Zawgyi
Source : khay settThwin
Unicode
ချစ်လှစွာသော ပရိသတ်ကြီးရေ မင်းသမီးချောလေး ခေးဆက်သွင်ကတော့ နန်းဆန်တဲ့အလှကိုပိုင်ဆိုင်ထားပြီး တည်ငြိမ်အေးဆေးတဲ့အပြုံးလေးတွေနဲ့ အပြူအမူအပြောလေးတွေေ ကြာင့် ပုရိသတွေရဲ့ ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားသူပါ။ ဖြူစင်တဲ့စိတ်ထားလေးနဲ့ ရရင်ရသလိူ အလှူဒါန လေးတွေပြုလုပ်တတ်တဲ့မင်း သမီးလေးဆို လည်း ဟုတ်ပါတယ်နော်။ ဒါ့အပြင်မင်းသ မီးချောလေးခေးဆက်သွင်ကတော့ MRTV- (4) ဇာတ်လမ်းတွဲမင်း
သမီးလေးဖြစ်တဲ့အပြင် အမြဲပျော်ပျော်နေတတ်ပြီး သရုပ်ဆောင် ‌ကောင်းလွန်းတဲ့ မင်းသမီး လေး ဖြစ်တာကြောင့် ပရိသတ်တွေက အချစ်ပိုနေရသူလေးလို့ ဆိုရမှာပါ။ အရိပ်ဇာတ်လမ်းတွဲမှာ ” အညို ” ဆိုပြီး ပရိသတ်တွေ အားပေးခံခဲ့ ရတာ ဖြစ် ပြီး ” နှင်းဆီ ” ဇာတ်လမ်းတွဲမှာလည်း ” နှင်းဆီ ” ဇာတ်ကောင်နဲ့ ပရိသတ်တွေကိုဆွဲဆောင်နိုင်ခဲ့သူလေးဖြစ်ပါတယ်။ ဒီနေ့မှာတော့ ” ဘယ်သူ့ကိုမှ ဝင်လာပါလို့ တစာစာမခေ ါ်သလိုဘယ်အရာကိုမှ
ထွက်မသွားပါနဲ့လို့ဆွဲမထားတတ်တာကြာပြီလား ကိုယ့်ဖြစ်တည်မှုတိုင်းကို လက်ခံပြီးအရှိအတိုင်း လောကကြီးကို ဟားတိုက်လို့ခပ်မို က်မိုက်ရယ်မောတတ်နေပြီလား အခက်အခဲလှေကားထစ်တွေကို တစ်ဆင့်ခြင်းနင်းဖြတ်ရင်းနင်လားဟဲ့ လောကဓံလို့ တစ်ယောက်တည်းအာခံနိုင်ပြီလား မျက်ရည်နဲ့ ညတွေကို ကျော်ဖြတ်ရင်းဘာမှမဖြစ်သလို ဟန်ဆောင်ခြင်းနဲ့လူတွေကြားထဲ ချည်းနင်းဝင် ရောက် နေပြီလား…..အဓိကနဲ့သာမညကိုရေရေလည်လည် ခွဲခြားတတ်ပြီးဟင်ဆိုတာနဲ့
ချာကနဲလှည့်ထွက်တတ် နေပြီလား ဘယ်နေရာရောက်ရောက် လိုက်လျော ညီထွေစီကာ ပတ်ကုံးပြောလို့အမြဲပြုံးနိုင်ပြီတဲ့လား အပေါ်ကစာတွေဖတ်ရင်းငါနဲ့တူတယ်ဟဲ့ဆိုပြီးပျော်နေရင်သေချာတယ်ခင်ဗျားအပျိုကြီးတစ်ပိုင်းဖြစ်နေပြီ ” ဟုဆိုတဲ့စာလေးနဲ့ သူမပရိသတ်တွေကိုစနောက်ခဲ့တာပါ။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။
Source : khay settThwin