ၾကက္ေျခေထာက္မာလာ ႏွင့္ အာလူးမာလာ ျပဳလုပ္နည္းအဆင့္ဆင့္

Zawgyi

ၾကက္ေျခေထာက္မာလာ လုပ္နည္းေလးပါ

ၾကက္ေျခေထာက္ေတြကို အရင္ဆုံး သန႔္စင္ၿပီး တရည္ျပဳတ္သြန္လိုက္ပါ။ ေနာက္တရည္ထပ္တည္ၿပီးၾကက္ေျခေထာက္ေတြထည့္ ဂ်င္းခပ္ပါးပါးလွီးထည့္ၿပီး ႏူးေအာင္ျပဳတ္ပါ။

ၾကက္ေျခေထာက္ေတြ ႏူးရင္ ေရခဲေရထဲ ထည့္စိမ္ထားပါ။ အႏွစ္ခ်က္ရန္အတြက္ ၾကက္သြန္ျဖဴအနည္းငယ္ ႏႈတ္ႏႈတ္စင္းၿပီးဆီအရင္သတ္ ေမႊးလာရင္ မာလာဟင္းအႏွစ္၂ဇြန္းထည့္

ပဲငပိအနည္းငယ္၊ ၾကက္သားမႈန႔္ႏွင့္သၾကားအနည္းငယ္၊ ဆားကေတာ့ လိုမွထပ္ထည့္ပါ။ ပဲငပိပါေတာ့ ငန္တတ္လို႔ပါ။ ေျမပဲေလွာ္ေထာင္းအနည္းငယ္ထည့္၊ ေကာ္မႈန႔္ကို ေရနဲ႔ေဖ်ာ္ၿပီးထည့္၊

ေရခဲစိမ္ထားတဲ့ၾကက္ေျခေထာက္ေတြထည့္ေမႊ၊ ေကာ္ရည္ေလးပ်စ္လာရင္ ႏွမ္းေလွာ္ေစ့ေလးနဲ႔ ၾကက္သြန္ၿမိတ္ေလးေတြျဖဴးထည့္ေပးလိုက္ပါ။

#Credit Moe GokbThu မိုးဂုတ္သူ

အာလူးမာလာ လုပ္နည္းေလးပါ

အာလူးကို အခြံခြာၿပီး အ႐ြယ္တူအေခ်ာင္းေလးေတြျဖစ္ေအာင္ လွီးထားပါ (အ႐ြယ္မညီရင္ ေၾကာ္တဲ့အခါ အက်က္မညီလို႔ပါ ) လွီးထားတဲ့ အာလူးေခ်ာင္ေလးေတြကို ေရေႏြးဆူဆူထဲ ဆားထည့္ၿပီး

၅မိနစ္ေလာက္ျပဳတ္ပါ ၿပီးရင္ ျပန္ဆယ္ၿပီး ေရခဲေရနဲ႔စိမ္ထားပါ ၁၅မိနစ္ေလာက္ၾကာရင္ အာလူးကိုေရစစ္ၿပီးေၾကာ္ပါ အာလူးက်က္ရင္ အသားေတြဆက္ေၾကာ္ပါတယ္ (ဒီမွာေတာ့ အႏွင္းက

အသားပါမွႀကိဳက္တာမို႔ 😁ဝက္သားရယ္ sausage ရယ္ ဂဏန္းေခ်ာင္းရယ္ ထည့္ပါတယ္ ) သက္သက္လြတ္စားမယ္ဆို အဲအဆင့္ေက်ာ္ပါေနာ္☺️ အကုန္လုံးေၾကာ္ၿပီးရင္ မာလာအႏွစ္ထည့္ပါမယ္

(မာလာအႏွစ္မထည့္ခင္ သတိထားရမွာက ဆီေတြခပ္ထုတ္ဖို႔ပါ မာလာအႏွစ္မွာလည္း ဆီပါေသးတာမို႔ အာလူးေၾကာ္ထားတဲ့ဆီအတိုင္းမခပ္ပဲ ခ်က္ရင္ ဆီေတြအိုင္ၿပီး စားမေကာင္းေတာ့ပါ)

ဆီကို ထမင္းစားဇြန္း၂ဇြန္းစာေလာက္က်န္တဲ့အထိ ခပ္ထုတ္ေပးပါ ၿပီးမွ မာလာအႏွစ္ထည့္ပါ အႏွင္းကေတာ့ Mr.spicy ဆိုတဲ့ မာလာအႏွစ္ကိုသုံးပါတယ္ ကိုယ္ခ်က္တဲ့portion ေပၚမူတည္ၿပီးခ်ိန္ထည့္ပါေနာ္

(ပုံထဲကဟာဆို လက္ဖက္ရည္ဇြန္း တဇြန္းခြဲ ထည့္ထားတာပါ ) မာလာအႏွစ္ကို ဆီသတ္ၿပီးရင္ ေရနည္းနည္းထည့္ပါ အခ်ိဳမႈန႔္ဆားထည့္ပါ (ဆားနည္းနည္းေလ်ာ့ထည့္ပါ အာလူးျပဳတ္တုန္းကလည္း

ဆားပါၿပီး မာလာအႏွစ္ကလည္းငန္လို႔ပါ) (ေရထည့္မွ အာလူးထဲကို အရသာေရာက္တာပါ ေရကနည္းနည္းပဲေနာ္ မ်ားႀကီးဆို ေပ်ာ့ၿပဲသြားပါလိမ့္မယ္) ေရဆူရင္ ခုနကေၾကာ္ထားတာေတြရယ္ ေျမပဲရယ္

အကုန္ေရာသမေမႊလိုက္ပါ အႏွင္းကေတာ့ ပူစီနံကို တခါတည္းထည့္ရတာႀကိဳက္လို႔ တခါတည္းေရာထည့္ပါတယ္ ႏြမ္းတာ မႀကိဳက္ရင္ ပန္းကန္ထဲေရာက္မွ အေပၚကေနထည့္ပါ ၿပီးရင္ ႏွမ္းျဖဴးပါ ဒါဆို စားလို႔ေကာင္းတဲ့ အာလူးမာလာရပါၿပီ ☺️

#credit See Less

Unicode

ကြက်ခြေထောက်မာလာ လုပ်နည်းလေးပါ

ကြက်ခြေထောက်တွေကို အရင်ဆုံး သန့်စင်ပြီး တရည်ပြုတ်သွန်လိုက်ပါ။ နောက်တရည်ထပ်တည်ပြီးကြက်ခြေထောက်တွေထည့် ဂျင်းခပ်ပါးပါးလှီးထည့်ပြီး နူးအောင်ပြုတ်ပါ။ ကြက်ခြေထောက်တွေ နူးရင် ရေခဲရေထဲ ထည့်စိမ်ထားပါ။

အနှစ်ချက်ရန်အတွက် ကြက်သွန်ဖြူအနည်းငယ် နှုတ်နှုတ်စင်းပြီးဆီအရင်သတ် မွှေးလာရင် မာလာဟင်းအနှစ်၂ဇွန်းထည့် ပဲငပိအနည်းငယ်၊ ကြက်သားမှုန့်နှင့်သကြားအနည်းငယ်၊ ဆားကတော့ လိုမှထပ်ထည့်ပါ။

ပဲငပိပါတော့ ငန်တတ်လို့ပါ။ မြေပဲလှော်ထောင်းအနည်းငယ်ထည့်၊ ကော်မှုန့်ကို ရေနဲ့ဖျော်ပြီးထည့်၊ ရေခဲစိမ်ထားတဲ့ကြက်ခြေထောက်တွေထည့်မွှေ၊ ကော်ရည်လေးပျစ်လာရင် နှမ်းလှော်စေ့လေးနဲ့ ကြက်သွန်မြိတ်လေးတွေဖြူးထည့်ပေးလိုက်ပါ။

#Credit Moe GokbThu မိုးဂုတ်သူ

အာလူးမာလာ လုပ်နည်းလေးပါ

အာလူးကို အခွံခွာပြီး အရွယ်တူအချောင်းလေးတွေဖြစ်အောင် လှီးထားပါ (အရွယ်မညီရင် ကြော်တဲ့အခါ အကျက်မညီလို့ပါ ) လှီးထားတဲ့ အာလူးချောင်လေးတွေကို ရေနွေးဆူဆူထဲ ဆားထည့်ပြီး ၅မိနစ်လောက်ပြုတ်ပါ ပြီးရင်

ပြန်ဆယ်ပြီး ရေခဲရေနဲ့စိမ်ထားပါ ၁၅မိနစ်လောက်ကြာရင် အာလူးကိုရေစစ်ပြီးကြော်ပါ အာလူးကျက်ရင် အသားတွေဆက်ကြော်ပါတယ် (ဒီမှာတော့ အနှင်းက အသားပါမှကြိုက်တာမို့ 😁ဝက်သားရယ် sausage ရယ် ဂဏန်းချောင်းရယ် ထည့်ပါတယ် )

သက်သက်လွတ်စားမယ်ဆို အဲအဆင့်ကျော်ပါနော်☺️ အကုန်လုံးကြော်ပြီးရင် မာလာအနှစ်ထည့်ပါမယ် (မာလာအနှစ်မထည့်ခင် သတိထားရမှာက ဆီတွေခပ်ထုတ်ဖို့ပါ မာလာအနှစ်မှာလည်း ဆီပါသေးတာမို့ အာလူးကြော်ထားတဲ့ဆီအတိုင်းမခပ်ပဲချက်ရင်

ဆီတွေအိုင်ပြီး စားမကောင်းတော့ပါ) ဆီကို ထမင်းစားဇွန်း၂ဇွန်းစာလောက်ကျန်တဲ့အထိ ခပ်ထုတ်ပေးပါ ပြီးမှ မာလာအနှစ်ထည့်ပါ အနှင်းကတော့ Mr.spicy ဆိုတဲ့ မာလာအနှစ်ကိုသုံးပါတယ် ကိုယ်ချက်တဲ့portion ပေါ်မူတည်ပြီးချိန်ထည့်ပါနော်

(ပုံထဲကဟာဆို လက်ဖက်ရည်ဇွန်း တဇွန်းခွဲ ထည့်ထားတာပါ ) မာလာအနှစ်ကို ဆီသတ်ပြီးရင် ရေနည်းနည်းထည့်ပါ အချိုမှုန့်ဆားထည့်ပါ (ဆားနည်းနည်းလျော့ထည့်ပါ အာလူးပြုတ်တုန်းကလည်း ဆားပါပြီး မာလာအနှစ်ကလည်းငန်လို့ပါ)

(ရေထည့်မှ အာလူးထဲကို အရသာရောက်တာပါ ရေကနည်းနည်းပဲနော် များကြီးဆို ပျော့ပြဲသွားပါလိမ့်မယ်) ရေဆူရင် ခုနကကြော်ထားတာတွေရယ် မြေပဲရယ် အကုန်ရောသမမွှေလိုက်ပါ အနှင်းကတော့ ပူစီနံကို

တခါတည်းထည့်ရတာကြိုက်လို့ တခါတည်းရောထည့်ပါတယ် နွမ်းတာ မကြိုက်ရင် ပန်းကန်ထဲရောက်မှ အပေါ်ကနေထည့်ပါ ပြီးရင် နှမ်းဖြူးပါ ဒါဆို စားလို့ကောင်းတဲ့ အာလူးမာလာရပါပြီ ☺️

#credit See Less