ကိုယ့္ကိုယ္ကိုယ္ ကံဆိုးလွတယ္ ထင္ပါသလား၊ ဒီေႁမြႀကီးရဲ႕ အျဖစ္ကိုသာ သတိရလိုက္ပါ

Zawgyi

ကိုယ့္ကိုယ္ကိုယ္ ကံဆိုးလွတယ္ထင္ပါသလား။ မ်က္စိလည္လမ္းမွားၿပီး ဘုရားေပၚ ျဖတ္မိတာနဲ႔ တစ္သက္တစ္ကြၽန္းေထာင္က်သြားတဲ့ ေႁမြေတြကို သတိရပါ။ အခုေတာ့ ဘုရားေပၚေတာင္ မျဖတ္မိဘဲ ဘီယာဆိုင္ျဖတ္မိတာနဲ႔ ဖမ္းၿပီး

ဘုရားကို ပို႔ခံရသတဲ့။ ဒီေႁမြဆိုသည္မွာလည္း နည္းတဲ့ ကံဆိုးခ်က္လားပဲ။ ငယ္ငယ္က ေႁမြဘုရားေတြ ေႁမြေတြကို ျပထားတဲ့ ဘုရားေတြကို ေရာက္ဖူးတယ္။ ေရာက္တိုင္းလည္း သူတို႔ကို သနားတဲ့ခံစားခ်က္ကလြဲရင္ ဘာမွျဖစ္မလာ။

ကိုယ္တို႔ ၫြတ္တြားၾကည္ႏူးရတဲ့ ဘုရားပရဝုဏ္ဟာ သူတို႔အတြက္ ဘယ္ေတာ့မွ မလြတ္ေျမာက္ႏိုင္ေတာ့တဲ့ အက်ဥ္းေထာင္ ျဖစ္ေနတာကို စိတ္မေကာင္းႀကီးစြာ ခံစားရတယ္။ ဒီေနရာမွာ တစ္ခုေျပာခ်င္တာက အခုေရးသားမႈဟာ

ဘာသာေရးနဲ႔ ဘာမွမဆိုင္သလို ကိုယ္တို႔ ဗုဒၶဘာသာမွာ ေႁမြေတြ႕ရင္ ဘုရားေႁမြလုပ္ရမယ္၊ ဘုရားမွာ ထားရမယ္၊ ဘုရားမွ ျပစားရမယ္ဆိုၿပီး ျပဌာန္းထားတာ တစ္စက္ေလးမွေတာင္ မရွိ။ ျမတ္ဗုဒၶဟာ သတၱဝါေတြကို

သနားညႇာတာဖို႔သာ လမ္းျပေတာ္မူပါတယ္။ ျမတ္ဗုဒၶဟာ တိရစာၦန္ေတြကို ညႇင္းပန္းႏွိပ္စက္တာ သေဘာတူမွာ မဟုတ္ပါဘူး။ ဒါဟာ ဘုရားနဲ႔ ဘာမွမဆိုင္တဲ့ လူေတြရဲ႕ ဖင္ယားမႈ သီးသန္႔ပဲ။ ေႁမြဆိုတဲ့ သတၱဝါဟာ လူေၾကာက္ပါတယ္။

လူေတြနဲ႔ ေဝးေဝးမွာ တစ္သီးတစ္သန္႔ေနၾကတဲ့ သတၱဝါပါ။ လူေတြ တအုံးအုံးနဲ႔ ဟိုလူက လာၾကည့္၊ ဒီလူက လာၾကည့္၊ ဒုတ္နဲ႔ထိုးလို႔ထိုး၊ လက္နဲ႔ကိုင္လို႔ကိုင္၊ ကိုယ္ေပၚတင္ၿပီး ဓါတ္ပုံ႐ိုက္လို႔႐ိုက္၊ ခင္ဗ်ားတို႔သာ

အဲ့ေႁမြေနရာဆိုရင္ ေပ်ာ္မလား၊ စိတ္ဆင္းရဲေနမလား။ ေနာက္တစ္ခ်က္က ေႁမြဟာ အသားစားသတၱဝါပါ။ ဘုရားေႁမြဆိုၿပီး ဘုရားမွာ ျပခံလိုက္ရတာနဲ႔ ေႁမြသူေတာ္ေကာင္းႀကီးဆိုၿပီး သူ႔ကို ႏြားႏို႔နဲ႔ ေပါက္ေပါက္ဆုပ္ပဲ ေႂ

ကြးပါေတာ့တယ္။ ေပ်ာ္စရာေကာင္းလား။ သူတို႔ဟာ Farm မွာ ေပါက္လာတဲ့သတၱဝါမဟုတ္ဘူး။ Wild Life က လာတဲ့ သတၱဝါေတြပါ။ သူတို႔သဘာဝအရ လႈပ္ရွားမႈ၊ ႐ုန္းကန္မႈ၊ အမဲလိုက္မႈ၊ မိတ္လိုက္မႈေတြဟာ သဘာဝအတိုင္း လိုအပ္ပါတယ္။

ဘာမွ မရွိေတာ့ပါဘူး။ သူတို႔ ေပ်ာ္ေနမွာလား။ သူတို႔ဟာ တိရစာၦန္ပါ။ အဟိတ္တိရစာၦန္ပါ။ သာသနာ မျပဳႏိုင္ပါဘူး။ တိရစာၦန္ဘုံဟာ သာသနာပပါ။ သူတို႔ ဘုရားေပၚတက္တာ လမ္းမွားလာတာပါ။ ေဂါပကေတြ ေဖာသလို သာသနာလာျပဳတာ

မဟုတ္သလို ဘယ္ေႁမြကမွလည္း အိပ္မက္မေပးပါဘူး။ စားေကာင္း၊ ေသာက္ေကာင္း လူစည္ေအာင္ လုပ္ေနတဲ့အကြက္ေတြမွာ ဒီေကာင္ႀကီးေတြဟာ စေတးခံေတြ ျဖစ္ၾကရတယ္။ အၿမဲတမ္း ၿငိမ္သက္ၿပီး ေခြေန အိပ္ေနရတဲ့ ေႁမြႀကီးေတြဟာ

လူေတြကို ရန္မျပဳႏိုင္ေအာင္ ဘာဓါတ္ကူပစၥည္းေတြ အသုံးခံထားရလဲ ေတြးမိပါသလား။ အသားစားသတၱဝါဟာ အသားမစားဘဲ ႏြားႏို႔ေသာက္အသက္ရွင္ေနရတာ သူတို႔အတြက္ တကယ္ အဆင္ေျပသလား။ ကံဆိုးတာက ဒီေႁမြႀကီးေတြဟာ

သဘာဝအရ သိပ္အသက္ရွည္ပါတယ္။ သူတို႔ရဲ႕ မေသႏိုင္ျခင္းဟာ သူတို႔ရဲ႕ အက်ဥ္းေထာင္ပါပဲ။ တိရစာၦန္အခြင့္အေရး၊ တိရစာၦန္ ညႇင္းပန္းႏွိပ္စက္မႈေတြအထိ မေျပာခ်င္ပါဘူး။ ဘုရားဟာ ဘုရားေနရာ ရွိရပါမယ္။ လူဟာ လူေနရာရွိရပါမယ္။

ေႁမြဟာ ေႁမြေနရာ ရွိရပါမယ္။ ဗုဒၶဘာသာဝင္ေတြရဲ႕ အထြတ္အျမတ္ထားရာ ဘုရားပရဝုဏ္ေတြဟာ တိရစာၦန္ေတြကို ျပစားရာေနရာ မျဖစ္သင့္ပါဘူး။ တိရစာၦန္႐ုံေတြဆိုတာေတာင္ အျပင္သဘာဝနဲ႔ အနီးစပ္ဆုံးတူေအာင္ ထားေပးသင့္တာပါ။

ဒါေပမယ့္ ဘယ္တိရစာၦန္႐ုံကမႈ အဲ့အေနအထား မျပည့္မွီပါဘူး။ တိရစာၦန္ေတြကို ဖမ္းဆီးေထာင္ခ်ၿပီး ေငြယူျပစားေနတဲ့ Official Animal Abuse ေနရာႀကီးလို႔ပဲ ခံစားရလို႔ ဘယ္တိရစာၦန္႐ုံကိုမွ သြားမၾကည့္ျဖစ္ဘူး။ ဘာအျပစ္မွ

မက်ဴးလြန္မိပါဘဲ ကိုယ့္ကို ေလွာင္အိမ္ထဲထည့္၊ မေသစာေလး ေကြၽးထားၿပီး ကိုယ့္ဒုကၡေတြ မေပ်ာ္႐ႊင္မႈေတြကို လူေတြက အေပ်ာ္လာၾကည့္ေနတာ ကိုယ္ခ်င္းစာမိကတည္းက ဘယ္တိရစာၦန္႐ုံကိုမွ မသြားျဖစ္ေတာ့ဘူး။ ေတာပုံစံဖန္တီးထားတဲ့

တိရစာၦန္႐ုံေတာင္မွ သူတို႔အတြက္ အဆင္မေျပတာ၊ လူေတြအနီးအနားက ေလွာင္အိမ္ထဲ ထည့္ျပ၊ ထိပ္ပုတ္ေခါင္းပုတ္ အလုပ္ခံေနရတဲ့ ေႁမြေတြရဲ႕ ဘဝကို စဥ္းစားၾကည့္စမ္းပါ။ Wild Life ကို ျပန္ပို႔ဖို႔ အလုပ္ရႈပ္လို႔လို႔ မေျပာပါနဲ႔။

ျမန္မာျပည္မွာ ေတာေတြ ရွိပါေသးတယ္။ အဲ့အတြက္ တိရစာၦန္ေတြထိန္းသိမ္းဖို႔ တာဝန္ရွိတဲ့ဌာနေတြရွိပါတယ္။ အဲ့လူေတြ လုပ္ရမွာပါ။ ျပန္မပို႔ႏိုင္လို႔ ဘုရားကို ပို႔လိုက္ရေအာင္ ဘုရားက အဲ့လိုေနရာမ်ိဳး မဟုတ္ဘူး။ ႀကီးႏိုင္ငယ္ညႇင္းဆိုတာ

တိရစာၦန္ဝါဒပါ။ ေႁမြျဖစ္ၿပီး အဆိပ္မရွိတဲ့ ဒီေကာင္ႀကီးေတြရဲ႕ဘဝဟာ အသိဥာဏ္ရွိပါတယ္ဆိုတဲ့လူေတြရဲ႕ ႏွိပ္စက္ကလူျပဳမႈကို ထုံးစံလိုလို၊ ဘာသာေရးလိုလိုေတြနဲ႔ လုပ္သမွ် ခံေနရရွာတယ္။ ေႁမြႀကီးရင္နဂါးဆိုၿပီး ဘာမွန္းမသိတဲ့

အယူအဆႀကီးနဲ႔ ဘုရားေဟာထဲပါတဲ့ နဂါးနဲ႔ စြဲကပ္ယူဆၿပီး အတင္း ဘုရားကြၽန္လုပ္ပစ္ေနတာ အဆင္မေျပပါဘူး။ ေလးအသၤေခ်နဲ႔ ကမာၻတစ္သိန္း ပါရမီျဖည့္က်င့္ခဲ့တဲ့ သုံးေလာကထြတ္ထား

ျမတ္ဘုရားရဲ႕ ပုခုံးေပၚကို အဟိတ္တိရစာၦန္ေတြ တင္ေနတာလည္း ဘာသာဝင္တစ္ေယာက္အေနနဲ႔ မႏွစ္သက္ပါဘူး။ ေႁမြေတြကို ေႁမြစစ္စစ္ျဖစ္ခြင့္ေပးလိုက္ၾကပါ။ (အိပန္ဆယ္လို)

Unicode

ကိုယ့်ကိုယ်ကိုယ် ကံဆိုးလှတယ်ထင်ပါသလား။ မျက်စိလည်လမ်းမှားပြီး ဘုရားပေါ် ဖြတ်မိတာနဲ့ တစ်သက်တစ်ကျွန်းထောင်ကျသွားတဲ့ မြွေတွေကို သတိရပါ။ အခုတော့ ဘုရားပေါ်တောင် မဖြတ်မိဘဲ ဘီယာဆိုင်ဖြတ်မိတာနဲ့ ဖမ်းပြီး ဘုရားကို ပို့ခံရသတဲ့။

ဒီမြွေဆိုသည်မှာလည်း နည်းတဲ့ ကံဆိုးချက်လားပဲ။ ငယ်ငယ်က မြွေဘုရားတွေ မြွေတွေကို ပြထားတဲ့ ဘုရားတွေကို ရောက်ဖူးတယ်။ ရောက်တိုင်းလည်း သူတို့ကို သနားတဲ့ခံစားချက်ကလွဲရင် ဘာမှဖြစ်မလာ။ ကိုယ်တို့ ညွတ်တွားကြည်နူးရတဲ့ ဘုရားပရဝုဏ်ဟာ

သူတို့အတွက် ဘယ်တော့မှ မလွတ်မြောက်နိုင်တော့တဲ့ အကျဉ်းထောင် ဖြစ်နေတာကို စိတ်မကောင်းကြီးစွာ ခံစားရတယ်။ ဒီနေရာမှာ တစ်ခုပြောချင်တာက အခုရေးသားမှုဟာ ဘာသာရေးနဲ့ ဘာမှမဆိုင်သလို ကိုယ်တို့ ဗုဒ္ဓဘာသာမှာ မြွေတွေ့ရင် ဘုရားမြွေလုပ်ရမယ်၊

ဘုရားမှာ ထားရမယ်၊ ဘုရားမှ ပြစားရမယ်ဆိုပြီး ပြဌာန်းထားတာ တစ်စက်လေးမှတောင် မရှိ။ မြတ်ဗုဒ္ဓဟာ သတ္တဝါတွေကို သနားညှာတာဖို့သာ လမ်းပြတော်မူပါတယ်။ မြတ်ဗုဒ္ဓဟာ တိရစ္ဆာန်တွေကို ညှင်းပန်းနှိပ်စက်တာ သဘောတူမှာ မဟုတ်ပါဘူး။

ဒါဟာ ဘုရားနဲ့ ဘာမှမဆိုင်တဲ့ လူတွေရဲ့ ဖင်ယားမှု သီးသန့်ပဲ။ မြွေဆိုတဲ့ သတ္တဝါဟာ လူကြောက်ပါတယ်။ လူတွေနဲ့ ဝေးဝေးမှာ တစ်သီးတစ်သန့်နေကြတဲ့ သတ္တဝါပါ။ လူတွေ တအုံးအုံးနဲ့ ဟိုလူက လာကြည့်၊ ဒီလူက လာကြည့်၊ ဒုတ်နဲ့ထိုးလို့ထိုး၊

လက်နဲ့ကိုင်လို့ကိုင်၊ ကိုယ်ပေါ်တင်ပြီး ဓါတ်ပုံရိုက်လို့ရိုက်၊ ခင်ဗျားတို့သာ အဲ့မြွေနေရာဆိုရင် ပျော်မလား၊ စိတ်ဆင်းရဲနေမလား။ နောက်တစ်ချက်က မြွေဟာ အသားစားသတ္တဝါပါ။ ဘုရားမြွေဆိုပြီး ဘုရားမှာ ပြခံလိုက်ရတာနဲ့ မြွေသူတော်ကောင်းကြီးဆိုပြီး

သူ့ကို နွားနို့နဲ့ ပေါက်ပေါက်ဆုပ်ပဲ ကြွေးပါတော့တယ်။ ပျော်စရာကောင်းလား။ သူတို့ဟာ Farm မှာ ပေါက်လာတဲ့သတ္တဝါမဟုတ်ဘူး။ Wild Life က လာတဲ့ သတ္တဝါတွေပါ။ သူတို့သဘာဝအရ လှုပ်ရှားမှု၊ ရုန်းကန်မှု၊ အမဲလိုက်မှု၊ မိတ်လိုက်မှုတွေဟာ

သဘာဝအတိုင်း လိုအပ်ပါတယ်။ ဘာမှ မရှိတော့ပါဘူး။ သူတို့ ပျော်နေမှာလား။ သူတို့ဟာ တိရစ္ဆာန်ပါ။ အဟိတ်တိရစ္ဆာန်ပါ။ သာသနာ မပြုနိုင်ပါဘူး။ တိရစ္ဆာန်ဘုံဟာ သာသနာပပါ။ သူတို့ ဘုရားပေါ်တက်တာ လမ်းမှားလာတာပါ။ ဂေါပကတွေ ဖောသလို

သာသနာလာပြုတာ မဟုတ်သလို ဘယ်မြွေကမှလည်း အိပ်မက်မပေးပါဘူး။ စားကောင်း၊ သောက်ကောင်း လူစည်အောင် လုပ်နေတဲ့အကွက်တွေမှာ ဒီကောင်ကြီးတွေဟာ စတေးခံတွေ ဖြစ်ကြရတယ်။ အမြဲတမ်း ငြိမ်သက်ပြီး ခွေနေ အိပ်နေရတဲ့ မြွေကြီးတွေဟာ

လူတွေကို ရန်မပြုနိုင်အောင် ဘာဓါတ်ကူပစ္စည်းတွေ အသုံးခံထားရလဲ တွေးမိပါသလား။ အသားစားသတ္တဝါဟာ အသားမစားဘဲ နွားနို့သောက်အသက်ရှင်နေရတာ သူတို့အတွက် တကယ် အဆင်ပြေသလား။ ကံဆိုးတာက ဒီမြွေကြီးတွေဟာ သဘာဝအရ

သိပ်အသက်ရှည်ပါတယ်။ သူတို့ရဲ့ မသေနိုင်ခြင်းဟာ သူတို့ရဲ့ အကျဉ်းထောင်ပါပဲ။ တိရစ္ဆာန်အခွင့်အရေး၊ တိရစ္ဆာန် ညှင်းပန်းနှိပ်စက်မှုတွေအထိ မပြောချင်ပါဘူး။ ဘုရားဟာ ဘုရားနေရာ ရှိရပါမယ်။ လူဟာ လူနေရာရှိရပါမယ်။ မြွေဟာ မြွေနေရာ ရှိရပါမယ်။

ဗုဒ္ဓဘာသာဝင်တွေရဲ့ အထွတ်အမြတ်ထားရာ ဘုရားပရဝုဏ်တွေဟာ တိရစ္ဆာန်တွေကို ပြစားရာနေရာ မဖြစ်သင့်ပါဘူး။ တိရစ္ဆာန်ရုံတွေဆိုတာတောင် အပြင်သဘာဝနဲ့ အနီးစပ်ဆုံးတူအောင် ထားပေးသင့်တာပါ။ ဒါပေမယ့် ဘယ်တိရစ္ဆာန်ရုံကမှု အဲ့အနေအထား

မပြည့်မှီပါဘူး။ တိရစ္ဆာန်တွေကို ဖမ်းဆီးထောင်ချပြီး ငွေယူပြစားနေတဲ့ Official Animal Abuse နေရာကြီးလို့ပဲ ခံစားရလို့ ဘယ်တိရစ္ဆာန်ရုံကိုမှ သွားမကြည့်ဖြစ်ဘူး။ ဘာအပြစ်မှ မကျူးလွန်မိပါဘဲ ကိုယ့်ကို လှောင်အိမ်ထဲထည့်၊ မသေစာလေး ကျွေးထားပြီး

ကိုယ့်ဒုက္ခတွေ မပျော်ရွှင်မှုတွေကို လူတွေက အပျော်လာကြည့်နေတာ ကိုယ်ချင်းစာမိကတည်းက ဘယ်တိရစ္ဆာန်ရုံကိုမှ မသွားဖြစ်တော့ဘူး။ တောပုံစံဖန်တီးထားတဲ့ တိရစ္ဆာန်ရုံတောင်မှ သူတို့အတွက် အဆင်မပြေတာ၊ လူတွေအနီးအနားက လှောင်အိမ်ထဲ ထည့်ပြ၊

ထိပ်ပုတ်ခေါင်းပုတ် အလုပ်ခံနေရတဲ့ မြွေတွေရဲ့ ဘဝကို စဉ်းစားကြည့်စမ်းပါ။ Wild Life ကို ပြန်ပို့ဖို့ အလုပ်ရှုပ်လို့လို့ မပြောပါနဲ့။ မြန်မာပြည်မှာ တောတွေ ရှိပါသေးတယ်။ အဲ့အတွက် တိရစ္ဆာန်တွေထိန်းသိမ်းဖို့ တာဝန်ရှိတဲ့ဌာနတွေရှိပါတယ်။ အဲ့လူတွေ လုပ်ရမှာပါ။

ပြန်မပို့နိုင်လို့ ဘုရားကို ပို့လိုက်ရအောင် ဘုရားက အဲ့လိုနေရာမျိုး မဟုတ်ဘူး။ ကြီးနိုင်ငယ်ညှင်းဆိုတာ တိရစ္ဆာန်ဝါဒပါ။ မြွေဖြစ်ပြီး အဆိပ်မရှိတဲ့ ဒီကောင်ကြီးတွေရဲ့ဘဝဟာ အသိဥာဏ်ရှိပါတယ်ဆိုတဲ့လူတွေရဲ့ နှိပ်စက်ကလူပြုမှုကို ထုံးစံလိုလို၊ ဘာသာရေးလိုလိုတွေနဲ့

လုပ်သမျှ ခံနေရရှာတယ်။ မြွေကြီးရင်နဂါးဆိုပြီး ဘာမှန်းမသိတဲ့ အယူအဆကြီးနဲ့ ဘုရားဟောထဲပါတဲ့ နဂါးနဲ့ စွဲကပ်ယူဆပြီး အတင်း ဘုရားကျွန်လုပ်ပစ်နေတာ အဆင်မပြေပါဘူး။ လေးအင်္သချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ကျင့်ခဲ့တဲ့

သုံးလောကထွတ်ထား မြတ်ဘုရားရဲ့ ပုခုံးပေါ်ကို အဟိတ်တိရစ္ဆာန်တွေ တင်နေတာလည်း ဘာသာဝင်တစ်ယောက်အနေနဲ့ မနှစ်သက်ပါဘူး။ မြွေတွေကို မြွေစစ်စစ်ဖြစ်ခွင့်ပေးလိုက်ကြပါ။ (အိပန်ဆယ်လို)