနျဖင့္ https://mmexamscore.org တြင္ ဝင္ေရာက္ၿပီး မိမိ၏ခုံအမွတ္

ႏွင့္ ေမြးသကၠရာဇ္ (ရက္၊ လ၊ ခုႏွစ္) တို႔ကို ျပည့္စုံ မွန္ကန္စြာ ျဖည့္စြက္၍ မိမိတို႔၏ အမွတ္စာရင္းမ်ားကို ၾကည့္ရႈႏိုင္မည္ ျဖစ္ပါသည္။ ႐ုံးမ်ားသို႔ လာေရာက္ေလွ်ာက္ထားျခင္း မျပဳရန္ ေမတၱာရပ္ခံပါေၾကာင္းႏွင့္ အမွတ္စာရင္းထုတ္ေပးမည္

မဟုတ္ပါေၾကာင္း၊ Covid-19 ကာကြယ္ ထိန္းခ်ဳပ္ တားဆီးႏိုင္မႈ အေျခအေနအရ အမွတ္စာရင္းမ်ားကို ထုတ္ေပးမည့္အစီအစဥ္အား ႀကိဳတင္အသိေပးမည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာနမွ ထုတ္ျပန္ေၾကညာထားသည္။

အမွတ္စာရင္းၾကည့္ရႈနည္း လမ္းၫႊန္ ႐ုပ္သံဖိုင္ကို ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာန၏ Website ႏွင့္ Facebook Page ျဖစ္ေသာ https://mmexamscore.org ႏွင့္ https://www.facebook.com/exams.mm တို႔တြင္ ၂၀၂၁ ခုႏွစ္၊ ဇန္နဝါရီလ (၁၄)ရက္ေန႔မွစ၍ ၾကည့္ရႈႏိုင္ပါေၾကာင္း အသိေပးေၾကညာထားသည္။

#သတင္းစဥ္ #Source From; MDN
Photo Credit – Department of Myanmar Examinations

Unicode

COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုကို ဆက်လက်ထိန်းချုပ်နိုင်ရေး သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်နိုင်ရန် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုသူများ၏ အမှတ်စာရင်းကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၁၇)ရက် နံနက် (၆) နာရီမှစတင်၍ Website တွင် အခမဲ့ ဝင်ရောက် ကြည့်ရှုနိုင်ရေး

စီစဉ်ဆောင်ရွက်ခြင်းအား အသိပေးကြေညာ အပ်ပါသည်။ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် https://mmexamscore.org တွင် ဝင်ရောက်ပြီး မိမိ၏ခုံအမှတ် နှင့် မွေးသက္ကရာဇ် (ရက်၊ လ၊ ခုနှစ်) တို့ကို ပြည့်စုံ မှန်ကန်စွာ ဖြည့်စွက်၍ မိမိတို့၏ အမှတ်စာရင်းများကို ကြည့်ရှုနိုင်မည် ဖြစ်ပါသည်။ ရုံးများသို့ လာရောက်လျှောက်ထားခြင်း

မပြုရန် မေတ္တာရပ်ခံပါကြောင်းနှင့် အမှတ်စာရင်းထုတ်ပေးမည် မဟုတ်ပါကြောင်း၊ Covid-19 ကာကွယ် ထိန်းချုပ် တားဆီးနိုင်မှု အခြေအနေအရ အမှတ်စာရင်းများကို ထုတ်ပေးမည့်အစီအစဉ်အား ကြိုတင်အသိပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ထုတ်ပြန်ကြေညာထားသည်။

အမှတ်စာရင်းကြည့်ရှုနည်း လမ်းညွှန် ရုပ်သံဖိုင်ကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ Website နှင့် Facebook Page ဖြစ်သော https://mmexamscore.org နှင့် https://www.facebook.com/exams.mm တို့တွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၁၄)ရက်နေ့မှစ၍ ကြည့်ရှုနိုင်ပါကြောင်း အသိပေးကြေညာထားသည်။

#သတင်းစဉ် #Source From; MDN
Photo Credit – Department of Myanmar Examinations