Zawgyi

ႏွစ္စဥ္ မတ္လတြင္ က်င္းပျပဳ လုပ္သည့္ တကၠသိုလ္ဝင္ စာေမးပြဲအား ၂၀၂၀-၂၀၂၁ မတ္လတြင္ က်င္းပျပဳ လုပ္ႏိုင္ျခင္း မရွိေတာ့ေသာေၾကာင့္ ေက်ာင္းသားမ်ား နစ္နာမႈ မရွိေစရန္ စာသင္ႏွစ္ကို ၂ ႏွစ္ေပါင္းေဆာင္ ႐ြက္ႏိုင္ရန္ ေဆြးေႏြးလ်က္

ရွိေၾကာင္း ပညာေရးဝန္ႀကီးဌာန၊ အေျခခံပညာ ဦးစီးဌာနမွ ၫႊန္ၾကားေရး မႉးခ်ဳပ္ ဦးကိုေလးဝင္းက ဇန္နဝါရီ ၈ ရက္တြင္ေျပာပါတယ္။“ဒီႏွစ္ကေတာ့ ေက်ာင္းက ခဏပဲဖြင့္ႏိုင္ခဲ့ၿပီး Home Base Learning ေတြပဲ ေက်ာင္းသားေတြ

အေနနဲ႔ လုပ္လို႔ ရတယ္ ။ေက်ာင္းျပန္ဖြင့္ တဲ့အခ်ိန္မွာ အခုဒီစာ သင္ႏွစ္ကို ေက်ာင္းသားေတြ နစ္နာမႈ မရွိဖို႔ အတြက္ Academic Year ကို ၂ ႏွစ္ေပါင္းဖို႔ လည္းေဆြးေႏြးေနတာရွိတယ္။ အဓိကက ပညာသင္ႏွစ္ မေပ်ာက္ေအာင္ လုပ္ဖို႔ပါ ။

ကြၽန္ေတာ္တို႔ ေက်ာင္းဖြင့္ခြင့္ျပန္ ရတဲ့အခ်ိန္မွာ အတိအလင္း ထုတ္ျပန္သြား မွာပါ။” ဟု၎က ဆက္ေျပာပါတယ္ ၂၀၂၀-၂၀၂၁ ပညာသင္ႏွစ္အား ေပ်ာက္မသြားေစ ရန္အတြက္ နည္းလမ္းေပါင္းစုံျဖင့္ စဥ္းစားလ်က္ ရွိေၾကာင္းဆို ပါတယ္။

“ဒီစာသင္ႏွစ္ကို Cancel လုပ္ၿပီး က်န္တဲ့ ၁၀ လ ကို ဟိုတစ္ႏွစ္ပဲ သင္လိုက္ေတာ့ဆိုၿပီး လုပ္လို႔ရခ်င္မွ ရမယ္။ ကေလးေတြရဲ႕ အက်ိဳးအတြက္ ၾကည့္ၿပီး ဘယ္လိုလုပ္ရင္ ရမလဲဆိုတာ ကို Option မ်ိဳးစုံနဲ႔ စဥ္းစားေန ပါတယ္’’ ဟု ဦးကိုေလးဝင္း

ကျဖည့္စြက္ေျပာၾကား ပါတယ္။ ကိုဗစ္ အလြန္ကာလ ေက်ာင္းျပန္ဖြင့္ သည့္အခ်ိန္တြင္ Home Base Learning ဆက္လုပ္သြားရဦးမည္ ျဖစ္ေၾကာင္းဆိုပါတယ္။ ႏိုင္ငံတစ္ဝန္း လုံးတြင္ အထက္ တန္းေက်ာင္းေပါင္း ၅,၆၃၃ ေက်ာင္းရွိေၾကာင္း ပညာေရးဝန္ႀကီး ဌာနမွ သိရ ပါတယ္။

Credit;Pyone Pyone Lay

Unicode

နှစ်စဉ် မတ်လတွင် ကျင်းပပြု လုပ်သည့် တက္ကသိုလ်ဝင် စာမေးပွဲအား ၂၀၂၀-၂၀၂၁ မတ်လတွင် ကျင်းပပြု လုပ်နိုင်ခြင်း မရှိတော့သောကြောင့် ကျောင်းသားများ နစ်နာမှု မရှိစေရန် စာသင်နှစ်ကို ၂ နှစ်ပေါင်းဆောင် ရွက်နိုင်ရန် ဆွေးနွေးလျက်

ရှိကြောင်း ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာ ဦးစီးဌာနမှ ညွှန်ကြားရေး မှူးချုပ် ဦးကိုလေးဝင်းက ဇန်နဝါရီ ၈ ရက်တွင်ပြောပါတယ်။“ဒီနှစ်ကတော့ ကျောင်းက ခဏပဲဖွင့်နိုင်ခဲ့ပြီး Home Base Learning တွေပဲ ကျောင်းသားတွေ အနေနဲ့ လုပ်လို့ ရတယ်။

ကျောင်းပြန်ဖွင့် တဲ့အချိန်မှာ အခုဒီစာ သင်နှစ်ကို ကျောင်းသားတွေ နစ်နာမှု မရှိဖို့ အတွက် Academic Year ကို ၂ နှစ်ပေါင်းဖို့ လည်းဆွေးနွေးနေတာရှိတယ်။ အဓိကက ပညာသင်နှစ် မပျောက်အောင် လုပ်ဖို့ပါ ။

ကျွန်တော်တို့ ကျောင်းဖွင့်ခွင့်ပြန် ရတဲ့အချိန်မှာ အတိအလင်း ထုတ်ပြန်သွား မှာပါ။” ဟု၎င်းက ဆက်ပြောပါတယ် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အား ပျောက်မသွားစေ ရန်အတွက် နည်းလမ်းပေါင်းစုံဖြင့် စဉ်းစားလျက် ရှိကြောင်းဆို ပါတယ်။

“ဒီစာသင်နှစ်ကို Cancel လုပ်ပြီး ကျန်တဲ့ ၁၀ လ ကို ဟိုတစ်နှစ်ပဲ သင်လိုက်တော့ဆိုပြီး လုပ်လို့ရချင်မှ ရမယ်။ ကလေးတွေရဲ့ အကျိုးအတွက် ကြည့်ပြီး ဘယ်လိုလုပ်ရင် ရမလဲဆိုတာ ကို Option မျိုးစုံနဲ့ စဉ်းစားနေ ပါတယ်’’ ဟု ဦးကိုလေးဝင်း

ကဖြည့်စွက်ပြောကြား ပါတယ်။ ကိုဗစ် အလွန်ကာလ ကျောင်းပြန်ဖွင့် သည့်အချိန်တွင် Home Base Learning ဆက်လုပ်သွားရဦးမည် ဖြစ်ကြောင်းဆိုပါတယ်။ နိုင်ငံတစ်ဝန်း လုံးတွင် အထက် တန်းကျောင်းပေါင်း ၅,၆၃၃ ကျောင်းရှိကြောင်း ပညာရေးဝန်ကြီး ဌာနမှ သိရ ပါတယ်။

Credit;Pyone Pyone Lay