Zawgyi

အေရွ႕အာဖရိက Uganda ႏိုင္ငံရွိ Mariam Nabatanzi အမည္ရွိအမ်ိဳးသမီးတစ္ဦးဟာ ေကာင္းမြန္လြန္းတဲ့အေၾကာင္းျပခ်က္ေတြေၾကာင့္ ‘ ကမာၻ႔ကေလးေမြးႏိုင္ဆုံးဆု’ကို ရရွိခဲ့ပါတယ္။ယုံၾကည္ဖို႔ခက္ခဲႏိုင္ေပမဲ့ သူမဟာ

ကေလး ၄၄ ေယာက္ ေမြးဖြားခဲ့ပါတယ္။ဘယ္လိုေတာင္ ျဖစ္ႏိုင္မလဲလို႔ေတြးမိသြားၾကမွာပါ။တစ္ကယ္လည္း Mariam ဟာ သူမ အသက္ ၁၃ႏွစ္အ႐ြယ္မွာ ပထမဆုံးအႀကိမ္ အႁမႊာပူးႏွစ္ေယာက္ ေမြးခဲ့ပါတယ္။သူမဟာ

အသက္ ၁၂ႏွစ္အ႐ြယ္မွာ ခင္ပြန္းနဲ႔လက္ထပ္ခဲ့ၿပီး ကေလးတစ္ေယာက္နဲ႔ ႏွစ္ႁမႊာပူး ၄ စုံ ၊ သုံးႁမႊာပူး ၅ စုံ နဲ႔ ေလးႁမႊာပူး ၅ စုံအထိ ေမြးဖြားခဲ့ပါတယ္။လြန္ခဲ့တဲ့ ၄ႏွစ္က ခင္ပြန္းျဖစ္သူက ထြက္သြားခဲ့တာေၾကာင့္

အသက္ ၄၀ အ႐ြယ္ရွိၿပီျဖစ္ၿပီး single mother တစ္ေယာက္ျဖစ္တဲ့ Mariam ရဲ႕ ေစာင့္ေရွာက္မႈေအာက္မွာ အသက္ရွင္ေနတဲ့ကေလး ၃၈ ေယာက္ရွိေနပါတယ္။ ထို႔ေၾကာင့္ သူမဟာ မိသားစုတစ္ခုလုံးကို ေထာက္ပံ့ဖို႔

အလုပ္ သုံးခုလုပ္ရင္း ႐ုန္းကန္ေနခဲ့ရပါတယ္။“ သူတို႔က ဘာမွမလိုအပ္ပါဘူး ၊ ဒါေပမဲ့ သူတို႔ကို ေက်ာင္းပို႔ေပးရမယ္ ” လို႔ သူမက ဆိုပါတယ္။Mariam ဆရာဝန္ရဲ႕အဆိုအရ သူမမွာ အထူးသျဖင့္ ႀကီးမားတဲ့သားဥအိမ္မ်ား

ရွိေနပါတယ္။ကံမေကာင္းစြာနဲ႔ ေမြးျမဴေရးကို ထိန္းခ်ဳပ္ျခင္းက သူမရဲ႕က်န္းမာေရးျပႆနာမ်ားျဖစ္ေပၚေစခဲ့ပါတယ္။ဥပမာအေနနဲ႔ သူမဟာ ၁၈ေယာက္ေျမာက္ကေလးေမြးၿပီးေနာက္ IUD ကိုသုံးလိုက္တဲ့အခါ

သူမဟာ coma ျဖစ္သြားခဲ့ရပါေသးတယ္။ သားဖြားမီးယပ္ဆရာဝန္ ေဒါက္တာ Charles Kiggundu က Mariamအေနနဲ႔ မ်ိဳးဥတစ္မ်ိဳးတည္းမွာ ဥမ်ားစြာကိုထုတ္လႊတ္ေနေၾကာင့္ မ်ိဳးပြါးျခင္းအခြင့္အလမ္းကိုသိသိသာသာ

တိုးပြါးေစေၾကာင္း ဆိုခဲ့ပါတယ္။သို႔ေပမဲ့လည္း Mariam ဟာ အခက္အခဲအားလုံးကို ေဘးခ်ိတ္ထားၿပီး ကေလးေတြအတြက္ သူမကို႔သူမအၿမဲ တြန္းအားေပးေနဖို႔ စိတ္ဆုံးျဖတ္ထားခဲ့ပါတယ္။ Mariam က သူမကေလးမ်ားအား

ဘုရားသခင္ေပးတဲ့အရာျဖစ္ေၾကာင္း အသိအမွတ္ျပဳထားၿပီး ဘယ္လိုပင္ျဖစ္ေနပါေစ သူတို႔အားလုံးကို ေကာင္းေကာင္းဂ႐ုစိုက္ႏိုင္ဖို႔ အတတ္ႏိုင္ဆုံးႀကိဳးစားသြားမယ္ျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါေသးတယ္။

Mia (Mckzone Daily)

Source : elitereaders

Unicode

အရှေ့အာဖရိက Uganda နိုင်ငံရှိ Mariam Nabatanzi အမည်ရှိအမျိုးသမီးတစ်ဦးဟာ ကောင်းမွန်လွန်းတဲ့အကြောင်းပြချက်တွေကြောင့် ‘ ကမ္ဘာ့ကလေးမွေးနိုင်ဆုံးဆု’ကို ရရှိခဲ့ပါတယ်။ယုံကြည်ဖို့ခက်ခဲနိုင်ပေမဲ့ သူမဟာ ကလေး ၄၄ ယောက်

မွေးဖွားခဲ့ပါတယ်။ဘယ်လိုတောင် ဖြစ်နိုင်မလဲလို့တွေးမိသွားကြမှာပါ။တစ်ကယ်လည်း Mariam ဟာ သူမ အသက် ၁၃နှစ်အရွယ်မှာ ပထမဆုံးအကြိမ် အမြွှာပူးနှစ်ယောက် မွေးခဲ့ပါတယ်။သူမဟာ အသက် ၁၂နှစ်အရွယ်မှာ ခင်ပွန်းနဲ့လက်ထပ်ခဲ့ပြီး

ကလေးတစ်ယောက်နဲ့ နှစ်မြွှာပူး ၄ စုံ ၊ သုံးမြွှာပူး ၅ စုံ နဲ့ လေးမြွှာပူး ၅ စုံအထိ မွေးဖွားခဲ့ပါတယ်။လွန်ခဲ့တဲ့ ၄နှစ်က ခင်ပွန်းဖြစ်သူက ထွက်သွားခဲ့တာကြောင့် အသက် ၄၀ အရွယ်ရှိပြီဖြစ်ပြီး single mother တစ်ယောက်ဖြစ်တဲ့ Mariam ရဲ့

စောင့်ရှောက်မှုအောက်မှာ အသက်ရှင်နေတဲ့ကလေး ၃၈ ယောက်ရှိနေပါတယ်။ ထို့ကြောင့် သူမဟာ မိသားစုတစ်ခုလုံးကို ထောက်ပံ့ဖို့ အလုပ် သုံးခုလုပ်ရင်း ရုန်းကန်နေခဲ့ရပါတယ်။“ သူတို့က ဘာမှမလိုအပ်ပါဘူး ၊ ဒါပေမဲ့ သူတို့ကို ကျောင်းပို့ပေးရမယ် ”

လို့ သူမက ဆိုပါတယ်။Mariam ဆရာဝန်ရဲ့အဆိုအရ သူမမှာ အထူးသဖြင့် ကြီးမားတဲ့သားဥအိမ်များ ရှိနေပါတယ်။ကံမကောင်းစွာနဲ့ မွေးမြူရေးကို ထိန်းချုပ်ခြင်းက သူမရဲ့ကျန်းမာရေးပြဿနာများဖြစ်ပေါ်စေခဲ့ပါတယ်။ဥပမာအနေနဲ့

သူမဟာ ၁၈ယောက်မြောက်ကလေးမွေးပြီးနောက် IUD ကိုသုံးလိုက်တဲ့အခါ သူမဟာ coma ဖြစ်သွားခဲ့ရပါသေးတယ်။ သားဖွားမီးယပ်ဆရာဝန် ဒေါက်တာ Charles Kiggundu က Mariamအနေနဲ့ မျိုးဥတစ်မျိုးတည်းမှာ

ဥများစွာကိုထုတ်လွှတ်နေကြောင့် မျိုးပွါးခြင်းအခွင့်အလမ်းကိုသိသိသာသာတိုးပွါးစေကြောင်း ဆိုခဲ့ပါတယ်။သို့ပေမဲ့လည်း Mariam ဟာ အခက်အခဲအားလုံးကို ဘေးချိတ်ထားပြီး ကလေးတွေအတွက် သူမကို့သူမအမြဲ တွန်းအားပေးနေဖို့

စိတ်ဆုံးဖြတ်ထားခဲ့ပါတယ်။ Mariam က သူမကလေးများအား ဘုရားသခင်ပေးတဲ့အရာဖြစ်ကြောင်း အသိအမှတ်ပြုထားပြီး ဘယ်လိုပင်ဖြစ်နေပါစေ သူတို့အားလုံးကို ကောင်းကောင်းဂရုစိုက်နိုင်ဖို့ အတတ်နိုင်ဆုံးကြိုးစားသွားမယ်ဖြစ်ကြောင်း ပြောကြားခဲ့ပါသေးတယ်။

Mia (Mckzone Daily)

Source : elitereaders