Zawgyi




Photo – Dain Daung

Unicode

Myanmar Idol ပြိုင်ပွဲဝင်ဟောင်းတစ်ဦးဖြစ်တဲ့ အဆိုဝါသနာရှင်ခြိမ့်ကေကိုဟာ လတ်တလောဖြစ်ပွားနေတဲ့ ကပ်ရောဂါဆိုင်ရာ ဥပဒေတွေနဲ့ ညိစွန်းခဲ့တာကြောင့် ဒီနေ့မှာပဲ ဥပဒေကြောင်းအရအရေးယူမှုကိုလက်သင့်ခံခဲ့ပါတယ်။ လွန်ခဲ့တဲ့တစ်လလောက်က ရွာထဲမှာ ကလေးမွေးနေ့ရှိတာကြောင့် ကူညီသီဆိုပေးခဲ့ရင်း လူစုလူဝေးဖြစ်ခဲ့တာကြောင့် အခုလိုအရေးယူမှုတွေရှိလာခဲ့တာပဲ ဖြစ်ပါတယ်။

ကူးစက်ပြန့်ပွားနိုင်တဲ့ရောဂါဖြစ်တာကြောင့် မြို့တိုင်းနယ်တိုင်းမှာစည်းကမ်းတင်ကျပ်ထားပြီး ချမှတ်ထားတဲ့စည်းကမ်းတွေနဲ့ မညီသူကို့ရေးယူဆောင်ရွက်မှုတွေလုပ်ခဲ့တာပဲဖြစ်ပါတယ်။ အစပိုင်းမှာတော့ ခြိမ့်ကေကိုက ဒီအပြစ်ကိုခွင့်လွှတ်ပေးဖို့ လူမှုကွန်ရက်ကနေတဆင့် တောင်းပန်စာတွေရေးခဲ့ပေမယ့် အခုတော့ ဦးဒိန်းရဲ့စကားကိုလက်ခံပြီး ကိုယ့်အပြစ်ကိုယ် တာဝန်ယူခဲ့ပါတယ်။ ဒီအကြောင်းကို ”

မင်းငါ့စကားနားထားပြီးအဖမ်းခံလိုက်တဲ့အတွက်ကျေနပ်တယ် လိုအပ်ရင် တက်နိုင်သလောက်ကူညီမယ်စိတ်ချ ” ဆိုပြီးပြောပြလာခဲ့ပါတယ်။ ထိုက်သင့်တဲ့အပြစ်ဒဏ်ကို ခံယူပြီး အားပေးသူတွေရှေ့အမြန်ဆုံးပြန်ရောက်ပါစေလို့ ဆုတောင်းပေးပါတယ်။

Photo – Dain Daung