Zawgyi

ဘယ္ဘက္လက္ မလႈပ္ႏိုင္ေအင္ ခံစားလာရသျဖင့္ ကိုယ္တစ္ျခမ္း ေလျဖတ္သလိုျဖစ္လာသည့္ ကိုအဏၰဝါလိုင္းသည္ ဆရာ၀န္ႏွင့္ကုသေသာ္လည္း မေပ်ာက္သျဖင့္ ျမန္မာတိုင္းရင္းေဆးနည္းျဖင့္

အႏွိပ္ခံၾကည့္ရာက်ီးေပါင္းေရာဂါျဖစ္ႏိုင္ေၾကာင္း၊ ဓါတ္မွန္႐ိုက္ၾကည့္ရန္ အႀကံေပးသျဖင့္ ႐ိုက္ၾကည့္ရာ လည္ဆစ္႐ိုးတြင္ က်ီးေပါင္းတက္ေနေၾကာင္း ေတြ႕ရွိရသျဖင့္ မိတၳီလာေဆး႐ုံသို႔

တက္ေရာက္ကုသခဲ့သည္။ အ႐ိုးအဆစ္တို႔တြင္ က်ီးေပါင္းတက္လာသျဖင့္အာ႐ုံေၾကာမ်ားကို ဖိထားကာ အာ႐ုံေၾကာမ်ား မလႈပ္ရွားႏိုင္ပါကေလျဖတ္ႏိုင္သည့္အျပင္ အခ်ိန္မေ႐ြး ေသသြားႏိုင္ေၾကာင္း

သိရွိရသျဖင့္ ေဆး႐ုံမွ ကုသနည္းအတိုင္း ကုသခဲ့သည္။သက္သာ၍ ေဆး႐ုံကဆင္းၿပီး မၾကာခင္မွာပဲ ျပန္ျဖစ္လာ၍ မႏၲေလးေဆး႐ုံႀကီးသို႔ ကုသခဲ့ျပန္သည္။အနည္းငယ္ သက္သာလာေသာ္လည္း မေပ်ာက္ခဲ့ပါ။

သၾကၤန္အတြင္း ျပင္ဦးလြင္ ေ႐ႊဟသၤာေက်ာင္းတြင္မိတ္ေဆြမ်ားႏွင့္အတူ သကၤန္း၀တ္ၾကရာေက်ာင္းထိုင္ဆရာေတာ္မွ က်ီးေပါင္းေဆးနည္းကို ၫြန္ေပးသျဖင့္ ကုသခဲ့ရာ အံ့ၾသေလာက္ေအာင္ပင္ က်ီးေပါင္းေရာဂါသည္ လွ်င္ျမန္စြာ သက္သာခဲ့ၿပီး ဆက္တိုက္ျပဳလုပ္ၾကည့္ရာ လုံးဝေပ်ာက္ကင္းခဲ့ပါသည္။

ေဆးနည္(၁)

(၁) ေဆးဆိုင္မ်ားမွ ဆားခါး (Epsom Salt)ကို(၂၅) က်ပ္သားခန္႔ ၀ယ္ယူပါ။

(၂) ဆားခါးကို အ၀တ္သန္႔သန္႔ျဖင့္ ၾကပ္ထုပ္ ထုပ္ထားပါ။

(၃) ေရေႏြးပူပူတည္ထား၍ ဆားခါးအထုပ္ကိုေရေႏြးအိုးအဖုံးေပၚကို တင္ထား၍ အပူေပးကာ က်ီးေပါင္းတက္ေနသည့္ေနရာကို မိမိခံႏိုင္သေလာက္ ၾကပ္ထုပ္ထိုးေပးပါ။

(၄) အထုပ္ ၂ ထုပ္ ျပဳလုပ္ထားၿပီး တစ္ထုတ္ထိုးေနခ်ိန္ က်န္တစ္ထုပ္ကို အပူေပးထားၿပီး တစ္လွည့္စီ အသုံးျပဳႏိုင္ပါသည္။

(၅) ၾကပ္ထုပ္တစ္ခါထိုးလွ်င္ အနည္းဆုံး မိနစ္(၄၀)ခန္႔ၾကာေအာင္ ထိုးေပးပါ။

(၆) ၾကပ္ထုပ္ထိုးေနစဥ္ အတက္စာမ်ားကိုမစားပဲ ေရွာင္ႏိုင္လွ်င္ ပိုေကာင္းမည္။

၄င္းေဆးနည္းအတိုင္း စိတ္ရွည္ရွည္ျဖင့္ မၾကာခဏ ျပဳလုပ္ေပးပါက က်ီးေပါင္းေရာဂါသည္ လွ်င္ျမန္စြာ ေပ်ာက္ကင္းသြားပါမည္။

ေဆးနည္း(၂)

အ႐ိုးက်ီးေပါင္းမ်ိဳးစုံတြက္တကယ္ သက္သာေပ်ာက္ကင္းေစတဲ့ဆရာ ၾကည္လြင္ျမင့္( မုျဒာ)ရဲ႕အေကာင္းဆုံးၾကပ္ထုပ္ နည္းေလးပါ

ျပဳလုပ္ပုံအဆင့္ဆင့္

ႏွစ္ၾကာခါးနာ ၊ ဇက္ေၾကာတက္ေဝဒနာသည္မ်ားေဆာင္းရာသီတြင္အေအးပတ္လွ်င္ေခါင္းမူးတတ္သူမ်ားအတြက္ေရေႏြးေငြ႕ျဖင့္အပူေပး၍အခ်ိန္မေ႐ြးၾကပ္ထုပ္ထိုးေပးႏိုင္ပါသည္ ။ အထုပ္ႏွစ္ထုပ္ျပဳလုပ္ၿပီးတစ္လွည့္စီ နာရီဝက္ခန္႔ထိုးပါ။

မုံညႇင္းဆီ ၊ ႏွမ္းဆီအရင္လိမ္းၿပီးမွထိုးလွ်င္ပို၍ေခ်ာေမြ႕ပါသည္။ေဆးခန္းသြား၍ေငြကုန္ခံမည့္အစားမိမိအိမ္တြင္သက္သာမည့္ နည္းလမ္းျဖစ္ပါသည္။ မိတ္သလင္တစ္မ်ိဳးတည္းႏွင့္က်ီးေပါင္းေျပ ၊ဒဏ္ေက်ေစႏိုင္ပါသည္။

ပရေဆးဆိုင္မွာ မိတ္သလင္ဥ ဝယ္ၿပီး အမႈန္႔ ႀကိတ္လိုက္လွ်င္ရပါသည္။ အခိုးထြက္သည့္ ပိတ္စ အၾကမ္းကိုအသုံးျပဳပါ။ဇက္က်ီးေပါင္း ၊ ခါးဆစ္က်ီးေပါင္းကိုမိတ္သလင္ၾကပ္ထုပ္ထိုးၿပီးလွ်င္ သေဘၤာ႐ြက္ကိုေပ်ာ့ေအာင္ေရေႏြးခဏစိမ္ၿပီးကပ္ေပးပါ။က်ီးေပါင္းတျဖည္းျဖည္းပါ:သြားပါလိမ့္မည္။

(၁)ေဆးပူေတြအၿမဲမလိမ္းပါႏွင့္။

(၂) ပ႐ုပ္ဆီမလိမ္းပါႏွင့္။

(၃) ပူလွ်င္ ယားလွ်င္ သနပ္ခါးျမစ္ႏွင့္ဆားေသြးလိမ္းပါ။

အ႐ိုးက်ီးေပါင္း ေဝဒနာ ရွင္မ်ားေရာဂါ ေပ်ာက္ကင္း စိတ္ခ်မ္းသာႏိုင္ၾကပါ

Unicode

ဘယ်ဘက်လက် မလှုပ်နိုင်အေင် ခံစားလာရသဖြင့် ကိုယ်တစ်ခြမ်း လေဖြတ်သလိုဖြစ်လာသည့် ကိုအဏ္ဏဝါလိုင်းသည် ဆရာ၀န်နှင့်ကုသသော်လည်း မပျောက်သဖြင့် မြန်မာတိုင်းရင်းဆေးနည်းဖြင့် အနှိပ်ခံကြည့်ရာ ကျီးပေါင်းရောဂါဖြစ်နိုင်ကြောင်း၊

ဓါတ်မှန်ရိုက်ကြည့်ရန် အကြံပေးသဖြင့် ရိုက်ကြည့်ရာ လည်ဆစ်ရိုးတွင် ကျီးပေါင်းတက်နေကြောင်း တွေ့ရှိရသဖြင့် မိတ္ထီလာဆေးရုံသို့ တက်ရောက်ကုသခဲ့သည်။ အရိုးအဆစ်တို့တွင် ကျီးပေါင်းတက်လာသဖြင့်အာရုံကြောများကို ဖိထားကာ

အာရုံကြောများ မလှုပ်ရှားနိုင်ပါကလေဖြတ်နိုင်သည့်အပြင် အချိန်မရွေး သေသွားနိုင်ကြောင်း သိရှိရသဖြင့် ဆေးရုံမှ ကုသနည်းအတိုင်း ကုသခဲ့သည်။သက်သာ၍ ဆေးရုံကဆင်းပြီး မကြာခင်မှာပဲ ပြန်ဖြစ်လာ၍ မန္တလေးဆေးရုံကြီးသို့ ကုသခဲ့ပြန်သည်။

အနည်းငယ် သက်သာလာသော်လည်း မပျောက်ခဲ့ပါ။ သင်္ကြန်အတွင်း ပြင်ဦးလွင် ရွှေဟင်္သာကျောင်းတွင်မိတ်ဆွေများနှင့်အတူ သင်္ကန်း၀တ်ကြရာကျောင်းထိုင်ဆရာတော်မှ ကျီးပေါင်းဆေးနည်းကို ညွန်ပေးသဖြင့် ကုသခဲ့ရာ အံ့သြလောက်အောင်ပင် ကျီးပေါင်းရောဂါသည် လျှင်မြန်စွာ သက်သာခဲ့ပြီး ဆက်တိုက်ပြုလုပ်ကြည့်ရာ လုံးဝပျောက်ကင်းခဲ့ပါသည်။

ဆေးနည်(၁)

(၁) ဆေးဆိုင်များမှ ဆားခါး (Epsom Salt)ကို(၂၅) ကျပ်သားခန့် ၀ယ်ယူပါ။

(၂) ဆားခါးကို အ၀တ်သန့်သန့်ဖြင့် ကြပ်ထုပ် ထုပ်ထားပါ။

(၃) ရေနွေးပူပူတည်ထား၍ ဆားခါးအထုပ်ကိုရေနွေးအိုးအဖုံးပေါ်ကို တင်ထား၍ အပူပေးကာ ကျီးပေါင်းတက်နေသည့်နေရာကို မိမိခံနိုင်သလောက် ကြပ်ထုပ်ထိုးပေးပါ။

(၄) အထုပ် ၂ ထုပ် ပြုလုပ်ထားပြီး တစ်ထုတ်ထိုးနေချိန် ကျန်တစ်ထုပ်ကို အပူပေးထားပြီး တစ်လှည့်စီ အသုံးပြုနိုင်ပါသည်။

(၅) ကြပ်ထုပ်တစ်ခါထိုးလျှင် အနည်းဆုံး မိနစ်(၄၀)ခန့်ကြာအောင် ထိုးပေးပါ။

(၆) ကြပ်ထုပ်ထိုးနေစဉ် အတက်စာများကိုမစားပဲ ရှောင်နိုင်လျှင် ပိုကောင်းမည်။

၄င်းဆေးနည်းအတိုင်း စိတ်ရှည်ရှည်ဖြင့် မကြာခဏ ပြုလုပ်ပေးပါက ကျီးပေါင်းရောဂါသည် လျှင်မြန်စွာ ပျောက်ကင်းသွားပါမည်။

ဆေးနည်း(၂)

အရိုးကျီးပေါင်းမျိုးစုံတွက်တကယ် သက်သာပျောက်ကင်းစေတဲ့ဆရာ ကြည်လွင်မြင့်( မုဒြာ)ရဲ့အကောင်းဆုံးကြပ်ထုပ် နည်းလေးပါ

ပြုလုပ်ပုံအဆင့်ဆင့်

နှစ်ကြာခါးနာ ၊ ဇက်ကြောတက်ဝေဒနာသည်များဆောင်းရာသီတွင်အအေးပတ်လျှင်ခေါင်းမူးတတ်သူများအတွက်ရေနွေးငွေ့ဖြင့်အပူပေး၍အချိန်မရွေးကြပ်ထုပ်ထိုးပေးနိုင်ပါသည် ။ အထုပ်နှစ်ထုပ်ပြုလုပ်ပြီးတစ်လှည့်စီ နာရီဝက်ခန့်ထိုးပါ။

မုံညှင်းဆီ ၊ နှမ်းဆီအရင်လိမ်းပြီးမှထိုးလျှင်ပို၍ချောမွေ့ပါသည်။ဆေးခန်းသွား၍ငွေကုန်ခံမည့်အစားမိမိအိမ်တွင်သက်သာမည့် နည်းလမ်းဖြစ်ပါသည်။ မိတ်သလင်တစ်မျိုးတည်းနှင့်ကျီးပေါင်းပြေ ၊ဒဏ်ကျေစေနိုင်ပါသည်။

ပရဆေးဆိုင်မှာ မိတ်သလင်ဥ ဝယ်ပြီး အမှုန့် ကြိတ်လိုက်လျှင်ရပါသည်။ အခိုးထွက်သည့် ပိတ်စ အကြမ်းကိုအသုံးပြုပါ။ဇက်ကျီးပေါင်း ၊ ခါးဆစ်ကျီးပေါင်းကိုမိတ်သလင်ကြပ်ထုပ်ထိုးပြီးလျှင် သင်္ဘောရွက်ကိုပျော့အောင်ရေနွေးခဏစိမ်ပြီးကပ်ပေးပါ။ကျီးပေါင်းတဖြည်းဖြည်းပါ:သွားပါလိမ့်မည်။

(၁)ဆေးပူတွေအမြဲမလိမ်းပါနှင့်။

(၂) ပရုပ်ဆီမလိမ်းပါနှင့်။

(၃) ပူလျှင် ယားလျှင် သနပ်ခါးမြစ်နှင့်ဆားသွေးလိမ်းပါ။

အရိုးကျီးပေါင်း ဝေဒနာ ရှင်များရောဂါ ပျောက်ကင်း စိတ်ချမ်းသာနိုင်ကြပါ