Mon. Nov 29th, 2021

Zawgyi







Source: Wai Minn Maung

Unicode

နေခြည်ဦးကတော့ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝပိုင်ဆိုင်ရရှိထားတဲ့ သရုပ်ဆောင်မင်းသမီးချောလေးတစ်ယောက်ပဲဖြစ်ပါတယ်။ သူမဟာBeauty Bloggerအဖြစ်ကနေ သရုပ်ဆောင်ဘက်ကိုကူးပြောင်းလာခဲ့ပြီး အခုဆိုရင်တော့“ရန်သူ”၊

“ဧည့်သည်”၊ “ပုရိသ”၊ “အခမ်းနားဆုံးမေတ္တာ”ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားတွေကို အကောင်းဆုံးပါဝင်သရုပ်ဆောင်ထားခဲ့ပြီပဲဖြစ်ပါတယ်။ လက်ရှိမှာလည်းနေခြည်ဦးဟာ ရုပ်သံဇာတ်လမ်းတွဲလေးတစ်ခုကို ရိုက်ကူးဖို့ပြင်ဆင်နေကြောင်းသိရပါတယ်။

အဲဒီဇာတ်ကားကတော့ “ချစ်ပန်းဝါဝါ” ဆိုတဲ့ရုပ်သံဇာတ်လမ်းတွဲလေးဖြစ်ပြီး ဒါရိုက်တာကိုဇော်(အရုဏ်ဦး)က ပုံဖော်ရိုက်ကူးမှာပဲဖြစ်ပါတယ်။ ခင်စောဦးရဲ့ဝတ္ထုဖြစ်ပြီး ဇာတ်ညွှန်းကတော့မယ်ခိုင်နှင့်ရွှေပြည့်ဖြစ်တယ်လို့သိရပါတယ်။

“ချစ်ပန်းဝါဝါ” ဆိုတဲ့ရုပ်သံဇာတ်လမ်းတွဲကိုတော့ နေခြည်ဦးက အကယ်ဒမီမြင့်မြတ်နဲ့အတူ ပထမဆုံးအကြိမ်တွဲဖက်သရုပ်ဆောင်သွားမှာပဲဖြစ်ပါတယ်။ အဲဒီအကြောင်းကိုတော့ ထုတ်လုပ်သူဝေမင်းမောင်က”မြင့်မြတ် ၊ နေခြည်ဦး တို့ ပထမဦးဆုံး အတွဲအဖက်ဝတ္ထု ခင်စောဦး ၊

ဇာတ်ညွှန်း က မယ်ခိုင် နှင့် ရွှေပြည့် ဒါရိုက်တာ ကိုဇော်(အာရုဏ်ဦး)“ ချစ်ပန်းဝါဝါ “( ရုပ်သံဇာတ်လမ်းတွဲ)”ဆိုပြီးရေးသားကာ မျှဝေပေးထားခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း မြင့်မြတ်နဲ့နေခြည်ဦးတို့ရဲ့ပထမဆုံးတွဲဖက်သရုပ်ဆောင်မည့် ရုပ်သံဇာတ်လမ်းတွဲလေးကိုစောင့်ကြည့်ဖို့ အဆင်သင့်ပဲလားဆိုတာပြောပြခဲ့ပါဦးနော်။

Source: Wai Minn Maung