Sun. Nov 28th, 2021

ဇာတ်ပို့သရုပ်ဆောင် နိုင်လူကတော့ လူကြမ်းမင်းသားတစ်ဦးဖြစ်သလို ဗီလိန်ဇာတ်ရုပ်တွေကိုလည်း ပီပြင်ပြောင်မြောက်အောင် ဖန်တီးစွမ်းရှိသူ ဖြစ်ပါတယ်။ သရုပ်ဆောင်တော်လွန်းလို့

ပရိသတ်တွေရဲ့ချီးကျူးမှုကိုပါရရှိနေတဲ့ နိုင်လူက ဗီဒီယိုဇာတ်ကားတွေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေ အများအပြားကို ရိုက်ကူးခဲ့ရတာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း နိုင်လူက သူကိုယ်တိုင်ဒါရိုက်တာအဖြစ်ပါ ဆောင်ရွက်ပြီး

ကြော်ငြာတွေရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။ အခုချိန်အထိ ယောက်ျားပီသပြီး တည်ကြည်ခန့်ညားနေဆဲဖြစ်တဲ့ နိုင်လူကတော့ ချစ်ရတဲ့မိသားစုနဲ့အတူ သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ ဘဝလေးတစ်ခုကို

တည်ဆောက်ထားတာ ဖြစ်ပါတယ်။ လတ်တလောမှာဆိုရင် နိုင်လူက Tik Tok ဗီဒီယိုလေးတွေ မကြာခဏရိုက်ကူးပြီး အောင်မြင်နေတာ ဖြစ်ပါတယ်။ သူများတွေနဲ့မတူအောင် အိုင်ဒီယာအသစ်တွေနဲ့

အပီအပြင်သရုပ်ဆောင်ပြီး ရိုက်ကူးလေ့ရှိတဲ့ နိုင်လူ့ရဲ့Tik Tok ဗီဒီယိုတွေက ပရိသတ်တွေကြားမှာ ကြည့်ရှုသူများပြားနေတာလည်း ဖြစ်ပါတယ်။ အခုလည်း နိုင်လူက မင်းသမီးချောလေး

မမဆောင်းရဲ့အသံကို နောက်ခံထားပြီး အခွီတလိုင်း ဗီဒီယိုလေးတစ်ခုကို ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ ဒီဗီဒီယိုလေးမှာ မမဆောင်းက မကြာသေးခင်ကပဲပုံတင်ရင်းနဲ့ မပေါ်သင့်တာပေါ်သွားလို့

ပရိသတ်တွေကို ပြန်ရှင်းပြနေတဲ့အသံကို နိုင်လူက နားထောင်နေတာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ရုတ်တရက်ကြီး မမဆောင်းပြောချလိုက်တဲ့ စကားတစ်ခွန်းကြောင့် နိုင်လူပါ မျက်လုံးပြူးသွားခဲ့ရတာပဲ ဖြစ်ပါတယ် ။

ကဲ ချစ်ပရိသတ်တွေအတွက် သရုပ်ဆောင်နိုင်လူရဲ့ဟာသ Tik Tok ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source : Naing Lu’s Tik Tok Acc