Zawgyi






Mia (Mckzone Daily)

Unicode

ပြီးခဲ့တဲ့နှစ်က Kurtna Matasjarv ရေကန်ဘေးမှာ ‌ ဒေသခံကောင်လေးတစ်ယောက်ဟာ လမ်းလျှောက်ရင်းကနေ ရေကန်နားမှာဘီးရာ ကိုမထင်မှတ်ဘဲ တွေ့ခဲ့ပါတယ်။ ဒါပေမဲ့ အဲ့ဒီဘီးရာဟာ ဘယ်နေရာကနေ ထွက်လာတယ်ဆိုတာ မသိခဲ့ပါဘူး။ အခြား

လှေဆိုရင်လည်း အဲ့ဒီရေကန်ဟာ လှေတွေ သွားလာဖို့အတွက် အရမ်းသေးငယ်လွန်းပါတယ်။ ကောင်လေးက အဲ့ဒီဘီးရာဟာ တစ်ခုခုတော့ တစ်ခုခုဘဲဆိုပြီး စပ်စုချင်စိက်ပြင်းပြခဲ့ပါတယ်။ ၂လအကြာမှာ ကောင်လေးက အဲ့ဒီရေကန်က‌နေ ပူးဖောင်းအမြှုပ်တွေ

ထွက်နေတာကို မြင်တွေ့ခဲ့ပါတယ်။ စစ်‌ဆေး‌ရေးအဖွဲ့တစ်ဖွဲ့က ရေကန်ရဲ့အောက်ဘက်ဝန်းကျင်တွေကိုရှာလိုက်တော့ ပဟေဠိဆန်ဆန်အရာကြီးတစ်ခုကိုတွေ့ခဲ့ပါတယ်။ Jurtna Matasjerv ရေကန်ကနေဆွဲထုတ်ရင်း နည်းနည်းပေါ်လာတော့ အံ့သြစရာ

စစ်တင့်ကားကြီးဖြစ်နေပါတယ်။ သူတို့တွေ ဆွဲထုတ်ပြီးတဲ့နောက် အဲ့ဒီ စစ်တင့်ကားက အကောင်းပကတိအတိုင်း ရှိနေပါသေးတယ်။ အဲ့ဒီတင့်ကားရဲ့အလေးချိန်က တန်ချိန်၂၇ပေါင်လောက်ရှိပြီး ဆယ်စုနှစ်လောက်ထိ ရွှံ့တွေနဲ့ ရေကန်အောက်ဘက်မှာ နက်ရှိုင်းစွာ သိုဝှက်မြှုပ်နေခဲ့တာပါ။

၁၉၄၄ ခုနှစ်က Sovite Army ဖန်တီးထားတဲ့ စစ်တင့်ကားဘဲဖြစ်ပါတယ်။ နောက်ပြီး ဒုတိယကမ္ဘာစစ်အတွင်း ဂျာမန်လူမျိုးတွေ အသုံးပြုခဲ့တဲ့ စစ်တင့်ကားလို့လည်းသိရပါတယ်။

Mia (Mckzone Daily)