အသက်( ၃၀) ဝန်းကျင်အရွယ်မှာ နုပျိုလှပစေဖို့ ဒါလေးတွေလုပ်ပေးသင့်တယ်နော်
Zawgyi
Unicode
သင်ဘယ်လောက်ပဲ အသက်တွေရလာပါစေလူတိုင်းလှချင်ကြပါတယ် နုပျိုနေသူတစ်ယောက်အတွက်တော့အသက်ဆိုတာ ကိန်းဂဏန်းတစ်ခုပါပဲ အသ် ၃၀ ဆိုတာတည်ငြိမ်ရင့်ကျက်တဲ့ အရွယ်အပိုင်းအခြားတစ်ခုဖြစ်သလို
အလှပဆုံး အချိန်တစ်ခုဆိုလည်းမမှားပါဘူး အသက် ၃၀ ဝန်းကျင်းမှာ သင့်ကိုပိုပိုပြီးလှနေစေဖို့အတွက် နည်းလမ်းကောင်းလေးတွေကိုမျှဝေပေးချင်ပါတယ်ရှင်
(၁) ရေဓါတ်ဖြည့်တင်းပါ.ရေကိုသတိတရသောက်ပေးပါ။အနည်းဆုံးတစ်နေ့ကို ၈ ခွက်သောက်ပေးသင့်ပါတယ်.
(၂)လေ့ကျင့်ခန်းလုပ်ပါ.အရမ်းပြင်းပြင်းထန်ထန်မဟုတ်ပဲ ပုံမှန်လေးလုပ်သွားပေးပါ တစ်နေ့ နာရီဝက်တစ်နာရီလောက်အချိန်ပေးသင့်ပါတယ်
(၃)အရက် ဘီယာ သောက်သုံးမှုကိုရှောင်ကျဉ်ပါ.
(၄)တစ်နေ့ကို ၇ နာရီလောက်အိပ်ပေးပါ။အိပ်ရေးမပျက်ပါစေနဲ့.
(၅)အသားရေစာတွေ အများကြီးမစားပါနဲ့။အဆီအစိမ့်တွေ ရှောင်ပေးပါ။
(၆)သင့်ကိုယ်သင် ချစ်ပေးပါ.အသက်အရွယ်အရ သဘာဝအတိုင်း အိုမင်းလာတာဟာလည်းအလှတရားတစ်ခုပါပဲ။သင့်ရဲ့အရှိတိုင်းကိုလက်ခံပါ.
(၇)စျေးပေါပြီးအရည်အသွေးမကောင်းတဲ့ အလှကုန်ပစ္စည်းတွေကို မသုံးပါနဲ့တော့ ။သင့်အသားရေကိုပိုပြီးဂရုစိုက်တဲ့အနေနဲ့ အရည်အသွေးရှိတဲ့ အလှကုန် ပစ္စည်းတွေကိုသာ အသုံးပြုသင့်ပါတယ်။
(၈)အကြာကြီးမထိုင်ပါနဲ့ မကြာခနဆိုသလို အကြောဆန့်တာ ထပြီးလမ်းလျောက်တာမျိုးလုပ်ပေးနိုင်ပါတယ်။သိသလောက်လေး မျှဝေပေးတာမို့ အားလုံးအဆင်ပြေကြပါစေ။