Zawgyi

ဖိလစ္ပိုင္မွာျဖစ္ပြားခဲ့တဲ့ ေလယာဥ္မယ္၊ အလွမယ္တစ္ဦး ေသဆုံးမႈသတင္းက ဒီရက္ပိုင္းမွာ လူစိတ္ဝင္စားမႈအခံရဆုံးသတင္းအျဖစ္ရွိေနပါတယ္။Christine Dacera လို႔ အမည္ရတဲ့ ေလယာဥ္မယ္ဟာ ႏွစ္သစ္ကူးညမွာ ေသဆုံးခဲ့တာျဖစ္ၿပီးေတာ့ သူ႔ရဲ႕ေသဆုံးမႈကို စစ္ေဆးခဲ့တဲ့အခါမွာ အုပ္စုဖြဲ႕မုဒိမ္းက်င့္မႈေၾကာင့္ ေသဆုံးခဲ့ရဖြယ္ရွိတယ္လို႔ စစ္ခ်က္ထြက္ရွိခဲ့တာျဖစ္ပါတယ္။ဖိလစ္ပိုင္ေလေၾကာင္းလိုင္းတစ္ခုျဖစ္တဲ့ PAL Express က ဒီေန႔မွာ ထုတ္ျပန္ခ်က္တစ္

ခုေရးသားေျပာဆိုခဲ့ရာမွာ Christine Dacera အတြက္ တရားမွ်တမႈလိုခ်င္တယ္လို႔ ပါရွိခဲ့ပါတယ္။အသက္ ၂၃ႏွစ္အ႐ြယ္သာရွိေသးတဲ့ Christine ဟာ ႏွစ္သစ္ကူးညက Makati ၿမိဳ႕၊ ဟိုတယ္တစ္ခုမွာမွာ သူ႔ရဲ႕ သူငယ္ခ်င္းေတြနဲ႔အတူ ရွိေနခဲ့ၿပီးေနာက္ ေသဆုံးခဲ့ရတာျဖစ္ပါတယ္။ေနာက္တစ္ေန႔ မနက္ ၁၀ နာရီမ်ာ သူမရဲ႕ လုပ္ေဖာ္ကိုင္ဖက္တစ္ဦးျဖစ္သူ Rommel Galida က သူမကို ေရခ်ိဳးခန္းအတြင္းမွာ အိပ္ေပ်ာ္ေနတဲ့ပုံစံနဲ႔ ျမင္ေတြ႕ခဲ့ရလို႔ ေစာင္ၿခဳံေပးခဲ့တယ္

လို႔ ဆိုပါတယ္။ဒါေပမယ့္ ေနာက္ထပ္နာရီအနည္းငယ္အၾကာမွာေတာ့ Christine ရဲ႕ တစ္ကိုယ္လုံးဟာ ျပာႏွမ္းလာခဲ့တာကို ျမင္ေတြ႕ခဲ့ရၿပီး ေဆး႐ုံကို အလ်င္အျမန္ပို႔ေဆာင္ေပးခဲ့ေပမယ့္လည္း ေသဆုံးခဲ့ရတာျဖစ္ပါတယ္။စုံစမ္းစစ္ေဆးမႈေတြအရ Christine ရဲ႕ မိန္းမကိုယ္ (မိန္းမအဂၤါ)မွာ ဒဏ္ရာမ်ားအျပားေတြ႕ရွိခဲ့ရတယ္လို႔ သိရၿပီး သူမဟာ အုပ္စုလိုက္မုဒိမ္းက်င့္ခံခဲ့ရတယ္လို႔ ေကာက္ခ်က္ခ်ခဲ့ၾကပါတယ္။သူမရဲ႕ ေပါင္နဲ႔ ဒူးေတြမွာလည္း အညိဳအမည္း

စြဲေနတဲ့ ဒဏ္ရာေတြကို ေတြ႕ရွိခဲ့ရၿပီး သူမဟာ ႏွစ္သစ္ကူးညက ေယာက်္ားေလးသူငယ္ခ်င္း အနည္းဆုံး ၁ဝဦးနဲ႔အတူရွိေနခဲ့တယ္လို႔ စုံစမ္းမႈေတြအရ သိခဲ့ရပါတယ္။ဆက္လက္စုံစမ္းမႈေတြအရ အဆိုပါညမွာ သူမတို႔အဖြဲ႕က အရက္ေသစာေသာက္စားခဲ့ၾကၿပီး သူမမူးသြားခဲ့ခ်ိန္မွာ အတူရွိေနခဲ့တဲ့ ေယာက်္ားေလးသူငယ္ခ်င္းေတြကအဖြဲ႕လိုက္မုဒိမ္းက်င့္ခဲ့ၾကၿပီး သူမကို ေရခ်ိဳးခန္းအတြင္း အိပ္ေပ်ာ္ေနတဲ့ဟန္မ်ိဳးျဖစ္ေအာင္ ျပဳျပင္ကာ ထားရွိခဲ့တယ္လို႔ သတ

င္းေတြက ေဖာ္ျပခဲ့ၾကပါတယ္။ရဲတပ္ဖြဲ႕ကေတာ့ အဆိုပါအမႈအတြက္ လိုက္လံစုံစမ္းေနၿပီျဖစ္ၿပီး ပါဝင္ခဲ့သူေတြကို ဖမ္းမိႏိုင္ဖို႔ ႀကိဳးစားအားထုတ္ေနပါတယ္။Christine ရဲ႕ မိခင္ျဖစ္သူကေတာ့ သူမရဲ႕သမီးဟာ အဆိုပါႏွစ္သစ္ကူးညပါတီကိုသြားဖို႔ သူမဆီက ခြင့္ျပဳခ်က္ေတာင္းခံခဲ့တယ္လို႔ ဆိုပါတယ္။
သူမအေနနဲ႔လည္း သမီးျဖစ္သူနဲ႔ သူငယ္ခ်င္းျဖစ္သူေတြအေပၚ ယုံၾကည္တာေၾကာင့္ ခြင့္ျပဳေပးခဲ့ေၾကာင္း ေျပာျပခဲ့ပါတယ္။ဒီေနာက္မွာေတာ့

သမီးျဖစ္သူဆီက ဖုန္းေခၚဆိုမႈတစ္ႀကိမ္လက္ခံရရွိခဲ့ၿပီး ေနာက္ထပ္ ၁၂နာရီအၾကာမွာ ေသဆုံးေၾကာင္းသတင္းကို ၾကားးသိခဲ့ရတယ္လို႔ ဆိုခဲ့ပါတယ္။ဒီေသဆုံးမႈနဲ႔ ပတ္သက္ၿပီး လူမႈကြန္ရက္ေတြေပၚမွာလည္း လႈပ္ရွားမႈေတြ အမ်ားအျပားရွိလာခဲ့ပါတယ္။သူမရဲ႕ မတရားေသဆုံးခဲ့မႈအတြက္ တရားမွ်တမႈကို ရွာေဖြေပးဖို႔ ေတာင္းဆိုေနၾကၿပီး ဖိလစ္ပိုင္ရဲတပ္ဖြဲ႕ကို အႀကီးအက်ယ္ဖိအားေပးေနၿပီျဖစ္ပါတယ္။ဒါ့အျပင္ တစ္ကမာၻလုံးက အာ႐ုံစိုက္လာတဲ့ အမႈအခင္းျဖစ္လာတာေၾကာင့္လည္း အမႈမွန္အျမန္ဆုံးေပၚေပါက္လာဖို႔အတြက္ ႀကိဳးစားရေတာ့မွာျဖစ္ပါတယ္။therrivernews

Unicode

ဖိလစ်ပိုင်မှာဖြစ်ပွားခဲ့တဲ့ လေယာဉ်မယ်၊ အလှမယ်တစ်ဦး သေဆုံးမှုသတင်းက ဒီရက်ပိုင်းမှာ လူစိတ်ဝင်စားမှုအခံရဆုံးသတင်းအဖြစ်ရှိနေပါတယ်။Christine Dacera လို့ အမည်ရတဲ့ လေယာဉ်မယ်ဟာ နှစ်သစ်ကူးညမှာ သေဆုံးခဲ့တာဖြစ်ပြီးတော့ သူ့ရဲ့သေဆုံးမှုကို စစ်ဆေးခဲ့တဲ့အခါမှာ အုပ်စုဖွဲ့မုဒိမ်းကျင့်မှုကြောင့် သေဆုံးခဲ့ရဖွယ်ရှိတယ်လို့ စစ်ချက်ထွက်ရှိခဲ့တာဖြစ်ပါတယ်။ဖိလစ်ပိုင်လေကြောင်းလိုင်းတစ်ခုဖြစ်တဲ့ PAL Express က ဒီနေ့မှာ ထုတ်ပြန်ချက်တစ်ခုရေးသားပြောဆိုခဲ့ရာမှာ Christine Dacera အတွက်

တရားမျှတမှုလိုချင်တယ်လို့ ပါရှိခဲ့ပါတယ်။အသက် ၂၃နှစ်အရွယ်သာရှိသေးတဲ့ Christine ဟာ နှစ်သစ်ကူးညက Makati မြို့၊ ဟိုတယ်တစ်ခုမှာမှာ သူ့ရဲ့ သူငယ်ချင်းတွေနဲ့အတူ ရှိနေခဲ့ပြီးနောက် သေဆုံးခဲ့ရတာဖြစ်ပါတယ်။နောက်တစ်နေ့ မနက် ၁၀ နာရီမျာ သူမရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်သူ Rommel Galida က သူမကို ရေချိုးခန်းအတွင်းမှာ အိပ်ပျော်နေတဲ့ပုံစံနဲ့ မြင်တွေ့ခဲ့ရလို့ စောင်ခြုံပေးခဲ့တယ်လို့ ဆိုပါတယ်။ဒါပေမယ့် နောက်ထပ်နာရီအနည်းငယ်အကြာမှာတော့ Christine ရဲ့ တစ်ကိုယ်လုံးဟာ ပြာနှမ်းလာခဲ့

တာကို မြင်တွေ့ခဲ့ရပြီး ဆေးရုံကို အလျင်အမြန်ပို့ဆောင်ပေးခဲ့ပေမယ့်လည်း သေဆုံးခဲ့ရတာဖြစ်ပါတယ်။စုံစမ်းစစ်ဆေးမှုတွေအရ Christine ရဲ့ မိန်းမကိုယ် (မိန်းမအင်္ဂါ)မှာ ဒဏ်ရာများအပြားတွေ့ရှိခဲ့ရတယ်လို့ သိရပြီး သူမဟာ အုပ်စုလိုက်မုဒိမ်းကျင့်ခံခဲ့ရတယ်လို့ ကောက်ချက်ချခဲ့ကြပါတယ်။သူမရဲ့ ပေါင်နဲ့ ဒူးတွေမှာလည်း အညိုအမည်းစွဲနေတဲ့ ဒဏ်ရာတွေကို တွေ့ရှိခဲ့ရပြီး သူမဟာ နှစ်သစ်ကူးညက ယောကျ်ားလေးသူငယ်ချင်း အနည်းဆုံး ၁ဝဦးနဲ့အတူရှိနေခဲ့တယ်လို့ စုံစမ်းမှုတွေအရ သိခဲ့ရပါတယ်။ဆက်လက်စုံစမ်းမှု

တွေအရ အဆိုပါညမှာ သူမတို့အဖွဲ့က အရက်သေစာသောက်စားခဲ့ကြပြီး သူမမူးသွားခဲ့ချိန်မှာ အတူရှိနေခဲ့တဲ့ ယောကျ်ားလေးသူငယ်ချင်းတွေကအဖွဲ့လိုက်မုဒိမ်းကျင့်ခဲ့ကြပြီး သူမကို ရေချိုးခန်းအတွင်း အိပ်ပျော်နေတဲ့ဟန်မျိုးဖြစ်အောင် ပြုပြင်ကာ ထားရှိခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။ရဲတပ်ဖွဲ့ကတော့ အဆိုပါအမှုအတွက် လိုက်လံစုံစမ်းနေပြီဖြစ်ပြီး ပါဝင်ခဲ့သူတွေကို ဖမ်းမိနိုင်ဖို့ ကြိုးစားအားထုတ်နေပါတယ်။Christine ရဲ့ မိခင်ဖြစ်သူကတော့ သူမရဲ့သမီးဟာ အဆိုပါနှစ်သစ်ကူးညပါတီကိုသွားဖို့ သူမဆီက

ခွင့်ပြုချက်တောင်းခံခဲ့တယ်လို့ ဆိုပါတယ်။သူမအနေနဲ့လည်း သမီးဖြစ်သူနဲ့ သူငယ်ချင်းဖြစ်သူတွေအပေါ် ယုံကြည်တာကြောင့် ခွင့်ပြုပေးခဲ့ကြောင်း ပြောပြခဲ့ပါတယ်။ဒီနောက်မှာတော့ သမီးဖြစ်သူဆီက ဖုန်းခေါ်ဆိုမှုတစ်ကြိမ်လက်ခံရရှိခဲ့ပြီး နောက်ထပ် ၁၂နာရီအကြာမှာ သေဆုံးကြောင်းသတင်းကို ကြားးသိခဲ့ရတယ်လို့ ဆိုခဲ့ပါတယ်။ဒီသေဆုံးမှုနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်တွေပေါ်မှာလည်း လှုပ်ရှားမှုတွေ အများအပြားရှိလာခဲ့ပါတယ်။သူမရဲ့ မတရားသေဆုံးခဲ့မှုအတွက် တရားမျှတမှုကို ရှာဖွေပေးဖို့ တောင်းဆိုနေကြပြီး ဖိလစ်ပိုင်

ရဲတပ်ဖွဲ့ကို အကြီးအကျယ်ဖိအားပေးနေပြီဖြစ်ပါတယ်။ဒါ့အပြင် တစ်ကမ္ဘာလုံးက အာရုံစိုက်လာတဲ့ အမှုအခင်းဖြစ်လာတာကြောင့်လည်း အမှုမှန်အမြန်ဆုံးပေါ်ပေါက်လာဖို့အတွက် ကြိုးစားရတော့မှာဖြစ်ပါတယ်။therrivernews