Zawgyi
Unicode
ပရိသတ်အချစ်တော် မင်းသမီးချောလေး သင်ဇာဝင့်ကျော်ကတော့ အမိုက်စားဖက်ရှင်တွေကို ဝတ်ဆင်လေ့ရှိပြီး ဆွဲဆောင်မှုအပြည့်နဲ့ လှနေတတ်တာ ဖြစ်ပါတယ် ။ ပုရိသတွေရဲ့အထူးတလည် စိတ်ဝင်စားခြင်းကိုခံနေရတဲ့ သင်ဇာဝင့်ကျော်က သူမရဲ့အလုပ်အပေါ်မှာ အာရုံစိုက်ပြီး သေသေချာချာ လုပ်ကိုင်တတ်တာ ဖြစ်ပါတယ် ။ သင်ဇာဝင့်ကျော်က ဝေဖန်တိုက်ခိုက်မှုဒဏ်တွေကို မကြာခဏခံရတတ်ပေမယ့် ပြိုလဲသွားခြင်းမရှိဘဲ
သူမရဲ့အောင်မြင်မှုပန်းတိုင်ကိုသာ ဆက်လက်လျှောက်လှမ်းနေတာ ဖြစ်ပါတယ် ။ ဒီနေ့မှာတော့ သင်ဇာဝင့်ကျော်က SHAYI ဖက်ရှင်ဆိုင်ရဲ့ဆိုင်အသစ်ဖွင့်ပွဲကို တက်ရောက်ခဲ့တာပဲ ဖြစ်ပါတယ် ။ Myanmar Plaza မှာ ကျင်းပပြုလုပ်တဲ့ SHAYI ရဲ့ Grand Opening ကို သင်ဇာဝင့်ကျော်အပြင် စန္ဒီမြင့်လွင့်၊ အေးမြတ်သူ၊ နန်းဆုရတီစိုးနဲ့ ပိုင်ဖြိုးသုတို့လည်း
အသီးသီးတက်ရောက်လာခဲ့ကြတာ ဖြစ်ပါတယ် ။ သင်ဇာဝင့်ကျော်တို့ အနုပညာညီအစ်မတစ်စုကတော့ အတူဆုံတဲ့အချိန်လေးမှာ စကားတွေပြောရင်း ရယ်မောခဲ့သလို အမှတ်တရဓာတ်ပုံတွေလည်း ရိုက်ကူးခဲ့ကြတာ ဖြစ်ပါတယ် ။ ဓာတ်ပုံရိုက်နေရင်းနဲ့ သင်ဇာဝင့်ကျော်က နန်းဆုရတီစိုးကို အသားတွေပိုဖြူပြီးလှလာကြောင်းပြောခဲ့တာ ဖြစ်ပါတယ် ။ ဒါ့အပြင် သင်ဇာက
နန်းဆုရဲ့ခြေထောက်ကိုကြည့်ပြီး စစနောက်နောက်နဲ့ စကားတစ်ခွန်းပြောချလိုက်တာလည်း ဖြစ်ပါတယ် ။ Live လွှင့်နေမှန်းမသိဘဲ အပီအပြင်တွေပြောနေတဲ့ သင်ဇာ့ကြောင့် နန်းဆုတို့အနုပညာညီအစ်မတွေ ရယ်မောခဲ့ရတာလည်း ဖြစ်ပါတယ် ။ ကဲ သင်ဇာဝင့်ကျော်နဲ့ နန်းဆုရတီစိုးတို့အနုပညာညီအစ်မတစ်စုရဲ့အခွီဗီဒီယိုလေးကို ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။
Source and Video Credit-Thinzar Wint Kyaw