ဖြစ်ရပ်မှန် အမည်များလွှဲထားပါသည်

အစ်ကိုအောင်အောင်ရေ အစ်မ မော်မော် ကတွေ့ချင်လို့ အိမ်ကိုလာခဲ့ပါ တဲ့မော်မော်ရဲ သူငယ်ချင်းဖြစ်သူမောင်တေဇာမကောင်းဖြစ်နေတာ ကဖုန်းဆတ်ပြီး ကျွန်တော့်ကိုပြောပါသည်။ တနယ်ထဲသား ငယ်သူငယ်ချင်းတွေပါပဲ….

.မော်မော်နိုင်ငံခြားမှာအလုပ်လာလုပ်တာ ၁ နှစ်နီးပါးကြာပြီးနောက် နေ ကိုတော့ကြားသည်။ တခေါက်မှမရောက်ဖြစ်သေး ။ ခုတော့သူ ကိုယ် တိုင်ခေါ်ခိုင်းနေပြီမို့ ညနေဖက်အိမ်မှထွက်ခဲ့သည်။သူအိမ်ရောတ်တော့သူလုပ်ဖေါ်ကိုင်တ်ေတွေက

သူအပေါ် ထပ်မှာရှိတယ်ပြောလို့ ကျွန်တော် အိမ်အပေါ်ထပ်သို့တန်း တက်ခဲ့သည်။ မော်မော်က ကခြေသံကြားသဖြင့်ခေါင်းထောင်ကြည့်သည်။ ကျွန်တော်အနားရောက်သွားသည်နှင့် ။အကိုအောင်အောင် ကတော့ငါ့ညီမလေး

ဘယ်လိုဖြစ်နေသလဲလိုသတင်းတောင်လာမေးဖေါ်မရဘူး။ ခေါ်ခိုင်းမှပဲပေါ်လာတော့တယ်နော်။မဟုတ်ပါဘူးမော်မော်ရာ အကိုလည်း ဒီရက်မှာအလုပ်နဲနဲ များနေ လို့မလာဖြစ်သေးတာပါ။မော်မော်ကိုကြည့်ရတာ

အသားအရေ ဖြုဖတ်ဖြုရော်နှင့်တော်တော်လဲ ပိန်သွားသည်။ ဟိုတုံးကမော်မော် နှင့်လုံးဝမတူတော့။မော်မော် နှင့်ကျွန်တော်က ၄ နှစ်ကွာသည် ။ ငယ်ငယ်ကတည်းကအိမ်နီးချင်းနေလာသည်မို့မောင်နှမအရ

င်းကဲ့သို့သံယောဇဉ်ရှိသည်။တခုတော့ရှိသည် မော်မော် ကဘယ်တော့မှကျွန်တော့်ကို အကိုဟုမခေါ်။ကျွန်တော့်နာမည်ပါတွဲခေါ်သည်။ သူ့ကိုယ်သူတော့ မော်မော်က ကညီမလေး က ဟုပြောတတ်သည်။တနေ့တွင်အိမ်သို့ကျွန်ေ

တ်ာဖုန်းဆတ်ရာတွင် မော်မော် က ကျွန်တော့်အား။အကိုအောင်အောင် ပြောစရာ ရှိလို့ပြောလေညီမလေး ဘာပြောမလို့လဲအစ်မဝ မ်းကွဲ မ မိယဉ်ယဉ် ကိုသိတယ်မဟုတ်လား အင်းသိ တယ်လေ သူကဒီမှာမဟုတ်လားဟုတ်တယ်

သူခေါ်လို မော်မော် အဲဒီကို လိုက်လာပြီး အလုပ် သွားလုပ်မလို့ဖြစ်ပါ့မလား မော်မော်ရယ် …. ခုချိန်ထိ ကျောင်းတက်တာကလွဲပြီး ဘာအလုပ်မှ မလုပ်ဘူးတဲ့သူက နိုင်ငံခြားမှာတောင် အလုပ် လာလုပ်မယ်ဆိုတော့။ ဖြစ်ပါ တယ်

အကိုအောင်အောင်ကလဲ ဒီခောတ်မှာ လူတိုင်းပဲ တော်တော်များများသွားလုပ်နေကြတာ အထူးအဆန်းမှ မဟုတ်တာ။မော်မော် ပြောတာဟုတ်ပါတယ်ဒါပေမဲ့ ။ဘာမှဒါပေမဲ့မနေနဲ့အကိုအောင်အောင် အဖေ ကဝန်ထန်း အမေ

ကဈေးထဲမှာဈေးရာင်းပြီး မော်မော်တို့မောင်နှမ ၃ ယောက်ကို လုပ်ကြွေးလာတာ သူတို့ပင်ပန်းလှပါပြီ ။ဒီတစ်ခါ မော်မော် အလှည့် အောက်မှကလဲမောင်လေးနဲ့ညီမလေး ကလဲရှိသေးတယ် မော်မော် ဟိုမှာ ၃ နှစ်ေ

လာက်ကျိုးစားပြီး အလုပ် လုပ်မယ် ပိုက်ဆံ စုမယ်။ ပြီးရင်ဒီကိုပြန်လာပြီးစီး ပွားရေး လုပ်ငန်းလုပ်မယ်မကောင်းဘူးလား။မော်မော် ပြောစကားကအကြောင်းပြချက်ခိုင်လုံနေသည်မို့ ကျွန်တော်ဘာမှမပြောသာတော့။ အင်းလေ

ညီမလေးကောင်းမယ်ထင်တာသာလုပ်ပါတော့ ။ ဒါနဲ့ကုန်ကျစရိတ်ကရော။ အဲဒါဘာမှပူစရာမလိုဘူး မမိယဉ်ယဉ်သူစိုက်ပေးထားမှာ ဟိုရောက်တော့မှ အ လုပ်လုပ်ပြီးပြန်ဆပ်ရမှာ။မော်မော် ရောတ်းပြီး တပတ်အကြမှာ သူကိုကျွန်တော်

သွားတွေ့ပါတယ်။ မော်မော် ညီမလေး အကို တစ်ခုတော့ပြောချင်တယ်။ တစ်ခုမပြောနဲ့ဆယ်ခုပြော ။မော်မော် ကမျက်စောင်းထိုးယင်းပြောသည်။ တကယ်ပြောမလို့မနောက်နဲ့။ကဲပါ အကိုအောင်အောင်ပြောတာ မော်မော်

နားထောင်မယ်။ပြီးတော့ လိုက်နာပ့ါမယ်ဂတိပေးပါတယ်ရှင်။ အင်း ဒါဆိုလဲပြီးရော ။ညီမလေး ဒီမှာ အလု ပ်ကိုကျိုးကျိုးစားစားလုပ်။ပိုက်ဆံ ကိုသေသေချာချာစု။သူငယ်ချင်း ပေါင်းရင်လဲသတိထားပြီးပေါင်း။ အားရင်စာဖတ် ။ပြီးတော့ဘုရားလဲရှိခိုး။

မိဘ တွေကိုလည်း ညတိုင်းကန်တော့ပြီးမှအိပ်နော်။ ဟုတ်ကဲ့ပါအစ်ကိုကြီး ဒါပဲလား ကျန်သေးလား။ မော်မော် ကငေါ့ပြီးမေးသည် ကျမ္မာရေးလဲဂရုစိုက်နော် ဒါပဲ…….အကိုမောင်မောင် ဘာတွေစဉ်းစားနေတာလဲ ညီမလေးခေါ်နေတာ

ဆယ်ခွန်းလောက်ရှိနေပြီ။ မော်မော်စကားသံကြားမှ ကျွန်တော်လည်းသတိပြန်လည်လည်လာပြီး။ သြော် ဘာမှမစဉ်းစားပါဘူးညီမလေးရယ်။ကျွန်တော်က ပိန်သွယ်နေသော မော်မော် လက်ဖမိုးလေးအားအုပ်ကိုင်ယင်း။

ညီမလေး ကဘာရောဂါဖြစ်တာလဲ လိုအပ်ရင်ဆေရုံတက်လိုက်ပါလား။ မော်မော် ကခေါင်းကိုခါရမ်းယင်း ။ အကိုမောင်မောင် သန်းထွေးကြူ အဖေနဲ့အမေကိုပြန်မပြောပါဘူးလို့ဂတိပေးပါလား။ဘာတွေပြောမှာမို့လို့လဲညီမလေးရယ်။

မရဘူးအကိုမောင်မောင် ဂတိအရင်ပေးပြီးမှညီမလေးပြောမှာ။ကဲပါညီမလေးရယ်ဂတိပေးပါတယ် ဘယ်သူ့ကိုမှမပြောပါဘူး ကဲ ပြောတော့ ဒီလိုအကိုအောင်အောင်ဲဒီကိုရောက်တော့ စားသောက်ဆိုင် တစ်ဆိုင်မှာ စားပွဲထိုး လုပ်ရတယ်။အားလုံးမိန်းကလေး ၆ ယောက်ရှိတယ်။

အားလုံးကိုအုပ်ချုပ်တဲ့စူပါဗိုက်စာ တရုပ်မ လဲရှိတယ်။ မော်မော် ကရောက်ခါစဆိုတော့သူတို့ဆီမှာပြောတဲ့ စကား မတတ်သေးတော့အင်္ဂလိပ်လိုပဲပြောရတယ်။ဒီလိုနဲ့ ၆ လလောက်ကြာလာတော့ စကား လဲတတ်လာပြီ။ လုပ်ငန်း လဲကျွမ်းကျင်လာပြီ။

ပြီးတော့ ဆိုင်ကိုအမြဲလာစားနေကျဖေါက်သယ်တွေနဲ့လဲရင်းနှီးလာပြီ။ မော်မော် ကအလုပ် ကိုမခိုမကပ်လုပ်တော့ သူဌေး ကလည်းသဘောကျတယ်။လာစားတဲ့ဖေါက်သယ် တွေကလဲခင်ကြတယ်။သူဌေး က မော်မော်ကိုတဖြည်းဖြည်းနဲ့

လစာ တိုးပေးတယ်ဒီလိုနဲ့တစ်နှစ်လောက်ကြာတော့ ကိုထိုတ် လို့ခေါ်တဲ့ မြန်မာ တယောက်နဲ့ခင်မိတယ်။ဆိုင်ကိုလာရင်လဲ တခြားစားပွဲထိုး တွေကိုမခေါ်ပဲ မော်မော်ကိုပဲခေါ်တယ်။အဲ ဒီကိုထိုတ် နဲ့သူငယ်ချင်း တွေလာစားရင်

စကားကိုယဉ်ယဉ်ကျေးကျေးပြောပြီး ခိုင်းတတ်တယ်။စားပြီးလို့ပြန်ရင်လဲ ငွေရှင်းလို့ပိုတဲ့ ပိုက်ဆံ ဆိုရင် မော်မော်ကို ကိုအမြဲပေးတယ်။ဒီလိုနဲ့တနေ့ တော့ မော်မော် နဲ့အတုတူလုပ်တဲ့အစ်မ မငယ်က မော်မော် နင့်ကို

ကိုထိုတ်ကကြိုက်နေတယ် ငါ့ကိုပြောပေးပလို့ပြောတယ် …နင်ဘယ်လိုသဘောရသလဲ။ ဟာ အစ်မကလည်း ဘာဖြစ်လို့ပြန်ကြိုက်ရမှာလဲ မော်မော် တို့က ပိုက်ဆံ လာရှာတာ အချိန်တန်ရင်အိမ်ပြန်ကြရမှာ။အပူမရှာချင်ပါဘူး။အေးလေစဉ်းစားပါဦးဟာ

အချိန်တွေရှိသေးတာပဲ။ တနေ့မော်မော် တို့ဆိုင်ပိတ်လို့ မြို့ထဲသွားဖို့ကားစောင့်နေတုံး ကိုထိုတ် ကားနဲ့ရောက်လာပြီး။ မငယ် တို့ပါလား ဘယ်သွားမလို့လဲ။ ကျွန်မတို့မြို့ထဲသွားလို့ပါ။ မော်မော် လဲပါတာကိုး လာကျွန်တော်လဲမြို့ထဲသွားမှာ

လိုက်ခဲ့ပါလား။ရပါတယ် ဘတ်စ်ကား နဲ့ပဲသွားမယ် ကျေးဇူးတင်ပါတယ်။ မော်မော် ငြင်းလိုက်တယ် ။ ကိုထိုတ်က က မငယ် ကိုကြည့်လိုက်ပြီး ။ လာပါဘာမှအားနာနေစရာမလိုပါဘူး လူရင်းတွေပဲ တစ်ခါတစ်လေ လမ်းကြုံ လို့ကူညီရတာပါ။အေးလေေ

မ်ာမော်ကလဲ ကိုထိုတ်ကိုအားနာစရာကြီး လာပါဟာ။ မငယ် လဲ သူ့ဘက်ပါသွားပြီမို့ မော်မော် လဲအားနာနာ နဲ့ပဲ ကိုထိုတ်ကားနဲ့မြို့ထဲကိုလိုက်ခဲ့ပါတော့တယ်။မြို့ထဲရောက်တော့ကိုထိုတ် ကတစ်ခုခု ကျွေးပါရစေဆိုတာနဲ့ ဆိုင်တစ်ဆိုင်မှာဝင်စားကြပြန်ပါတယ်။

ပြီးတော့မှ ကိုထိုတ်လည်း နှုတ်ဆက်ပြီးထွက်သွားပါတော့တယ်။ အဲဒီနောက်ပိုင်း မော်မော် တို့အပြင်ထွက်တိုင်း ကိုထိုတ် ရောက်ရောက်လာတာတွေ့ရတယ်။ ကြည့်ရတာမငယ် နဲ့ကိုထိုတ် အဆက်အသွယ်ရှိပုံရပါတယ်။ဒီလိုနဲ့နှစ်သစ်ကူးမှာ မော်မော်

တို့ဆိုင် ၅ ရက်ပိတ်ပါတယ်။အဲဒီပိတ်ရက်မှာ ကိုထိုတ်က မော်မော်နဲ့မငယ် ကို ဟန်းဖုန်း တစ်လုံးစီ ဝယ်ပြီး လက်ဆောင် ပေးပါတယ်။ မော်မော်ကအတန်တန် ငြင်းပေမဲ့ မငယ် ကနှစ်သစ်ကူး လက်ဆောင် ဆိုတာ မငြင်းကောင်းဘူးဆိုတာနဲ့ယူလိုက်ရပါတယ်။

ဟန်းဖုန်းလဲရရော ညဖက်ဆိုင်သိမ်းပြီးလို့အိမ်ရောက်တာနဲ့ ကိုထိုတ်က ကမော်မော်ဆီအကြောင်းမရှိအကြာင်းရှာပြီး ဖုန်းဆက်ပါတော့တယ်။မငယ် ကလည်း ပြောတယ်။ မော်မော်ကလဲ မြန်မာ သူဌေး သားကကိုယ့်ကို ကြိုက်နေတာပဲ ပြန်ကြိုက်ပီး

ချူစားပေါ့ ဟ။ဟာ မငယ် ကလဲ ပြန်ကြိုက်ရုံ ကြိုက်လို့ရမလား နောက်ပိုင်းမတော်တရော်တွေဖြစ်ကုန်ရင်ဘယ်လိုလုပ်မလဲ့ကျွန်မပဲစိတ်ဆင်းရဲရမှာ။ မော်မော် ကလဲအဲဒီအတွက်မပူပါနဲ့ဟယ် ငါကူညီမှာပေါ့။ အဲဒီအချိန်ကစပြီး မော်မော် လူပေါင်းမှားပြီဆိုတာ

သတိမထားမိခဲ့ပါဘူး။ဒီလိုနဲ့မော်မော်နဲ့ကိုထိုတ် ချစ်သူ တွေဖြစ်သွားကြတယ်ဆိုပါတော့။ကိုထိုတ်ကားလေးနဲ့ မော်မော်တို့သွားလေရာ မငယ် လဲပါတယ် ။မော်မော် ကိုဘာပဲဝယ်ပေးပေး မိုက်ကယ် က မငယ် ကိုလည်းဝယ်ပေးတယ်။မငယ်

လဲပျော်နေတာပေါ့။နားနဲ့မနာ ဖဝါးနဲ့နာပါအကိုအောင်အောင် ။နောက်ပိုင်း ချစ် သူတို သဘာဝ လွတ် ၂ လပ် ၂တွေ့ကြတော့…………… လတိုင်း လဲ ကိုထိုတ် က လခ နီးပါးပဲ ပိုက်ဆံ တွေပေး လိုချင်တာတွေဝယ်ပေးတော့ မော်မော်လဲ ကိုထိုတ်

နဲ့ နေရတာပျော်လာတယ် အကိုအောင်အောင်။ အိမ်ကိုလဲ လတိုင်းပိုက်ဆံများများပို့နိုင်တော့ အမေ တို့လဲပျော်နေကြတာပေါ့။ ဒီလိုနဲ့မော်မော်နဲ့ကိုထိုတ်တွဲနေတာ ၁နှစ်လောက်ကြာတော့ မိန်မသဘာဝတွေ သိပ်မပြတော့ဘူး…..့ သူပေးတဲ့ဆေးအစွမ်းတွေကို

ယုံကြည်လို့လဲ ဖြစ်မှာလို့ မထင်မိဘူး။အလုပ်က မအားလို့ ဆေးခန်းမပြဖြစ်တာလဲပါတာပေါ့……တစ်နေ့တော့ မော်မော်နေတဲ့ တိုတ်ခန်းကို ကိုထိုတ်ရဲ မိန်းမရောတ်လာပြီး မော်မော်ကိုလာအသိပေးပါတယ်….. ကိုထိုတ်မှာမိန်မနဲ့ ခလေး ၂ယောတ်ရှိကြောင်းပေါ့……

ပြီးတော့မော်မော် ခေါင်တွေအရမ်းမူပြီး နေမကောင်ဖြစ်ပါတယ်..မော်မော်အဲဒီလိုဖြစ်တာ နိုင်ငံခြားမှာ အလုပ်လုပ်တာ ၁ နှစ်ကျော်ထဲကိုဝင်လာတဲ့အချိန်ပဲ ။ အဲဒီလို မော်မော် နေမကောင်းဖြစ်စမှာပဲ မငယ် လဲ မြန်မာပြည် ကိုပြန်သွားတယ်။ကိုထိုတ်

လဲ မော်မော် နေမကောင်းဖြစ်နေတော့ ပိုက်ဆံတွေလဲပေးတယ်ဂရုလဲစိုက်တယ်။ဲ့မော်မော်ဆေးခန်းတစ်ခုမှာသွားပြလိုက်တယ်။အဲဒီမှာ ဆရာဝ န်က မော်မော် ကိုဆေးစစ် တယ်။ အဲဒီလို စစ်လိုက်တဲ့အချိန်မှာပဲ မော်မော် ဘဝဆုံး သွားပြီဆိုတာ

သိလိုက်ရတယ်အကိုအောင်အောင်။ဆရာဝန် ကအမျိုးသ ဆရာဝန် ဆိုတော့ကောင်းပါတယ်။ မော်မော် ကိုမေးတယ်။ ညီမလေးဘာ အလုပ် လုပ်တာလဲ ။ စားသောက်ဆိုင်မှာ စားပွဲထိုးပါ ။ ယောင်္ကျား ရှိသလား ။ လက်မထပ်ရသေးတဲ့ချစ်သူတော့ရှိပါတယ် ။

အတူတူ နေကြတာလား ။ ဟုတ်ကဲ့ ။ ၂ရက်ခြား ၃ရက် ခြားတော့တွေ့ဖြစ်ကြပါတယ် ။ အဲဒီလူနဲ့အတူတူနေတာ ဘယ်လောက်ကြာပြီလဲ ။ တစ်နှစ် လောက်ရှိပါပြီ ။ သူ့ကိုရော ဒီ ဆေးခန်း ကို ခေါ်လာလို့ရမလား ။ အဲ့ဒီလိုမေးတော့မော်မော်

မျက်ရည်စို့လာပြီး အင်းစိတ်မကောင်းပါဘူး ညီမလေးရယ် သေခြာပါပြီ ။ကျွန်မဘာဖြစ်တာလဲဒေါက်တာ ပွင့်ပွင့်လင်းလင်းပြောပါ ။ကျွန်မ လိုအပ်တာအားလုံးလုပ်ပါ့မယ်။ ညီမမှာ ကိုယ်ဝန် ၃လကျော်နေပါပြီး ရှင် မော်မော် မေ့လဲမတတ်ဖြစ်သွားတယ် ။

ဒါဆိုကျွန်မကိုသူဆေးတွေကျွေးပါတယ်။ဆေးတွေသောတ်ရဲသားနဲ ဘယ်လိုဖြစ်တာလဲ။ ။အငမ်းမရမေးလိုက်တယ် ။ညီမကိုတိုတ်တဲ့ဆေး တွေပြကြည့်လေ။ဖြစ်မှဖြစ်ရလေ ညီမရယ်။သူဘယ်အချိန်မှာ ဒီ ဆေး တွေ သောတ်ခိုင်းတာလဲ။ ညီမတို့ အတူတူ

မနေခင်မှာ သောတ်ခိုင်းပါတယ်။ ညီမကိုသူအခုတိုတ်နေတာ ကာကွယ်ဆေး မဟုတ်ဘူး၊ကာမအားတိုးဆေးတွေပါ ။အဲဒီလိုသိလိုက်ရတော့ မော်မော် လေ ဒေါက်တာ ရှေ့မှာငိုနေတာ တော်တော်ကြာတယ်။ ဆရာဝန် ကမော်မော် ကိုသူပါမလာပဲ

သူလတ်မှတ် မထိုးပေရင် ဒေါတ်တာတို့ဘာမှလုပ်ပေို့းမရပါဘူး။ လုပ်မယ်ဆိုလဲ ညီမလေးအတွတ် အသတ်စိုးရိမ်ရပါတယ်။နေမကောင်းဘူးလို့ပြောပြီး မြန်မာပြည် ကို ပြန်လိုက်ပါ ညီမ ရယ် အဲဒီလိုဖြစ်မှပဲ ရှေးလူကြီးတွေ ပြောခဲ့ကြတဲ့ ငါးစာသာမြင်ပြီး

ငါးမျှားချိတ် မမြင်ဘူ ဆိုတဲ့ စကားပုံကို သွားသတိယမိလိုက်တော့တယ်။ မော်မော်မှာ ကိုယ်ဝန်၃ လရှိတယ်ဆိုတာ သိပြီးတဲ့နောတ်ပိုင်းသူကဖျတ်ဖို့ပဲပြောတယ်လေ။ မော်မော် က ဖျတ်ချပြီးခုလိုဖြစ်နေတဲ့အချိန်မှာ သူကိုဆတ်သွယ်လို့မရတော့ဘူး …

ဖုန်းခေါ်ရင်လဲ ဖုန်းပိတ်ထားတယ်…. မော်မော် ကကပြောလဲပြော ငိုလဲငို နှင့်မို့ကျွန်တော်ကြည့်ရင်းတော်တော်စိတ်မကောင်းဖြစ်ရသည် ။ဘယ်လိုအားပေးစကားပြောရမှန်းပင်မသိတော့။မော်မော် ပြောခဲ့ချင်တာက မော်မော်

ကိုငွေမက်ပြီးချူစားချင်လာအောင်မက်လုံးပေးပြီး ကူညီသလိုနဲ့စည်းရုံးသိမ်းသွင်းဖျက်ဆီးတတ်ကြတဲ့မငယ့်ပါ။ပြီးတော့ မိမိမှာ အိမ်ထောင်ရှိလျှတ်နဲ့ မိန်ကလေး ငယ်လေးတွေကိုကူညီသလိုနဲ့ ငွေနဲမျှား၊အချစ်ကိုလိမ်ညာ၊ပြီး ဘဝတွေကိုပါယူနေကြတဲ့ လူတွေ

ကိုသတိထားစေချင်လိုပါ။ဘာပဲဖြစ်ဖြစ်အကိုအောင်အောင် စကားကိုနားမထောင်ပဲ နားယောင်ခဲ့မိတဲ့မော်မော် ကိုယ်တိုင်ရဲ့အမှားလဲပါ ပါတယ်။တော်ပါတော့ ညီမလေး ရယ်ရော့ရေသောက်လိုက်ဦး။ ကျွန်တော်ရေတစ်ခွက်ခပ်ပေးလိုက်ရင်းပြောလိုက်ပါတယ်

။မော်မော် လဲရေသောက်ပြီးမောသွားတာကြောင့် ဘာမှမပြောတော့ပဲ ကျွန်တော့် ကိုသာစိုက်ကြည့်နေပါတော့တယ်။ ယောင်္ကျား တစ်ယောက်နဲ့တရားဝင်လက်မထပ်ပဲ သိုသို သိပ်သိပ် နေခဲ့ကြပြီး မော်မော်လို ဘဝ ဆုံးသွားသော မိန်းကလေး

များဘယ်လောက်ရှိနေဦးမည်ကိုလဲ မမှန်းတတ်တော့ပါ ။ကျွန်တော်ကတော့ သြော် ။။။။ ဒါလားဟေ့ living together ဟုပင် ငြီးတွားနေချင်ပါတော့သည် ။သူငယ်ချင်းအားလုံးကို ချစ်ခင်လေးစားလျှက် / mraungmintun