Zawgyi

လယ္ယာေျမမ်ားကို ခြင့္ျပဳခ်က္မရွိဘဲ စိုက္ပ်ိဳးေျမလွပ္ထားျခင္း၊ အေဆာက္အအုံမ်ား ခြင့္ျပဳခ်က္မဲ့ ေဆာက္လုပ္ျခင္းမ်ားအား လယ္ယာေျမဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာ ေအာင္သူက ဗဟိုလယ္ယာေျမစီမံခန႔္ခြဲမႈအဖြဲ႕၏ (၃၅) ႀကိမ္ေျမာက္ လုပ္ငန္းညႇိႏႈိင္းအစည္းအေဝးတြင္ ေျပာၾကားလိုက္သည္။

လယ္ယာေျမေတြကို အိမ္ ၊ ၿခံ ၊ ေျမ အျဖစ္ အကြက္႐ိုက္ၿပီး ေရာင္းခ်တာေတြ ခြင့္ျပဳခ်က္မဲ့ အေဆာက္အဦး ေဆာက္လုပ္တာေတြ ရွိလာေနတဲ့အေပၚ ဝန္ႀကီးက အခုလို ေျပာဆိုလိုက္တာျဖစ္ပါတယ္။ ဒါေၾကာင့္ ျပည္သူလူထုအေနနဲ႔ ေရာင္းမွား ဝယ္မွား မျဖစ္ေစဖို႔ အသိပညာေပးတဲ့ လုပ္ငန္းေဆာင္႐ြက္ဖို႔ လိုအပ္သလို၊ လယ္ယာေျမကို ခြင့္ျပဳခ်က္မရမီ အျခားနည္းသုံးစြဲခြင့္ ႀကိဳတင္ ေဆာင္႐ြက္ျခင္း

မရွိေစေရးနဲ႔ ခြင့္ျပဳခ်က္မရရွိမီ အျခားနည္းသုံးစြဲျခင္း ကိစၥရပ္ေတြကို လုံးဝ ရပ္တန႔္သြားေအာင္ ေဆာင္႐ြက္ဖို႔ လိုအပ္ေနတယ္လို႔ ဝန္ႀကီးက ဆိုပါတယ္။ “ဒီဘက္မွာေတာ့ ေရာင္းေနတာေတြ႕တယ္။ ၿခံေရာင္းရန္ရွိတယ္ ဆိုတာေတြ ခ်ိတ္ထားတယ္။ အရင္ကဆို ဝယ္ၾကတာေတြလည္းရွိတယ္။ လုပ္ေနၾကတာပဲ။ ေျမကြက္က ၁၈ ေပ ၊ ေပ ၄၀ ရွိတယ္ အစုံပဲ။ အိမ္ၿခံေျမေရာင္းဝယ္ေရးေတြလည္း

လုပ္ေနၾကတာပဲ။ အေရးယူမယူေတာ့မသိဘူး” လို႔ လွည္းကူး ေဒသခံတစ္ဦးက ေျပာပါတယ္။ လက္ရွိမွာေတာ့ ဗဟိုလယ္ယာေျမ စီမံခန႔္ခြဲမႈ အဖြဲ႕ အေနနဲ႔ ေနျပည္ေတာ္ေကာင္စီ၊ တိုင္းေဒသႀကီး၊ ျပည္နယ္ လယ္ယာေျမ စီမံခန႔္ခြဲမႈအဖြဲ႕မ်ားမွ လယ္ယာေျမ အျခားနည္း သုံးစြဲခြင့္ျပဳဖို႔ စိစစ္တင္ျပလာတဲ့ လုပ္ငန္းစာတြဲေတြကို ၂၀၁၂ ခုႏွစ္၊ လယ္ယာေျမ ဥပေဒပါ ျပ႒ာန္းခ်က္မ်ား

ၫႊန္ၾကားခ်က္မ်ားနဲ႔ ကိုက္ညီ မွန္ကန္မႈ ရွိ၊မရွိကို စိစစ္ၿပီး ခြင့္ျပဳ၊ အတည္ျပဳ မႈေတြကို စိစစ္ လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။ ထိုအျပင္ ႏိုင္ငံေတာ္အစိုးရရဲ႕ စီမံကိန္း လုပ္ငန္းေတြ ေဆာင္႐ြက္ဖို႔အတြက္ သိမ္းဆည္းထားတဲ့ လယ္ယာ ေျမေတြကို ဘ႑ာႏွစ္အလိုက္ ေလ်ာ္ေၾကး၊ နစ္နာေၾကး ေပးေခ်ဖို႔ေဆာင္႐ြက္ေနတယ္လို႔ သိရပါတယ္။

Unicode

လယ်ယာမြေများကို ခွင့်ပြုချက်မရှိဘဲ စိုက်ပျိုးမြေလှပ်ထားခြင်း၊ အဆောက်အအုံများ ခွင့်ပြုချက်မဲ့ ဆောက်လုပ်ခြင်းများအား လယ်ယာမြေဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူက ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၃၅) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားလိုက်သည်။ လယ်ယာမြေတွေကို အိမ် ၊ ခြံ ၊ မြေ အဖြစ်

အကွက်ရိုက်ပြီး ရောင်းချတာတွေ ခွင့်ပြုချက်မဲ့ အဆောက်အဦး ဆောက်လုပ်တာတွေ ရှိလာနေတဲ့အပေါ် ဝန်ကြီးက အခုလို ပြောဆိုလိုက်တာဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူလူထုအနေနဲ့ ရောင်းမှား ဝယ်မှား မဖြစ်စေဖို့ အသိပညာပေးတဲ့ လုပ်ငန်းဆောင်ရွက်ဖို့ လိုအပ်သလို၊ လယ်ယာမြေကို ခွင့်ပြုချက်မရမီ အခြားနည်းသုံးစွဲခွင့် ကြိုတင် ဆောင်ရွက်ခြင်း မရှိစေရေးနဲ့ ခွင့်ပြုချက်မရရှိမီ အခြားနည်းသုံးစွဲခြင်း ကိစ္စရပ်တွေကို လုံးဝ

ရပ်တန့်သွားအောင် ဆောင်ရွက်ဖို့ လိုအပ်နေတယ်လို့ ဝန်ကြီးက ဆိုပါတယ်။ “ဒီဘက်မှာတော့ ရောင်းနေတာတွေ့တယ်။ ခြံရောင်းရန်ရှိတယ် ဆိုတာတွေ ချိတ်ထားတယ်။ အရင်ကဆို ဝယ်ကြတာတွေလည်းရှိတယ်။ လုပ်နေကြတာပဲ။ မြေကွက်က ၁၈ ပေ ၊ ပေ ၄၀ ရှိတယ် အစုံပဲ။ အိမ်ခြံမြေရောင်းဝယ်ရေးတွေလည်း လုပ်နေကြတာပဲ။ အရေးယူမယူတော့မသိဘူး” လို့ လှည်းကူး ဒေသခံတစ်ဦးက ပြောပါတယ်။ လက်ရှိမှာတော့

ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့ အနေနဲ့ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့များမှ လယ်ယာမြေ အခြားနည်း သုံးစွဲခွင့်ပြုဖို့ စိစစ်တင်ပြလာတဲ့ လုပ်ငန်းစာတွဲတွေကို ၂၀၁၂ ခုနှစ်၊ လယ်ယာမြေ ဥပဒေပါ ပြဋ္ဌာန်းချက်များ ညွှန်ကြားချက်များနဲ့ ကိုက်ညီ မှန်ကန်မှု ရှိ၊မရှိကို စိစစ်ပြီး ခွင့်ပြု၊ အတည်ပြု မှုတွေကို စိစစ် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ထိုအပြင် နိုင်ငံတော်အစိုးရရဲ့ စီမံကိန်း လုပ်ငန်းတွေ ဆောင်ရွက်ဖို့အတွက် သိမ်းဆည်းထားတဲ့ လယ်ယာ မြေတွေကို ဘဏ္ဍာနှစ်အလိုက် လျော်ကြေး၊ နစ်နာကြေး ပေးချေဖို့ဆောင်ရွက်နေတယ်လို့ သိရပါတယ်။