Zawgyi

ေ႐ႊတိဂုံေစတီေတာ္ႀကီး၏ဘ႑ာေတာ္ေငြႏွစ္စဥ္တိုးလာေနသည္ဟု သာသနာေရးႏွင့္ယဥ္ေက်းမႈဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးသူရဦးေအာင္ကိုကေျပာသည္။ ေ႐ႊတိဂုံေစတီေတာ္ႀကီးေရရွည္တည္တံ့ေရးႏွင့္ဘက္စုံဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ႏိုင္ငံေတာ္အစိုးရက မူဝါဒလမ္းၫႊန္ခ်က္မ်ားခ်မွတ္ၿပီးေဆာင္႐ြက္ေနေၾကာင္းလည္း ဝန္ႀကီးကဆိုသည္။

ယင္းအျပင္ ၿဂိဳလ္ရွစ္ခြင္ေရသပၸာယ္မႈႏွင့္ဖိနပ္အပ္မႈ ကန္ထ႐ိုက္မေပးေတာ့ဘဲ အလႉခံပုံးသာခ်ထားရာ ကန္ထ႐ိုက္ထက္မ်ားစြာပိုရေနေၾကာင္းလည္း ဝန္ႀကီးကဆက္ေျပာသည္။ ဒါ့အျပင္ ယခင္က က်ိဳက္ထီး႐ိုးေစတီေတာ္ကို ေဂါပကအဖြဲ႕ေတြက ႏွစ္ေပါင္းမ်ားစြာ စီမံေဆာင္႐ြက္ခဲ့ေပမယ့္ အလႉရန္ပုံေငြမွာ သိသိသာသာ တိုးတက္လာျခင္း မရွိေၾကာင္း၊

ဘုရားဖူးျပည္သူေတြအတြက္လည္း တည္းခိုေရး စားေသာက္ေရးကအစ အဆင္မေျပမႈေတြ မ်ားခဲ့တယ္လို႔ ျပည္ေထာင္စုဝန္ႀကီး သူရဦးေအာင္ကိုက ဆိုပါတယ္။ “ကြၽန္ေတာ္တို႔ အစိုးရလက္ထက္မွာ ျပင္ဆင္တဲ့အေနနဲ႔ ေဂါပကအဖြဲ႕အသစ္ကို ျပင္ဆင္ဖြဲ႕စည္းခဲ့ၿပီး လိုအပ္တဲ့ လမ္းၫႊန္ခ်က္ေတြကို ခ်မွတ္ေပးခဲ့ပါတယ္။အလႉခံရာမွာလည္း ကန္ထ႐ိုက္ေပးတဲ့ စနစ္ကို

ဖ်က္ၿပီး အလႉခံပုံးပဲခ်ထားပါတယ္။ အတင္းအၾကပ္အလႉခံတာကိုလည္း ပယ္ဖ်က္လိုက္ပါတယ္။ အတင္းအၾကပ္ အလႉခံတဲ့စနစ္အစား အလႉခံတဲ့ပုံးခ်ၿပီး တစ္လတစ္ႀကိမ္သို႔ တစ္လႏွစ္ႀကိမ္ အလႉခံပုံးေတြ ဖြင့္ေဖာက္ၿပီးေတာ့ စစ္ေဆးပါတယ္။ အဲ့လိုစစ္ေဆးတဲ့အခါမွာ အလႉရန္ပုံေငြေတြက အရင္က ကန္ထ႐ိုက္ေပးတာထက္စာရင္ အမ်ားႀကီးတက္လာတာကိုေတြ႕ရပါတယ္။

“လို႔ ျပည္ေထာင္စုဝန္ႀကီး သူရဦးေအာင္ကိုက ေျပာပါတယ္။ ယင္းကဲ့သို႔ ေဆာင္႐ြက္ခဲ့ရာမွာ ၂၀၁၆ ခုႏွစ္မွာ ၄.၄၇ ဘီလ်ံ၊ ၂၀၁၇ မွာ ၈.၃၈ ဘီလ်ံ၊ ၂၀၁၈ မွာ ၁၁.၈၈ ဘီလ်ံ၊ ၂၀၁၉ မွာ ၁၅.၆၇ ဘီလ်ံ၊ ၂၀၂၀ ေအာက္တိုဘာလအထိ ၁၆.၆၃ ဘီလ်ံအထိ ရရွိခဲ့တယ္လို႔ သိရပါတယ္။

Crd

Unicode

ရွှေတိဂုံစေတီတော်ကြီး၏ဘဏ္ဍာတော်ငွေနှစ်စဉ်တိုးလာနေသည်ဟု သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသူရဦးအောင်ကိုကပြောသည်။ ရွှေတိဂုံစေတီတော်ကြီးရေရှည်တည်တံ့ရေးနှင့်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရက မူဝါဒလမ်းညွှန်ချက်များချမှတ်ပြီးဆောင်ရွက်နေကြောင်းလည်း ဝန်ကြီးကဆိုသည်။ ယင်းအပြင် ဂြိုလ်ရှစ်ခွင်ရေသပ္ပာယ်မှုနှင့်ဖိနပ်အပ်မှု ကန်ထရိုက်မပေးတော့ဘဲ

အလှူခံပုံးသာချထားရာ ကန်ထရိုက်ထက်များစွာပိုရနေကြောင်းလည်း ဝန်ကြီးကဆက်ပြောသည်။ ဒါ့အပြင် ယခင်က ကျိုက်ထီးရိုးစေတီတော်ကို ဂေါပကအဖွဲ့တွေက နှစ်ပေါင်းများစွာ စီမံဆောင်ရွက်ခဲ့ပေမယ့် အလှူရန်ပုံငွေမှာ သိသိသာသာ တိုးတက်လာခြင်း မရှိကြောင်း၊ ဘုရားဖူးပြည်သူတွေအတွက်လည်း တည်းခိုရေး စားသောက်ရေးကအစ အဆင်မပြေမှုတွေ များခဲ့တယ်လို့ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ဆိုပါတယ်။

“ကျွန်တော်တို့ အစိုးရလက်ထက်မှာ ပြင်ဆင်တဲ့အနေနဲ့ ဂေါပကအဖွဲ့အသစ်ကို ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး လိုအပ်တဲ့ လမ်းညွှန်ချက်တွေကို ချမှတ်ပေးခဲ့ပါတယ်။အလှူခံရာမှာလည်း ကန်ထရိုက်ပေးတဲ့ စနစ်ကို ဖျက်ပြီး အလှူခံပုံးပဲချထားပါတယ်။ အတင်းအကြပ်အလှူခံတာကိုလည်း ပယ်ဖျက်လိုက်ပါတယ်။ အတင်းအကြပ် အလှူခံတဲ့စနစ်အစား အလှူခံတဲ့ပုံးချပြီး တစ်လတစ်ကြိမ်သို့ တစ်လနှစ်ကြိမ် အလှူခံပုံးတွေ

ဖွင့်ဖောက်ပြီးတော့ စစ်ဆေးပါတယ်။ အဲ့လိုစစ်ဆေးတဲ့အခါမှာ အလှူရန်ပုံငွေတွေက အရင်က ကန်ထရိုက်ပေးတာထက်စာရင် အများကြီးတက်လာတာကိုတွေ့ရပါတယ်။“လို့ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောပါတယ်။ ယင်းကဲ့သို့ ဆောင်ရွက်ခဲ့ရာမှာ ၂၀၁၆ ခုနှစ်မှာ ၄.၄၇ ဘီလျံ၊ ၂၀၁၇ မှာ ၈.၃၈ ဘီလျံ၊ ၂၀၁၈ မှာ ၁၁.၈၈ ဘီလျံ၊ ၂၀၁၉ မှာ ၁၅.၆၇ ဘီလျံ၊ ၂၀၂၀ အောက်တိုဘာလအထိ ၁၆.၆၃ ဘီလျံအထိ ရရှိခဲ့တယ်လို့ သိရပါတယ်။

Crd