Zawgyi

မဂၤလာပါ ပရိသတ္ႀကီးေရ ယခုေဖာ္ျပေပးမွာကေတာ့ Online မွာနာမည္ႀကီးေနတဲ့ ေက်ာက္ဆည္ၿမိဳ႕ေလဆိုင္မွာ လုပ္ေနတဲ့ ညီငယ္ေလးတစ္ေယာက္ကို သူ႔ရဲ႕ရည္မွန္းခ်က္ေတြနဲ႔ ျဖစ္ခ်င္တာကို သြားေရာက္ေမးျမန္းထားတဲ့ သတင္းကို ျပန္လည္ေဖာ္ျပေပးမွာ ျဖစ္ပါတယ္။ “ေလဆိုင္ညီေလးရဲ႕မိဘနဲ႔ ေတြ႕ဆုံၿပီး ညီေလးရဲ႕ဆႏၵနဲ႔ သူ႔မိဘရဲ႕ ဆႏၵေတြကို

အလႉရွင္ေတြသိရွိေအာင္ သြားေရာက္ ေမးျမန္းခဲ့တာျဖစ္ပါတယ္။ ေက်ာက္ဆည္ၿမိဳ႕ အင္တိုင္းေက်း႐ြာကျဖစ္ပါတယ္။ မေန႔ညက တိုက္႐ိုက္ လႊင့္ဖို႔က မီးအဆင္မေျပတဲ့အတြက္ Video ပဲ႐ိုက္ခဲ့ရတာျဖစ္ပါတယ္။ အခုလက္ရွိမွာေတာ့ ဒီညီေလးကို သူလုပ္တဲ့ ေလဆိုင္ကိုအလုပ္မဆင္းခိုင္းေတာ့ ပဲအလႉရွင္ေတြနဲ႔ ေဆြးေႏြးၿပီးတာနဲ႔ ဒီညီေလးအတြက္ အေကာင္ထည္ေဖာ္မွာ ျ

ဖစ္သည့္အတြက္ လက္ရွိ စားဝတ္ေနေရးအဆင္ေျပေစေရးအတြက္ ကြၽန္ေတာ္တို႔ ဘဝတူညီကိုမ်ား စုေပါင္းအင္အား ပရဟိတ အဖြဲ႕မွ အလႉေငြ ၆၀၀၀၀ က်ပ္ လက္ရွိအဆင္ေျပေစေရးအတြက္ တတ္ႏိုင္သေလာက္ လႉဒါန္းေပးခဲ့ပါတယ္။ ဒီညီေလးရဲ႕အိမ္ကိုအဆင္ေျပေခ်ာေမြ႕စြာသြားေရာက္ႏိုင္ေအာင္ ကူညီပန႔္ပိုးေပးခဲ့ၾကတဲ့ ဘဝတူညီကိုမ်ားႏွင့္ ေက်ာက္ဆည္ၿမိဳ႕မွ ညီကိုမ်ားအားလုံးအားလုံးကို ေက်းဇူးတင္ပါတယ္ခင္ဗ်ာ

ဘဝတူညီကိုမ်ားေဘးရန္ကင္းၾကပါေစ”ဆိုၿပီး မူရင္းမွာတင္ထားပါတယ္။ ညီငယ္ေလးရဲ႕ ဆႏၵကေတာ့ အေဖဆုံးပါးသြားတဲ့ အတြက္ သူ႔မွာအားကိုးစရာ အေမပဲရွိပါေတာ့တယ္ ဒါေၾကာင့္ အေမနဲ႔ ညီမေလးကိုလည္း မခြဲႏိုင္တာေၾကာင့္ ေလဆိုင္ပဲ ဆက္လုပ္ခ်င္ပါတယ္လို႔ေျပာပါတယ္။ အလႉရွင္ေတြက ေက်ာင္းလည္းထားေပးမယ္ အိမိကိုလည္း လစဥ္ေထာက္ပံ့ေပးမယ္လို႔ ေျပာတာေတာင္ ညီငယ္ေလးကေတာ့

သူ႔ရဲ႕ေလဆိုင္ကိုပဲ ဆက္လုပ္ခ်င္တယ္လို႔ေျပာခဲ့ပါတယ္။ ညီငယ္ေလးရဲ႕ အသက္ကေတာ့ ၁၂ ႏွစ္ရွိၿပီျဖစ္ၿပီး အစ္ကိုတစ္ေယာက္လည္း ရွိပါေသးတယ္။ သူ႔ရဲ႕အစ္ကိုကေတာ့ တစ္နယ္တစ္ေက်းမွာ အလုပ္သြားလုပ္ေနတယ္လို႔ သိရပါတယ္။ ညီငယ္ေလး ျဖစ္ခ်င္တဲ့ ဆႏၵေတြေအာင္ျမင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

မူရင္းေရးသားသူ ေလးစားစြာျဖင့္ ခရက္ဒစ္ေပးပါတယ္ ခင္ဗ်ာ။
Credit

Unicode

မင်္ဂလာပါ ပရိသတ်ကြီးရေ ယခုဖော်ပြပေးမှာကတော့ Online မှာနာမည်ကြီးနေတဲ့ ကျောက်ဆည်မြို့လေဆိုင်မှာ လုပ်နေတဲ့ ညီငယ်လေးတစ်ယောက်ကို သူ့ရဲ့ရည်မှန်းချက်တွေနဲ့ ဖြစ်ချင်တာကို သွားရောက်မေးမြန်းထားတဲ့ သတင်းကို ပြန်လည်ဖော်ပြပေးမှာ ဖြစ်ပါတယ်။ “လေဆိုင်ညီလေးရဲ့မိဘနဲ့ တွေ့ဆုံပြီး ညီလေးရဲ့ဆန္ဒနဲ့ သူ့မိဘရဲ့ ဆန္ဒတွေကို အလှူရှင်တွေသိရှိအောင် သွားရောက် မေးမြန်းခဲ့တာဖြစ်ပါတယ်။

ကျောက်ဆည်မြို့ အင်တိုင်းကျေးရွာကဖြစ်ပါတယ်။ မနေ့ညက တိုက်ရိုက် လွှင့်ဖို့က မီးအဆင်မပြေတဲ့အတွက် Video ပဲရိုက်ခဲ့ရတာဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ ဒီညီလေးကို သူလုပ်တဲ့ လေဆိုင်ကိုအလုပ်မဆင်းခိုင်းတော့ ပဲအလှူရှင်တွေနဲ့ ဆွေးနွေးပြီးတာနဲ့ ဒီညီလေးအတွက် အကောင်ထည်ဖော်မှာ ဖြစ်သည့်အတွက် လက်ရှိ စားဝတ်နေရေးအဆင်ပြေစေရေးအတွက် ကျွန်တော်တို့ ဘဝတူညီကိုများ စုပေါင်းအင်အား

ပရဟိတ အဖွဲ့မှ အလှူငွေ ၆၀၀၀၀ ကျပ် လက်ရှိအဆင်ပြေစေရေးအတွက် တတ်နိုင်သလောက် လှူဒါန်းပေးခဲ့ပါတယ်။ ဒီညီလေးရဲ့အိမ်ကိုအဆင်ပြေချောမွေ့စွာသွားရောက်နိုင်အောင် ကူညီပန့်ပိုးပေးခဲ့ကြတဲ့ ဘဝတူညီကိုများနှင့် ကျောက်ဆည်မြို့မှ ညီကိုများအားလုံးအားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ ဘဝတူညီကိုများဘေးရန်ကင်းကြပါစေ”ဆိုပြီး မူရင်းမှာတင်ထားပါတယ်။ ညီငယ်လေးရဲ့ ဆန္ဒကတော့ အဖေဆုံးပါးသွားတဲ့

အတွက် သူ့မှာအားကိုးစရာ အမေပဲရှိပါတော့တယ် ဒါကြောင့် အမေနဲ့ ညီမလေးကိုလည်း မခွဲနိုင်တာကြောင့် လေဆိုင်ပဲ ဆက်လုပ်ချင်ပါတယ်လို့ပြောပါတယ်။ အလှူရှင်တွေက ကျောင်းလည်းထားပေးမယ် အိမိကိုလည်း လစဉ်ထောက်ပံ့ပေးမယ်လို့ ပြောတာတောင် ညီငယ်လေးကတော့ သူ့ရဲ့လေဆိုင်ကိုပဲ ဆက်လုပ်ချင်တယ်လို့ပြောခဲ့ပါတယ်။ ညီငယ်လေးရဲ့

အသက်ကတော့ ၁၂ နှစ်ရှိပြီဖြစ်ပြီး အစ်ကိုတစ်ယောက်လည်း ရှိပါသေးတယ်။ သူ့ရဲ့အစ်ကိုကတော့ တစ်နယ်တစ်ကျေးမှာ အလုပ်သွားလုပ်နေတယ်လို့ သိရပါတယ်။ ညီငယ်လေး ဖြစ်ချင်တဲ့ ဆန္ဒတွေအောင်မြင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

မူရင်းရေးသားသူ လေးစားစွာဖြင့် ခရက်ဒစ်ပေးပါတယ် ခင်ဗျာ။
Credit