Zawgyi

အရမ္းေၾကကြဲစရာအျဖစ္အပ်က္ေလးပါအရင္က တပည့္ေတြကို စာသင္ေပးခဲ့ၿပီး ႏိုင္ငံ့သားေကာင္းေတြ ေမြးထုတ္ေပးခဲ့တဲ့ ဆရာမခုေတာ့ ကူသူမရွိ လမ္းေပၚမွာ စိတ္ေဖာက္ျပန္ၿပီး ေလွ်ာက္သြားေနရတဲ့ အျဖစ္သို႔ေရာက္ေနရပါၿပီ.ႀကဳံခဲ့ၿပီးကူညီခဲ့တဲ့ အစ္မတစ္ေယာက္က ဒီအေၾကာင္းေလးကို ခုလိုေျပာျပထားပါတယ္ “ပုံ႔တို႔ေတြဂ်င္းအႀကီး

ႀကီးမိခဲ့ၾကတာပါငယ္ငယ္တုံးကမိဘေတြေျပာတဲ့ ပညာတတ္ရင္ထမင္းစားလက္မွတ္ရသြားၿပီ၊ လူတန္းေစ့ေလးေနႏိုင္ၿပီဆိုတာဂ်င္းပါ၊ တကယ္က ကိုယ္ဘယ္လိုဘဝမွာ ေနရမယ္ဆိုတာကိုယ္ျပဳခဲ့တဲ့ အတိတ္ကံ၊ ပစၥဳပၸန္ကံေတြနဲ႔ဘဲဆိုင္တာပါ ဒီအဖြားဆို ေက်ာင္းဆရာမေဟာင္းတစ္ဦးပါအသက္ႀကီး သူငယ္ျပန္ေတာ့ မိသားစုကအခုလို စလင္းနဲ႔ ကံျပားၾကား

ကားလမ္းေဘးမွာပစ္သြားၾကတယ္ စိတ္ေဖာက္ၿပီးေလွ်ာက္သြားေနရွာတဲ့အဖြားကို ဆိုင္ကယ္က ထပ္တိုက္ေျပးသြားျပန္ပါတယ္ဒီလိုနဲ႔ အခု အဖြားဟာဖင္ဒ႐ြတ္ဆြဲႀကီးနဲ႔ေနပူပူ ကတၱရာလမ္းမေပၚ ေလွ်ာက္သြားေနရွာတယ္မၾကည့္ရက္တဲ့လူေတြကလမ္းေဘးတဲထိုးေပးထားေပမဲ့ ေလွ်ာက္သြားေနတာပါဘဲဒါကိုအကိုတစ္ေယာက္ကေတြ႕ၿပီး ပုံ႔ဆီဆက္သြယ္လာခဲ့တာပါ။

တကယ္ဆို ပုံ႔ရိပ္သာေလး အရမ္းေငြေၾကးခက္ခဲေနတဲ့ အခ်ိန္ပါဒီေန႔ေတာင္ရိပ္သာမွာ မနက္ျဖန္အတြက္ သုံးစရာေငြမရွိေတာ့လို႔သူမ်ားဆီက (၅) သိန္း ေခ်းခဲ့ရပါေသးတယ္ပုံ႔ရိပ္သာအသုံးစရိတ္က တေန႔ကို ၃ သိန္းအထက္မို႔ တလ တလ ေလာက္ငွဖို႔ မနဲျပဴၿပဲေနေအာင္ရွာရတာပါဒါေပမဲ့ ဒီလိုဘဝေတြ ေတြ႕ျပန္ေတာ့လဲ မကယ္ဘဲမေနႏိုင္ပါဘူးကိုယ္သာရင္ဘတ္ေတြ ေ

အာင့္တဲ့အထိ စိတ္ပင္ပန္းေတြခံမရရေအာင္႐ုန္းကန္ၿပီးလူေတြထပ္ထပ္ ကယ္ျဖစ္ေနပါတယ္မႏိုင္ဝန္ေပမဲ့ ႀကဳံး႐ုန္းထမ္းေနပါတယ္၊ အခုလဲ အဖြားကို ကယ္ဖို႔ ပုံ႔ စလင္းမွာပါ၊ ပုံ႔ လမ္းမွာေတြးမိတယ္၊ လူေတြဟာ ကိုယ့္ဘဝအတြက္အသုံးမဝင္ေတာ့ဘူးထင္ရင္ သားသမီးကလဲမိဘကို တိရိစာၦန္တစ္ေကာင္လို လမ္းေဘးေန၊ လမ္းေဘးစား၊ ႀကိဳက္တဲ့လူ ေစာ္ကားလို႔ရတဲ့

ဘဝမွာပစ္သြားဖို႔ဝန္မေလးၾကေတာ့သလိုကိုယ့္ဘဝအတြက္ ရႈပ္တယ္လို႔ထင္လာရင္ ကိုးလလြယ္ ဆယ္လဖြား ကိုယ္ေမြးထားတဲ့ သားလဲ မိဘအရင္းေတြက အမႈိက္တခုလို က်ီးထိုးထိုး ေခြးစားစား လြယ္လြယ္ဘဲလႊင့္ပစ္လိုက္ၾကတယ္ ဒီလိုနဲ႔ဘဲ ဒါလူ႔ဘဝပါလို႔သတ္မွတ္ဖို႔ေတာင္ ခက္ခဲတဲ့တိရိစာၦန္သာသာဘဝေတြနဲ႔ ရွင္သန္ေနၾကရရွာတဲ့ သက္ႀကီး႐ြယ္အိုေတြ၊ ေလာကၾကကို

အ႐ြဲ႕တိုက္မယ္ ဆိုတဲ့မ်ိဳးဆက္သစ္ေတြမ်ားလာခဲ့တယ္ဒါဟာေလာကပါလတရားေတြပ်က္သုဥ္းလာလို႔ပါ ဘာသာေရး ရႈ႕ေဒါင့္ကေနၾကည့္ရင္တခ်ိန္မွာ သားကိုပစ္ခဲ့တဲ့အမိဟာသားကပစ္သြားတဲ့ အမိျဖစ္ လာမယ္အမိကို ပစ္မိတဲ့သားဟာလဲအမိက အပစ္ခံရတဲ့ သားျပန္ျဖစ္လာမွာဘဲဒီလိုနဲ႔ သံသရာေတြလည္ေနမယ္ပစ္သူမ်ားေလအပစ္ခံရသူမ်ားေလနဲ႔ ေလာကႀကီးဆုတ္သြားမယ္ဒီလိုနဲ႔ဘဲပုံ႔တို႔ မကယ္ႏိုင္ေတာ့ထိမ်ားျပ

ားလာမယ္ထင္ပါတယ္။ ဒီလိုဆုတ္ကပ္ႀကီးထဲရွင္သန္ရမယ့္ လူျဖစ္ေနတဲ့အတြက္ဘဝဆက္တိုင္း ၾကားသမွ် ျမင္သမွ် ဒုကၡဟူသမွ်ကယ္တင္ႏိုင္ေသာသူ ျဖစ္ရပါလို၏ ဆိုတဲ့ဆုေလးတစ္ခုေတာင္းရင္းနဲ႔ နိဗၺာန္ဆိုတာ ဘယ္မွန္းမသိကိုယ္ကယ္တဲ့ လူေတြအဆင္ေျပေစဖို႔ အတြက္ ေလာဘ၊ ေဒါသ၊ ေမာဟေတြနဲ႔ ျပည့္ေနတဲ့လားရားမေကာင္းေလာက္တဲ့ ပရဟိတ သမားဘဝမွာ ေပ်ာ္ေနမိတယ္.”ပြင့္လာမယ့္

ပန္းေလးေတြကို ေျမေတာင္ေျမႇာက္ေပးခဲ့တဲ့ ဆရာမခုေတာ့ ဒုကၡေရာက္ေနရပါတယ္အဲအစ္မလည္း ကူညီေနတယ္ၾကားပါတယ္ပရိသတ္ႀကီးတို႔လည္း ကူႏိုင္သူေတြ ေတြ႕ေအာင္ဒီစာေလးကို မွ်ေဝေပးပါဆရာမေက်းဇူးကို အထူးဆပ္ႏိုင္ၾကပါေစ။ အခ်ိန္ေပးၿပီးဖတ္ရႈ႕ေပးၾကေသာ ပရိတ္သတ္ႀကီးအားလုံးလည္း သာယာေသာေန႔ေလးျဖစ္ပါေစ ေက်းဇူးလည္းအထူးတင္ရွိပါတယ္ေနာ္။ ခရက္ဒစ္ Thin Shwe Sin Hlaing

Unicode

အရမ်းကြေကွဲစရာအဖြစ်အပျက်လေးပါအရင်က တပည့်တွေကို စာသင်ပေးခဲ့ပြီး နိုင်ငံ့သားကောင်းတွေ မွေးထုတ်ပေးခဲ့တဲ့ ဆရာမခုတော့ ကူသူမရှိ လမ်းပေါ်မှာ စိတ်ဖောက်ပြန်ပြီး လျှောက်သွားနေရတဲ့ အဖြစ်သို့ရောက်နေရပါပြီ.ကြုံခဲ့ပြီးကူညီခဲ့တဲ့ အစ်မတစ်ယောက်က ဒီအကြောင်းလေးကို ခုလိုပြောပြထားပါတယ် “ပုံ့တို့တွေဂျင်းအကြီးကြီးမိခဲ့ကြတာပါငယ်ငယ်တုံးကမိဘတွေပြောတဲ့ ပညာတတ်ရင်ထမင်းစားလက်မှတ်ရသွားပြီ၊

လူတန်းစေ့လေးနေနိုင်ပြီဆိုတာဂျင်းပါ၊ တကယ်က ကိုယ်ဘယ်လိုဘဝမှာ နေရမယ်ဆိုတာကိုယ်ပြုခဲ့တဲ့ အတိတ်ကံ၊ ပစ္စုပ္ပန်ကံတွေနဲ့ဘဲဆိုင်တာပါ ဒီအဖွားဆို ကျောင်းဆရာမဟောင်းတစ်ဦးပါအသက်ကြီး သူငယ်ပြန်တော့ မိသားစုကအခုလို စလင်းနဲ့ ကံပြားကြား ကားလမ်းဘေးမှာပစ်သွားကြတယ် စိတ်ဖောက်ပြီးလျှောက်သွားနေရှာတဲ့အဖွားကို ဆိုင်ကယ်က ထပ်တိုက်ပြေးသွားပြန်ပါတယ်ဒီလိုနဲ့ အခု အဖွားဟာဖင်ဒရွတ်ဆွဲကြီးနဲ့နေပူပူ

ကတ္တရာလမ်းမပေါ် လျှောက်သွားနေရှာတယ်မကြည့်ရက်တဲ့လူတွေကလမ်းဘေးတဲထိုးပေးထားပေမဲ့ လျှောက်သွားနေတာပါဘဲဒါကိုအကိုတစ်ယောက်ကတွေ့ပြီး ပုံ့ဆီဆက်သွယ်လာခဲ့တာပါ။ တကယ်ဆို ပုံ့ရိပ်သာလေး အရမ်းငွေကြေးခက်ခဲနေတဲ့ အချိန်ပါဒီနေ့တောင်ရိပ်သာမှာ မနက်ဖြန်အတွက် သုံးစရာငွေမရှိတော့လို့သူများဆီက (၅) သိန်း ချေးခဲ့ရပါသေးတယ်ပုံ့ရိပ်သာအသုံးစရိတ်က တနေ့ကို ၃ သိန်းအထက်မို့ တလ တလ လောက်ငှဖို့

မနဲပြူပြဲနေအောင်ရှာရတာပါဒါပေမဲ့ ဒီလိုဘဝတွေ တွေ့ပြန်တော့လဲ မကယ်ဘဲမနေနိုင်ပါဘူးကိုယ်သာရင်ဘတ်တွေ အောင့်တဲ့အထိ စိတ်ပင်ပန်းတွေခံမရရအောင်ရုန်းကန်ပြီးလူတွေထပ်ထပ် ကယ်ဖြစ်နေပါတယ်မနိုင်ဝန်ပေမဲ့ ကြုံးရုန်းထမ်းနေပါတယ်၊ အခုလဲ အဖွားကို ကယ်ဖို့ ပုံ့ စလင်းမှာပါ၊ ပုံ့ လမ်းမှာတွေးမိတယ်၊ လူတွေဟာ ကိုယ့်ဘဝအတွက်အသုံးမဝင်တော့ဘူးထင်ရင် သားသမီးကလဲမိဘကို တိရိစ္ဆာန်တစ်ကောင်လို လမ်းဘေးနေ၊

လမ်းဘေးစား၊ ကြိုက်တဲ့လူ စော်ကားလို့ရတဲ့ ဘဝမှာပစ်သွားဖို့ဝန်မလေးကြတော့သလိုကိုယ့်ဘဝအတွက် ရှုပ်တယ်လို့ထင်လာရင် ကိုးလလွယ် ဆယ်လဖွား ကိုယ်မွေးထားတဲ့ သားလဲ မိဘအရင်းတွေက အမှိုက်တခုလို ကျီးထိုးထိုး ခွေးစားစား လွယ်လွယ်ဘဲလွှင့်ပစ်လိုက်ကြတယ် ဒီလိုနဲ့ဘဲ ဒါလူ့ဘဝပါလို့သတ်မှတ်ဖို့တောင် ခက်ခဲတဲ့တိရိစ္ဆာန်သာသာဘဝတွေနဲ့ ရှင်သန်နေကြရရှာတဲ့ သက်ကြီးရွယ်အိုတွေ၊ လောကကြကို အရွဲ့တိုက်မယ်

ဆိုတဲ့မျိုးဆက်သစ်တွေများလာခဲ့တယ်ဒါဟာလောကပါလတရားတွေပျက်သုဉ်းလာလို့ပါ ဘာသာရေး ရှု့ဒေါင့်ကနေကြည့်ရင်တချိန်မှာ သားကိုပစ်ခဲ့တဲ့အမိဟာသားကပစ်သွားတဲ့ အမိဖြစ် လာမယ်အမိကို ပစ်မိတဲ့သားဟာလဲအမိက အပစ်ခံရတဲ့ သားပြန်ဖြစ်လာမှာဘဲဒီလိုနဲ့ သံသရာတွေလည်နေမယ်ပစ်သူများလေအပစ်ခံရသူများလေနဲ့ လောကကြီးဆုတ်သွားမယ်ဒီလိုနဲ့ဘဲပုံ့တို့ မကယ်နိုင်တော့ထိများပြားလာမယ်ထင်ပါတယ်။

ဒီလိုဆုတ်ကပ်ကြီးထဲရှင်သန်ရမယ့် လူဖြစ်နေတဲ့အတွက်ဘဝဆက်တိုင်း ကြားသမျှ မြင်သမျှ ဒုက္ခဟူသမျှကယ်တင်နိုင်သောသူ ဖြစ်ရပါလို၏ ဆိုတဲ့ဆုလေးတစ်ခုတောင်းရင်းနဲ့ နိဗ္ဗာန်ဆိုတာ ဘယ်မှန်းမသိကိုယ်ကယ်တဲ့ လူတွေအဆင်ပြေစေဖို့ အတွက် လောဘ၊ ဒေါသ၊ မောဟတွေနဲ့ ပြည့်နေတဲ့လားရားမကောင်းလောက်တဲ့ ပရဟိတ သမားဘဝမှာ ပျော်နေမိတယ်.”ပွင့်လာမယ့် ပန်းလေးတွေကို မြေတောင်မြှောက်ပေးခဲ့တဲ့

ဆရာမခုတော့ ဒုက္ခရောက်နေရပါတယ်အဲအစ်မလည်း ကူညီနေတယ်ကြားပါတယ်ပရိသတ်ကြီးတို့လည်း ကူနိုင်သူတွေ တွေ့အောင်ဒီစာလေးကို မျှဝေပေးပါဆရာမကျေးဇူးကို အထူးဆပ်နိုင်ကြပါစေ။ အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။ ခရက်ဒစ် Thin Shwe Sin Hlaing