Tue. Dec 7th, 2021

Zawgyi

တမာပင္က ထန္းရည္ထြက္တယ္ဆိုၿပီး ထူးဆန္းတဲ့သတင္းေလးေတြ႕လို႔ အားလုံးဗဟုသုတရေအာင္ တင္ျပလိုက္ပါတယ္

မူရင္းသတင္းမွာကေတာ့

👉#ႏြားထိုးႀကီးၿမိဳ႕နယ္က ထူးဆန္းတဲ့ျဖစ္ရပ္ဆန္း👈

ႏြားထိုးႀကီးၿမိဳ႕နယ္ ကန္ႀကီးေက်း႐ြာ ေလ်ာင္းေတာ္မူဘုရား ေျခေတာ္ရင္းရွိ တမာပင္တစ္ပင္မွ ထန္းရည္မ်ားက်ေနေသာ ျမင္ကြင္းပုံရိပ္မ်ား၊ ကန္ႀကီး႐ြာက ထန္းဇင္ၿမိဳ႕သာလမ္းက သြားရင္ရတယ္… ေအာင္ခ်မ္းသာလမ္းခြဲမွသန္းပင္လွ သန္းပင္လွမွ

တဆင့္ကုန္းသာ႐ြာမွ တဆင့္ ကန္ႀကီး ႏြားထိုးႀကီးၿမိဳ႕နယ္ ေျမာက္ဘက္အစြန္ဆုံးပါလာေရာက္ၾကည့္ရႈ႕သူမ်ားႏွင့္ စည္းကားလွ်က္ရွိပါတယ္ ….ဆိုၿပီး တင္ထားတာျဖစ္ပါတယ္ ပုံေတြထဲမွာ ေတြ႕ရသေလာက္ကေတာ့ ထန္းရည္ထြက္တယ္ဆိုတဲ့ တမာပင္ကို ေသခ်ာၿခံခတ္ထားၿပီး

တမာပင္ကထြက္တဲ့ အရည္ကို ေရသန႔္ဗူးကေရနဲ႔ေရာၿပီး လာတဲ့သူေတြကို ေပးေနတာေပါ့ အမ်ားစုက က်န္းမာေရးအတြက္ေကာင္းတယ္လို႔ ယူဆၾကတယ္ေပါ့ဗ်ာ….ၿပီးေတာ့ ေလ်ာင္းေတာ္မူဘုရားႀကီးအနီးက တမာပင္က ျဖစ္တယ္

ဆိုေတာ့…ေလ်ာင္းေတာ္မူဘုရားႀကီးရဲ႕ အရွိန္နဲ႔ တမာပင္ကပိုၿပီးတန္ခိုးထြားလာတယ္ေပါ့ဗ်ာ ၿပီးေတာ့ အလႉခံဖလားကပါ တမာပင္ထိေရာက္ေနတယ္ဆိုေတာ့ ေငြေရးေၾကးေရးေတြလည္းပါလာတာေပါ့ဗ်ာ….က်ေနာ္တို႔ျမန္မာေတြဟာ

တကယ္ကို ႐ိုးလြန္းၾကတယ္…အထူးသျဖင့္ ေတာသူေတာင္သားေတြေပါ့ဗ်ာ…ကိုးကြယ္ယုံၾကည္မႈ၊ ဘာသာေရးေတြနဲ႔ ေရာႀကိတ္ၿပီး ဂ်င္းထည့္လို႔အေကာင္းဆုံးကေတာ့ က်ေနာ္တို႔ျမန္မာေတြပါပဲဗ်ာ ဒီတမာပင္ကေန အရည္ေတြထြက္က်ေနရတဲ့ ေနာက္ကြယ္မွာ

အေၾကာင္းအရင္းက သပ္သပ္ရွိပါတယ္ဗ်ာ…ျမန္မာေတြ ႐ိုးအလြန္းၾကတယ္လို႔ေျပာရင္ လက္ခံမလား… ဟိုတေလာက ထေနာင္းပင္အေခါက္ကိုခြါၿပီး အရက္ခ်က္ဖို႔အပင္ေတြတပင္ခ်င္းစီကယူၾကတယ္ ဒီအတြက္ဗဟုတုတရဖို႔တင္ေပးခဲ့ၿပီးပါၿပီယခု 2.1.2021

သတင္းမ်ားအရ တမာပင္ကထန္းရည္ခ်ိဳထြက္တဲ့အေၾကာင္းေရးတင္ရျပန္ပါၿပီ ဒီလိုျဖစ္တာမ်ိဳးက 2015တုန္းကလည္းေၾကာ္ၾကားခဲ့ဖူးပါတယ္ ေဆးအျဖစ္ယူၾကတယ္ တမာကခါးရမွာကိုအခ်ိဳရည္ေတြထြက္တယ္ လိမ္းၾကျပဳၾက ေဆးကုၾကနဲ႔ေပါ့

ဒီလိုအျဖစ္မ်ိဳးက India မွာလည္းရွိခဲ့ပါတယ္ တမာပင္မွာ ပင္ရည္အခ်ိဳရည္ အျမဳတ္မ်ားျဖင့္ထြက္ရွိလာတာမ်ိဳးေတြ႕ရင္ အပင္မွာေရာဂါရွိေနလို႔ပါ အပင္ရဲ႕သက္တမ္းအားျဖင့္ႏွစ္ေပါင္းမ်ားစြာၾကာလာတဲ့အခါ ေရာဂါရွိေနရင္ျဖစ္ပါတယ္

ဘက္တီးရီးယားေၾကာင့္ျဖစ္တဲ့ေရာဂါပါ agrobactetium tumefaciens လို႔ေခၚပါတယ္ ဘက္တီးရီးယားေၾကာင့္ ပင္စည္အတြင္း အဖုအႀကိတ္မ်ားျဖစ္ေပၚလာၿပီးေရာဂါရပါတယ္ ေလထုဖိအား​ေၾကာင့္စိုထိုင္းဆမ်ားလာေသာ ေဆာင္းတြင္းကာလမ်ိဳးမွာပိုျဖစ္ေပၚေစပါတယ္

အဖုအႀကိတ္ေတြက စိုထိုင္းဆမ်ားလာၿပီး ပင္စည္အားနည္းလာကာ အက္ကြဲေၾကာင္းျဖစ္ေပၚလာၿပီး ျပင္ပသို႔အရည္အျဖစ္ထြက္လာၾကပါတယ္ အရည္ထြက္ရက္မွာ ၄ရက္မွ ၆ရက္အထိရွိပါတယ္ အရသာခ်ိဳေၾကာင္းသိရပါတယ္…ထိုအပင္အား ခုတ္သင္ၿပီး အပင္သစ္စိုက္ပ်ိဳးသင့္ပါၿပီ

မဟုတ္ပါကအျခားအပင္မ်ားသို႔ကူးစက္ႏိုင္ပါမယ္…လူေတြေသာက္သုံးေဆးကုၾကရျခင္းကို ေသခ်ာမသိပါ…သို႔ေသာ္ တမာပင္သည္ေဆးဘက္ဝင္အပင္ျဖစ္ပါတယ္…ဓာတ္မတည့္ျခင္းကိုလည္းျဖစ္ေပၚေစတတ္တာေၾကာင့္..ခ်င့္ခ်ိန္သုံးၾကဖို႔လိုအပ္ပါတယ္ ဘာသာေရးကို

ယုံၾကည္သက္ဝင္ၿပီး ဘာသာတရားကိုင္းရႈိင္းၾကတာက ေကာင္းပါတယ္….ဒါေပမယ့္ ယုံၾကည္သက္ဝင္မႈကို အခြင့္ေကာင္းယူၿပီး…ဘာသာေရးႏွင့္ေရာႀကိတ္ၿပီး ဂ်င္းထည့္တာေတြကို မယုံမိေစဖို႔ စဥ္းစားဆင္ခ်င္ဉာဏ္ေလးေတာ့ သုံးေစခ်င္ပါတယ္

ဗဗဟုသုတပြားမ်ားႏိုင္ၾကပါေစ

Unicode

တမာပင်က ထန်းရည်ထွက်တယ်ဆိုပြီး ထူးဆန်းတဲ့သတင်းလေးတွေ့လို့ အားလုံးဗဟုသုတရအောင် တင်ပြလိုက်ပါတယ်

မူရင်းသတင်းမှာကတော့

👉#နွားထိုးကြီးမြို့နယ်က ထူးဆန်းတဲ့ဖြစ်ရပ်ဆန်း👈

နွားထိုးကြီးမြို့နယ် ကန်ကြီးကျေးရွာ လျောင်းတော်မူဘုရား ခြေတော်ရင်းရှိ တမာပင်တစ်ပင်မှ ထန်းရည်များကျနေသော မြင်ကွင်းပုံရိပ်များ၊ ကန်ကြီးရွာက ထန်းဇင်မြို့သာလမ်းက သွားရင်ရတယ်… အောင်ချမ်းသာလမ်းခွဲမှသန်းပင်လှ သန်းပင်လှမှ တဆင့်ကုန်းသာရွာမှ

တဆင့် ကန်ကြီး နွားထိုးကြီးမြို့နယ် မြောက်ဘက်အစွန်ဆုံးပါလာရောက်ကြည့်ရှု့သူများနှင့် စည်းကားလျှက်ရှိပါတယ် ….ဆိုပြီး တင်ထားတာဖြစ်ပါတယ် ပုံတွေထဲမှာ တွေ့ရသလောက်ကတော့ ထန်းရည်ထွက်တယ်ဆိုတဲ့ တမာပင်ကို သေချာခြံခတ်ထားပြီး

တမာပင်ကထွက်တဲ့ အရည်ကို ရေသန့်ဗူးကရေနဲ့ရောပြီး လာတဲ့သူတွေကို ပေးနေတာပေါ့ အများစုက ကျန်းမာရေးအတွက်ကောင်းတယ်လို့ ယူဆကြတယ်ပေါ့ဗျာ….ပြီးတော့ လျောင်းတော်မူဘုရားကြီးအနီးက တမာပင်က ဖြစ်တယ် ဆိုတော့…လျောင်းတော်မူဘုရားကြီးရဲ့

အရှိန်နဲ့ တမာပင်ကပိုပြီးတန်ခိုးထွားလာတယ်ပေါ့ဗျာ ပြီးတော့ အလှူခံဖလားကပါ တမာပင်ထိရောက်နေတယ်ဆိုတော့ ငွေရေးကြေးရေးတွေလည်းပါလာတာပေါ့ဗျာ….ကျနော်တို့မြန်မာတွေဟာ တကယ်ကို ရိုးလွန်းကြတယ်…အထူးသဖြင့် တောသူတောင်သားတွေပေါ့ဗျာ…

ကိုးကွယ်ယုံကြည်မှု၊ ဘာသာရေးတွေနဲ့ ရောကြိတ်ပြီး ဂျင်းထည့်လို့အကောင်းဆုံးကတော့ ကျနော်တို့မြန်မာတွေပါပဲဗျာ ဒီတမာပင်ကနေ အရည်တွေထွက်ကျနေရတဲ့ နောက်ကွယ်မှာ အကြောင်းအရင်းက သပ်သပ်ရှိပါတယ်ဗျာ…မြန်မာတွေ ရိုးအလွန်းကြတယ်လို့ပြောရင် လက်ခံမလား…

ဟိုတလောက ထနောင်းပင်အခေါက်ကိုခွါပြီး အရက်ချက်ဖို့အပင်တွေတပင်ချင်းစီကယူကြတယ် ဒီအတွက်ဗဟုတုတရဖို့တင်ပေးခဲ့ပြီးပါပြီယခု 2.1.2021 သတင်းများအရ တမာပင်ကထန်းရည်ချိုထွက်တဲ့အကြောင်းရေးတင်ရပြန်ပါပြီ ဒီလိုဖြစ်တာမျိုးက 2015တုန်းကလည်းကြော်ကြားခဲ့ဖူးပါတယ်

ဆေးအဖြစ်ယူကြတယ် တမာကခါးရမှာကိုအချိုရည်တွေထွက်တယ် လိမ်းကြပြုကြ ဆေးကုကြနဲ့ပေါ့ ဒီလိုအဖြစ်မျိုးက India မှာလည်းရှိခဲ့ပါတယ် တမာပင်မှာ ပင်ရည်အချိုရည် အမြုတ်များဖြင့်ထွက်ရှိလာတာမျိုးတွေ့ရင် အပင်မှာရောဂါရှိနေလို့ပါ အပင်ရဲ့သက်တမ်းအားဖြင့်နှစ်ပေါင်းများစွာကြာလာတဲ့အခါ

ရောဂါရှိနေရင်ဖြစ်ပါတယ် ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ရောဂါပါ agrobactetium tumefaciens လို့ခေါ်ပါတယ် ဘက်တီးရီးယားကြောင့် ပင်စည်အတွင်း အဖုအကြိတ်များဖြစ်ပေါ်လာပြီးရောဂါရပါတယ် လေထုဖိအား​ကြောင့်စိုထိုင်းဆများလာသော ဆောင်းတွင်းကာလမျိုးမှာပိုဖြစ်ပေါ်စေပါတယ်

အဖုအကြိတ်တွေက စိုထိုင်းဆများလာပြီး ပင်စည်အားနည်းလာကာ အက်ကွဲကြောင်းဖြစ်ပေါ်လာပြီး ပြင်ပသို့အရည်အဖြစ်ထွက်လာကြပါတယ် အရည်ထွက်ရက်မှာ ၄ရက်မှ ၆ရက်အထိရှိပါတယ် အရသာချိုကြောင်းသိရပါတယ်…ထိုအပင်အား ခုတ်သင်ပြီး အပင်သစ်စိုက်ပျိုးသင့်ပါပြီ

မဟုတ်ပါကအခြားအပင်များသို့ကူးစက်နိုင်ပါမယ်…လူတွေသောက်သုံးဆေးကုကြရခြင်းကို သေချာမသိပါ…သို့သော် တမာပင်သည်ဆေးဘက်ဝင်အပင်ဖြစ်ပါတယ်…ဓာတ်မတည့်ခြင်းကိုလည်းဖြစ်ပေါ်စေတတ်တာကြောင့်..ချင့်ချိန်သုံးကြဖို့လိုအပ်ပါတယ် ဘာသာရေးကို ယုံကြည်သက်ဝင်ပြီး

ဘာသာတရားကိုင်းရှိုင်းကြတာက ကောင်းပါတယ်….ဒါပေမယ့် ယုံကြည်သက်ဝင်မှုကို အခွင့်ကောင်းယူပြီး…ဘာသာရေးနှင့်ရောကြိတ်ပြီး ဂျင်းထည့်တာတွေကို မယုံမိစေဖို့ စဉ်းစားဆင်ချင်ဉာဏ်လေးတော့ သုံးစေချင်ပါတယ်

ဗဗဟုသုတပွားများနိုင်ကြပါစေ