အသက္ရွင္ခ်င္လြန္းတဲ့ ေက်ာက္ပုစြန္တစ္ေကာင္ကေတာ့ အျပဳတ္ခံေနရတဲ့ ေဟာ့ေပါ့အိုးထဲကေနေတာင္ အသက္လုၿပီး တြယ္တက္လာခဲ့ပါတယ္။ တ႐ုတ္ႏိုင္ငံက စားေသာက္ဆိုင္တစ္ဆိုင္က အျဖစ္ေလးပါ။ ေက်ာက္ပုစြန္ေလးဟာ ေဟာ့ေပါ့သုံးေဆာင္ေနခဲ့သူေတြရဲ႕ အရွင္လတ္လတ္ ျပဳတ္တာ ခံရလုနီးျဖစ္ေနခဲ့ၿပီး ေနာက္ဆုံးမွာ အသက္ရွင္ေအာင္ ႀကိဳးစားဖို႔ ဆုံးျဖတ္ခဲ့ပုံပါပဲ။ ဧည့္သည္ေတြလည္း လန႔္သြားခဲ့ပါတယ္။

ဗီဒီယိုထဲမွာ ေတြ႕ရတာကေတာ့ ေက်ာက္ပုစြန္ေလးဟာ အိုးႏႈတ္ခမ္းေပၚကို တြယ္တက္လာခဲ့ေပမယ့္ လက္မတစ္ဖက္က အိုးထဲ က်န္ေနခဲ့တာေၾကာင့္ အသက္ရွင္ခ်င္လြန္းတဲ့ ၎ဟာ အိုးထဲက်ေနတဲ့ လက္ကိုပါ ျဖဳတ္ခ်ၿပီး ထြက္လာခဲ့တဲ့အထိပါပဲ။ အိုးထဲက ထြက္လာတဲ့ အေကာင္ေလးကို အိုးထဲျပန္ပို႔လိုက္ၿပီး ဆက္စားေနလိုက္ဖို႔က လြယ္ေပမယ့္ စားသုံးသူတစ္ဦးျဖစ္တဲ့ Jiuke အမည္ရ အမ်ိဳးသားတစ္ဦးကေတာ့ အဲ့လိုမလုပ္ခဲ့ပါဘူး။

Jiuke ဟာ အသက္စြန႔္လြတ္ေျမာက္လာတဲ့ ေက်ာက္ပုစြန္ေလးကို အိမ္ေခၚသြားကာ ေမြးစားခဲ့ၿပီး ေရကန္တစ္ခုထဲမွာ ထည့္ေမြးခဲ့တယ္လို႔ သိရပါတယ္။ ေဟာ့ေပါ့အိုးထဲက ေက်ာက္ပုစြန္ရဲ႕ လြတ္ေျမာက္ခန္းကို Jiuke ႐ိုက္ကူးခဲ့တဲ့ ဗီဒီယိုဟာ ၾကည့္ရႈသူ တစ္သန္းေက်ာ္သြားခဲ့ၿပီး အိုးထဲျပန္မထည့္ဘဲ ေမြးစားခဲ့တဲ့ Jiuke ကိုလည္း ဝိုင္းခ်ီး်က်ဴးခဲ့ၾကပါတယ္။

လက္တစ္ဖက္တည္းနဲ႔ ဆက္ရွင္သန္ရမယ့္ ေက်ာက္ပုစြန္ေလးအတြက္ သိပ္ေတာ့လည္း စိတ္မပူၾကပါနဲ႔။ အဏၰဝါပညာရွင္ေတြ အဆိုအရ ေက်ာက္ပုစြန္ေတြဟာ လက္အသစ္ ထပ္ထြက္လာႏိုင္တယ္လို႔ သိထားရလို႔ပါ။

Unicode

အသက်ရှင်ချင်လွန်းတဲ့ ကျောက်ပုစွန်တစ်ကောင်ကတော့ အပြုတ်ခံနေရတဲ့ ဟော့ပေါ့အိုးထဲကနေတောင် အသက်လုပြီး တွယ်တက်လာခဲ့ပါတယ်။ တရုတ်နိုင်ငံက စားသောက်ဆိုင်တစ်ဆိုင်က အဖြစ်လေးပါ။ ကျောက်ပုစွန်လေးဟာ ဟော့ပေါ့သုံးဆောင်နေခဲ့သူတွေရဲ့ အရှင်လတ်လတ် ပြုတ်တာ ခံရလုနီးဖြစ်နေခဲ့ပြီး နောက်ဆုံးမှာ အသက်ရှင်အောင် ကြိုးစားဖို့ ဆုံးဖြတ်ခဲ့ပုံပါပဲ။ ဧည့်သည်တွေလည်း လန့်သွားခဲ့ပါတယ်။ ဗီဒီယိုထဲမှာ တွေ့ရတာကတော့ ကျောက်ပုစွန်လေးဟာ

အိုးနှုတ်ခမ်းပေါ်ကို တွယ်တက်လာခဲ့ပေမယ့် လက်မတစ်ဖက်က အိုးထဲ ကျန်နေခဲ့တာကြောင့် အသက်ရှင်ချင်လွန်းတဲ့ ၎င်းဟာ အိုးထဲကျနေတဲ့ လက်ကိုပါ ဖြုတ်ချပြီး ထွက်လာခဲ့တဲ့အထိပါပဲ။ အိုးထဲက ထွက်လာတဲ့ အကောင်လေးကို အိုးထဲပြန်ပို့လိုက်ပြီး ဆက်စားနေလိုက်ဖို့က လွယ်ပေမယ့် စားသုံးသူတစ်ဦးဖြစ်တဲ့ Jiuke အမည်ရ အမျိုးသားတစ်ဦးကတော့ အဲ့လိုမလုပ်ခဲ့ပါဘူး။ Jiuke ဟာ အသက်စွန့်လွတ်မြောက်လာတဲ့ ကျောက်ပုစွန်လေးကို အိမ်ခေါ်သွားကာ

မွေးစားခဲ့ပြီး ရေကန်တစ်ခုထဲမှာ ထည့်မွေးခဲ့တယ်လို့ သိရပါတယ်။ ဟော့ပေါ့အိုးထဲက ကျောက်ပုစွန်ရဲ့ လွတ်မြောက်ခန်းကို Jiuke ရိုက်ကူးခဲ့တဲ့ ဗီဒီယိုဟာ ကြည့်ရှုသူ တစ်သန်းကျော်သွားခဲ့ပြီး အိုးထဲပြန်မထည့်ဘဲ မွေးစားခဲ့တဲ့ Jiuke ကိုလည်း ဝိုင်းချီးျကျူးခဲ့ကြပါတယ်။ လက်တစ်ဖက်တည်းနဲ့ ဆက်ရှင်သန်ရမယ့် ကျောက်ပုစွန်လေးအတွက် သိပ်တော့လည်း စိတ်မပူကြပါနဲ့။ အဏ္ဏဝါပညာရှင်တွေ အဆိုအရ ကျောက်ပုစွန်တွေဟာ လက်အသစ် ထပ်ထွက်လာနိုင်တယ်လို့ သိထားရလို့ပါ။