Zawgyi

ကခ်င္ျပည္နယ္ လမ္းဦးစီးဌာနမွ ႀကီးၾကပ္၍ အင္ခိုင္ဘြမ္ကုမၸဏီမွ ေဆာင္႐ြက္ေနသည့္ ျမစ္ႀကီးနား-ဆြမ္ပရာ ဘြမ္-ပူတာအိုလမ္းအပိုင္း ကြန္ကရစ္ခင္းရာတြင္ ဝါးလုံးမ်ား ထည့္သြင္းခင္းထားျခင္းႏွင့္ပတ္သက္ၿပီး လူမႈ ကြန္ယက္စာမ်က္ႏွာတြင္ ေဝဖန္မႈမ်ားရွိေနသည့္အေပၚ ေဆာင္လုပ္ေရးဝန္ႀကီးဌာနက ျပန္လည္ရွင္းလင္း ခ်က္ကို ယေန႔ ထုတ္ျပန္ခဲ့သည္။ အင္ခိုင္ဘြမ္ကုမၸဏီမွ ေဆာင္႐ြက္သည့္ လမ္းအရွည္ (1km)

အနက္ (100m)ခန႔္ အပိုင္းတြင္ စိမ့္ေရထြက္၍ လမ္းမ်က္ႏွာျပင္ အၿမဲစိုစြတ္လ်က္ရွိကာ ဗြတ္တန္းမ်ားျဖစ္ေပၚျခင္း၊ လမ္းအတက္အဆင္း မတ္ေစာက္၍ (10%)ရွိသျဖင့္ မိုးရာသီ ကားႀကီးမ်ားသြားလာရာတြင္ အခတ္အခဲရွိသျဖင့္ အတက္အဆင္းေျပျပစ္ေစရန္ (3.5%) အထိ မူလေျမသားအား Double Cutting ျဖတ္ႏွိမ့္၍ လမ္းေဘးေရေျမာင္းတူးျခင္းကို ေဆာင္႐ြက္ခဲ့ ေၾကာင္း ထုတ္ျပန္သည္။ ထို႔ေၾကာင့္

ကြန္ကရစ္လမ္းမခင္းမွီ ေအာက္ခံေျမသားကို သိပ္သည္းေစရန္ ေဆာင္႐ြက္၍မရသျဖင့္ ေဒသထြက္ သဲေက်ာက္ျဖင့္ (၁)ခန႔္ ျဖန႔္ခင္းႀကိတ္၍ ဝါးမ်ားကြက္ၾကားယက္ျဖန႔္ခင္းျခင္း၊ ဝါးကြက္ၾကား ၾကားထဲတြင္ သဲ ေက်ာက္ ညီညာစြာခင္း၍ ၎အေပၚမွ Geotextile အလႊာခင္းျခင္း ေဆာင္႐ြက္လ်က္ရွိေၾကာင္း ေဖာ္ျပထား သည္။ ယင္းလုပ္ငန္းမ်ားမွာ ေအာက္ခံေျမေပ်ာ့ေသာ ေျမမ်ားတြင္ ေဆာင္႐ြက္ရေလ့ရွိေသာ

လုပ္ငန္းစဥ္မ်ားျဖစ္ၿပီး ေဆာက္လုပ္ေရးဝန္ႀကီးဌာနအေနျဖင့္ ရန္ကုန္-ေက်ာက္ျဖဴလမ္း အပါအဝင္ ေအာက္ခံေျမေပ်ာ့မ်ားတြင္ လမ္းေဆာက္လုပ္ခဲ့သည့္လုပ္ငန္းစဥ္မ်ားအတိုင္း ေဆာင္႐ြက္ျခင္းျဖစ္ၿပီး၊ ကြန္ကရစ္ခင္းရာတြက္ ဝါးထည့္၍ ခင္းျခင္းမဟုတ္ေၾကာင္း ေဆာက္လုပ္ေရးဝန္ႀကီးဌာနက ထုတ္ျပန္ခဲ့သည္။

CRD_MPI

Unicode

ကချင်ပြည်နယ် လမ်းဦးစီးဌာနမှ ကြီးကြပ်၍ အင်ခိုင်ဘွမ်ကုမ္ပဏီမှ ဆောင်ရွက်နေသည့် မြစ်ကြီးနား-ဆွမ်ပရာ ဘွမ်-ပူတာအိုလမ်းအပိုင်း ကွန်ကရစ်ခင်းရာတွင် ဝါးလုံးများ ထည့်သွင်းခင်းထားခြင်းနှင့်ပတ်သက်ပြီး လူမှု ကွန်ယက်စာမျက်နှာတွင် ဝေဖန်မှုများရှိနေသည့်အပေါ် ဆောင်လုပ်ရေးဝန်ကြီးဌာနက ပြန်လည်ရှင်းလင်း ချက်ကို ယနေ့ ထုတ်ပြန်ခဲ့သည်။ အင်ခိုင်ဘွမ်ကုမ္ပဏီမှ ဆောင်ရွက်သည့် လမ်းအရှည် (1km) အနက် (100m)ခန့် အပိုင်းတွင် စိမ့်ရေထွက်၍ လမ်းမျက်နှာပြင်

အမြဲစိုစွတ်လျက်ရှိကာ ဗွတ်တန်းများဖြစ်ပေါ်ခြင်း၊ လမ်းအတက်အဆင်း မတ်စောက်၍ (10%)ရှိသဖြင့် မိုးရာသီ ကားကြီးများသွားလာရာတွင် အခတ်အခဲရှိသဖြင့် အတက်အဆင်းပြေပြစ်စေရန် (3.5%) အထိ မူလမြေသားအား Double Cutting ဖြတ်နှိမ့်၍ လမ်းဘေးရေမြောင်းတူးခြင်းကို ဆောင်ရွက်ခဲ့ ကြောင်း ထုတ်ပြန်သည်။ ထို့ကြောင့် ကွန်ကရစ်လမ်းမခင်းမှီ အောက်ခံမြေသားကို သိပ်သည်းစေရန် ဆောင်ရွက်၍မရသဖြင့် ဒေသထွက် သဲကျောက်ဖြင့် (၁)ခန့် ဖြန့်ခင်းကြိတ်၍

ဝါးများကွက်ကြားယက်ဖြန့်ခင်းခြင်း၊ ဝါးကွက်ကြား ကြားထဲတွင် သဲ ကျောက် ညီညာစွာခင်း၍ ၎င်းအပေါ်မှ Geotextile အလွှာခင်းခြင်း ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထား သည်။ ယင်းလုပ်ငန်းများမှာ အောက်ခံမြေပျော့သော မြေများတွင် ဆောင်ရွက်ရလေ့ရှိသော လုပ်ငန်းစဉ်များဖြစ်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ရန်ကုန်-ကျောက်ဖြူလမ်း အပါအဝင် အောက်ခံမြေပျော့များတွင်

လမ်းဆောက်လုပ်ခဲ့သည့်လုပ်ငန်းစဉ်များအတိုင်း ဆောင်ရွက်ခြင်းဖြစ်ပြီး၊ ကွန်ကရစ်ခင်းရာတွက် ဝါးထည့်၍ ခင်းခြင်းမဟုတ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

CRD_MPI