Zawgyi

ႏြားတင္းကုပ္ထဲမွာ အလုပ္, လုပ္ရင္းနဲ႔ စာက်က္ၿပီး တရားသူႀကီး ျဖစ္လာခဲ့တဲ့ အမ်ိဳးသမီးဒီေခတ္ ပညာေရး စနစ္ႀကီးထဲမွာ မိဘ ေတာ္ေတာ္ မ်ားမ်ားဟာ သူတို႔ သားသမီးေတြရဲ႕ ပညာေရးနဲ႔ ပတ္သတ္ၿပီး ေတာ္ေတာ္ေလးကို အေလးထားၿပီး ေဆာင္႐ြက္တတ္ၾကပါတယ္။ စာသင္ေက်ာင္း ဆိုရင္လည္း နာမည္ႀကီး ကိုယ္ပိုင္ စာသင္ေက်ာင္းေတြ၊ က်ဴရွင္ေတြ ဆိုရင္လည္း

တစ္ကယ့္ က်ဴရွင္ အေကာင္းစား ေတြမွာမွ ထားတတ္ၾကတာပါ။ ဒါေပမယ့္ တစ္ကယ္ ပညာလိုခ်င္တဲ့ လူေတြ အတြက္ေတာ့ နာမည္ႀကီး ကိုယ္ပိုင္ စာသင္ေက်ာင္းေတြ၊ ေဈးႀကီး က်ဴရွင္ဝိုင္းေတြ မလိုပါဘူး။ အဲဒီအရာကို သက္ေသ ျပသြားခဲ့တာ ကေတာ့ အိႏၵိယႏိုင္ငံရွိ အမ်ိဳးသမီး တစ္ေယာက္ပဲ ျဖစ္ပါတယ္။ ဘာေၾကာင့္လဲ ဆိုေတာ့ အဆိုပါ အမ်ိဳးသမီးဟာ သူ႔အေဖ ပိုင္တဲ့ ႏြားတင္းကုပ္

ထဲမွာပဲ အလုပ္လုပ္ကာ စာက်က္ရင္း တရားသူႀကီးတစ္ဦး ျဖစ္လာခဲ့လို႔ပဲ ျဖစ္ေၾကာင္း Storypick သတင္းဌာနရဲ႕ ေဖာ္ျပခ်က္ အရ သိရွိရပါတယ္။ သူမကေတာ့ အိႏၵိယႏိုင္ငံ၊ Rajasthan ျပည္နယ္၊ Udaipur ၿမိဳ႕မွာ ေနထိုင္တဲ့ အသက္ ၂၆ ႏွစ္အ႐ြယ္ Sonal Sharma အမည္ရ အမ်ိဳးသမီး တစ္ေယာက္ပဲ ျဖစ္ပါတယ္။ Sonal ဟာ ဥပေဒ ပညာရပ္ကို ေလ့လာ လိုက္စားရင္း သူဖခင္ရဲ႕

ႏြားတင္းကုပ္ထဲမွာ အေဖ ျဖစ္သူရဲ႕ အလုပ္ေတြကို ဝိုင္းကူ လုပ္ေပးခဲ့တာ ျဖစ္ပါတယ္။ ႏြားႏို႔ ညႇစ္တာတို႔၊ ႏြားတင္းကုပ္ကို သန႔္ရွင္းေရး လုပ္ေပးတာတို႔၊ ႏြားအစာ ေကြၽးတာတို႔၊ ႏြားႏို႔ လိုက္ပို႔တာတို႔ အစရွိတဲ့ အလုပ္ေတြကို Sonnal ဟာ သူမရဲ႕ ဖခင္ျဖစ္သူနဲ႔ အတူတူ လုပ္ကိုင္ခဲ့တာ ျဖစ္ပါတယ္။ဒီလိုမ်ိဳး အလုပ္ေတြ လုပ္ေနရင္းနဲ႔ကို တစ္ဖက္

မွာလည္း ဥပေဒ စာေမးပြဲအတြက္ ျပင္ဆင္ခဲ့ပါတယ္။ က်ဴရွင္ စရိတ္ေတြက အရမ္း ေဈးႀကီးလြန္းတာေၾကာင့္ Sonnal ဟာ ကိုယ့္ဘာသာ self-studay လုပ္ရင္း RJS (Rajasthan Judicial Service) စာေမးပြဲကို ၂၀၁၈ မွာ ဝင္ေျဖဆိုခဲ့ပါတယ္။ အမွတ္ ထြက္လာတဲ့ အခ်ိန္မွာ သတ္မွတ္ထားတဲ့ အမွတ္ထက္ ၁ မွတ္ ေလ်ာ့သြားေပမယ့္ Sonnal ရဲ႕ အေရွ႕က လူ ၇ ေယာက္က

ပ်က္ကြက္ ခဲ့တာေၾကာင့္ ေနာက္ဆုံး မွာေတာ့ Sonnal ဟာ Rajasthan High Court မွာ တာဝန္ ထမ္းေဆာင္ခြင့္ ရခဲ့ပါတယ္။ အရင္ အခ်ိန္ေတြ တုန္းကဆို ကြၽန္မက ႏြားတင္ကုပ္ ထဲမွာပဲ အၿမဲေနၿပီး အေဖ့ အလုပ္ေတြကို ကူၿပီး စာလုပ္ခဲ့ရတာပါ။ ဒါ့ေၾကာင့္ ကြၽန္မကိုယ္မွာ အၿမဲတမ္း ေနာက္ေခ်း အနံ႔က ထြက္ေနခဲ့ပါတယ္။ ေက်ာင္း စတက္

တုန္းကေတာ့ အဲဒီလိုမ်ိဳး ကိစၥနဲ႔ ပတ္သတ္ၿပီး ေတာ္ေတာ္ေလးကို ရွက္ခဲ့ရပါတယ္။ အဆိုးဆုံးက အတန္းေဖာ္ေတြကို ကြၽန္မရဲ႕ အေဖက ႏြားႏို႔ ပို႔သမားလို႔ ေျပာရမွာေတာင္ ရွက္ခဲ့မိပါတယ္။ ဒါေပမယ့္ အခုလို တရားသူႀကီး ျဖစ္လာတဲ့ အခ်ိန္မွာေတာ့ ကြၽန္မ မိဘေတြ အတြက္ ကြၽန္မ အရမ္း ဂုဏ္ယူပါတယ္” လို႔ Sonnal က TOI သတင္းဌာနကို ေျပာၾကားခဲ့ပါတယ္။credit

Unicode

နွားတင်းကုပ်ထဲမှာ အလုပ်, လုပ်ရင်းနဲ့ စာကျက်ပြီး တရားသူကြီး ဖြစ်လာခဲ့တဲ့ အမျိုးသမီးဒီခေတ် ပညာရေး စနစ်ကြီးထဲမှာ မိဘ တော်တော် များများဟာ သူတို့ သားသမီးတွေရဲ့ ပညာရေးနဲ့ ပတ်သတ်ပြီး တော်တော်လေးကို အလေးထားပြီး ဆောင်ရွက်တတ်ကြပါတယ်။ စာသင်ကျောင်း ဆိုရင်လည်း နာမည်ကြီး ကိုယ်ပိုင် စာသင်ကျောင်းတွေ၊ ကျူရှင်တွေ ဆိုရင်လည်း တစ်ကယ့် ကျူရှင် အကောင်းစား

တွေမှာမှ ထားတတ်ကြတာပါ။ ဒါပေမယ့် တစ်ကယ် ပညာလိုချင်တဲ့ လူတွေ အတွက်တော့ နာမည်ကြီး ကိုယ်ပိုင် စာသင်ကျောင်းတွေ၊ ဈေးကြီး ကျူရှင်ဝိုင်းတွေ မလိုပါဘူး။ အဲဒီအရာကို သက်သေ ပြသွားခဲ့တာ ကတော့ အိန္ဒိယနိုင်ငံရှိ အမျိုးသမီး တစ်ယောက်ပဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အဆိုပါ အမျိုးသမီးဟာ သူ့အဖေ ပိုင်တဲ့ နွားတင်းကုပ် ထဲမှာပဲ အလုပ်လုပ်ကာ စာကျက်ရင်း တရားသူကြီးတစ်ဦး

ဖြစ်လာခဲ့လို့ပဲ ဖြစ်ကြောင်း Storypick သတင်းဌာနရဲ့ ဖော်ပြချက် အရ သိရှိရပါတယ်။ သူမကတော့ အိန္ဒိယနိုင်ငံ၊ Rajasthan ပြည်နယ်၊ Udaipur မြို့မှာ နေထိုင်တဲ့ အသက် ၂၆ နှစ်အရွယ် Sonal Sharma အမည်ရ အမျိုးသမီး တစ်ယောက်ပဲ ဖြစ်ပါတယ်။ Sonal ဟာ ဥပဒေ ပညာရပ်ကို လေ့လာ လိုက်စားရင်း သူဖခင်ရဲ့ နွားတင်းကုပ်ထဲမှာ အဖေ ဖြစ်သူရဲ့ အလုပ်တွေကို ဝိုင်းကူ လုပ်ပေးခဲ့တာ ဖြစ်ပါတယ်။

နွားနို့ ညှစ်တာတို့၊ နွားတင်းကုပ်ကို သန့်ရှင်းရေး လုပ်ပေးတာတို့၊ နွားအစာ ကျွေးတာတို့၊ နွားနို့ လိုက်ပို့တာတို့ အစရှိတဲ့ အလုပ်တွေကို Sonnal ဟာ သူမရဲ့ ဖခင်ဖြစ်သူနဲ့ အတူတူ လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။ဒီလိုမျိုး အလုပ်တွေ လုပ်နေရင်းနဲ့ကို တစ်ဖက် မှာလည်း ဥပဒေ စာမေးပွဲအတွက် ပြင်ဆင်ခဲ့ပါတယ်။ ကျူရှင် စရိတ်တွေက အရမ်း ဈေးကြီးလွန်းတာကြောင့် Sonnal ဟာ ကိုယ့်ဘာသာ self-studay လုပ်ရင်း RJS (Rajasthan Judicial Service)

စာမေးပွဲကို ၂၀၁၈ မှာ ဝင်ဖြေဆိုခဲ့ပါတယ်။ အမှတ် ထွက်လာတဲ့ အချိန်မှာ သတ်မှတ်ထားတဲ့ အမှတ်ထက် ၁ မှတ် လျော့သွားပေမယ့် Sonnal ရဲ့ အရှေ့က လူ ၇ ယောက်က ပျက်ကွက် ခဲ့တာကြောင့် နောက်ဆုံး မှာတော့ Sonnal ဟာ Rajasthan High Court မှာ တာဝန် ထမ်းဆောင်ခွင့် ရခဲ့ပါတယ်။ အရင် အချိန်တွေ တုန်းကဆို ကျွန်မက နွားတင်ကုပ် ထဲမှာပဲ အမြဲနေပြီး အဖေ့ အလုပ်တွေကို ကူပြီး စာလုပ်ခဲ့ရတာပါ။

ဒါ့ကြောင့် ကျွန်မကိုယ်မှာ အမြဲတမ်း နောက်ချေး အနံ့က ထွက်နေခဲ့ပါတယ်။ ကျောင်း စတက် တုန်းကတော့ အဲဒီလိုမျိုး ကိစ္စနဲ့ ပတ်သတ်ပြီး တော်တော်လေးကို ရှက်ခဲ့ရပါတယ်။ အဆိုးဆုံးက အတန်းဖော်တွေကို ကျွန်မရဲ့ အဖေက နွားနို့ ပို့သမားလို့ ပြောရမှာတောင် ရှက်ခဲ့မိပါတယ်။ ဒါပေမယ့် အခုလို တရားသူကြီး ဖြစ်လာတဲ့ အချိန်မှာတော့ ကျွန်မ မိဘတွေ အတွက် ကျွန်မ အရမ်း ဂုဏ်ယူပါတယ်” လို့ Sonnal က TOI သတင်းဌာနကို ပြောကြားခဲ့ပါတယ်။credit