အေျခခံပညာ အတန္းသုံးတန္းကို သင္႐ိုးသစ္ ေျပာင္းလဲ ဆရာ၊ ဆရာမမ်ားအတြက္ သင္႐ိုးသစ္သင္ျပနည္း သင္တန္းကို ပုံစံႏွစ္မ်ိဳးျဖင့္ ဖြင့္မည္

Zawgyi

ကပ္ေရာဂါေၾကာင့္ အေျခခံပညာေက်ာင္းမ်ား ပိတ္ထားေသာ္လည္း သင္႐ိုးၫႊန္းတမ္းအသစ္ ေရးဆြဲမႈကို ဆက္လက္လုပ္ေဆာင္ေနသည္။ အေျခခံပညာ Grade-5၊ 8၊ 11 အတန္းမ်ားအတြက္ သင္႐ိုးသစ္မ်ားကို ေျပာင္းလဲေရးဆြဲ ထားၿပီး သင္ျပမည့္ ဆရာ၊ ဆရာမမ်ားအတြက္ သင္ျပနည္းသင္တန္း ကို Face to Face Training ႏွင့္ အြန္လိုင္း Training မ်ားျဖင့္ ကပ္ ေရာဂါအေျခအေနအရ ဖြင့္လွစ္

မည္ဟု ပညာေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာမ်ိဳး သိမ္းႀကီးက ေျပာသည္။ ပၪၥမတန္း (Grade-5)၊ အ႒မတန္း (Grade-8)၊ ဧကာဒသမတန္း (Grade-11)သင္႐ိုးၫႊန္းတမ္းသစ္မ်ားကို ပညာေရးဝန္ႀကီးဌာနက ဂ်ပန္အျပည္ျပည္ ဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္ေရး ေအဂ်င္စီ (JICA)၊ အာရွဖြံ႕ၿဖိဳးေရး ဘဏ္(ADB)၊ ဥေရာပသမဂၢ(EU) တို႔၏ ပံ့ပိုးမႈျဖင့္ ေရးဆြဲၿပီးစီး

သြားၿပီျဖစ္ေၾကာင္း ၎က ဆို သည္။ ထိုသင္႐ိုးသစ္ သင္ျပနည္းအတြက္ တစ္ႏိုင္ငံလုံးရွိ ဆရာ၊ ဆရာမမ်ားကို သင္တန္းပို႔ခ်မည္ျဖစ္ၿပီး ဗဟိုအဆင့္၊ ေက်ာင္းအ ဆင့္ ဆင့္ပြားသင္တန္းမ်ားအ တြက္ က်န္းမာေရးႏွင့္ အားကစား ဝန္ႀကီးဌာန၊ COVID-19 ကာ ကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးအမ်ိဳး သားအဆင့္ ဗဟိုေကာ္မတီ၏ ၫႊန္ၾကားခ်က္မ်ားကို အတိအက် လိုက္နာေဆာင္႐ြက္မည္ဟု ၎ က ဆိုသည္။

အြန္လိုင္းသင္တန္းမ်ားအ တြက္ တစ္ဦးခ်င္းစီသည္ ဒစ္ဂ်စ္တယ္ပစၥည္းတစ္ခုစီႏွင့္ တစ္ဦး ခ်င္းစီ အိမ္၊ ႐ုံး စသည့္ေနရာသီးသန႔္ျဖင့္ ေဆာင္႐ြက္ရမည္ျဖစ္ၿပီး Face to Face Training ဖြင့္လွစ္ပါက က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနမွ ခြင့္ျပဳခ်က္ရယူၿပီး လူ ၃၀ ထက္မပိုဘဲ ေဆာင္႐ြက္မည္ျဖစ္ေၾကာင္း ေဒါက္တာ မ်ိဳးသိမ္းႀကီးက ဆိုသည္။ ‘‘Grade 5၊ 8၊ 11 က သင္႐ိုးသစ္ ၿပီးသြားၿပီ။

ဆရာ၊ ဆရာမ ေတြကို သင္တန္းေပးဖို႔၊ အြန္လိုင္းနဲ႔ Face to Face သင္တန္းႏွစ္ မ်ိဳးဖြင့္ဖို႔ လုပ္ေနတယ္။ အေသး စိတ္ကေတာ့ ညႇိႏႈိင္းတုန္းပဲ’’ဟု အေျခခံပညာဦးစီးဌာန ၫႊန္ၾကား ေရးမႉးခ်ဳပ္ ဦးကိုေလးဝင္းက ေျပာသည္။ COVID-19 ကပ္ေရာဂါ ေၾကာင့္ ေက်ာင္းမ်ား ပိတ္ထားေသာ္လည္း သင္႐ိုးၫႊန္းတမ္းအ သစ္ ေရးဆြဲမႈမ်ားကို မရပ္တန႔္ဘဲ ဆက္လက္ေဆာင္႐ြက္ေနၿပီး

မူလသတ္မွတ္ထားသည့္အတိုင္း ၂၀၂၂-၂၃ ပညာသင္ႏွစ္တြင္ အ ေျခခံပညာအတန္းအားလုံးအ တြက္ သင္႐ိုးၫႊန္းတမ္းအသစ္ကို အၿပီးေရးဆြဲမည္ဟု အေျခခံပညာဦးစီးဌာန ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာ တင္ေမာင္ဝင္းက 7Day News သတင္းစာအား ေျပာၾကားထားသည္။ သင္႐ိုးၫႊန္းတမ္းအသစ္ ေရးဆြဲမႈ၊ ျပ႒ာန္းစာအုပ္႐ိုက္ႏွိပ္မႈ မ်ားကို သတ္မွတ္ကာလအတြင္း အၿပီးေဆာင္

႐ြက္မည္ျဖစ္ေသာ္ လည္း ေက်ာင္းသားေက်ာင္းသူ မ်ားအား သင္ၾကားမည့္အစီအ စဥ္သည္ ေက်ာင္းမ်ား ျပန္ဖြင့္ သည့္အေပၚ မူတည္ေၾကာင္း ေဒါက္တာတင္ေမာင္ဝင္းက ဆို သည္။ ပညာေရးဝန္ႀကီးဌာနက အေျခခံပညာေရးကို ယခင္ သူ ငယ္တန္း+၁၀ တန္းစနစ္ကို က်င့္သုံးခဲ့ရာမွ ၂၀၁၆-၁၇ ပညာသင္ ႏွစ္ကစကာ သူငယ္တန္း+၁၂ တန္းစနစ္သစ္ကို စတင္ေျပာင္းလဲခဲ့သည္။ စနစ္သစ္အရ ၂၀၁၆-၁၇ ပညာသင္ႏွစ္ကစ

တင္ကာ သူငယ္တန္း (KG)၊ ၂၀၁၇-၁၈ ပညာသင္ႏွစ္၌ ပထမတန္း (Grade-1)၊ ၂၀၁၈-၁၉ ပညာသင္ႏွစ္၌ ဒုတိယတန္း (Grade- 2)၊ ၂၀၁၉-၂၀ ပညာသင္ႏွစ္တြင္ တတိယတန္း (Grade-3) ႏွင့္ စတုတၳတန္း(Grade-6) တြင္ ေက်ာင္းသားေက်ာင္းသူမ်ားအား သင္႐ိုးၫႊန္းတမ္း အသစ္ျဖင့္ စတင္သင္ၾကားခဲ့သည္။ ယခု ၂၀၂၀-၂၁ ပညာသင္ႏွစ္တြင္ အထက္တန္းအဆင့္အ တန္းမ်ား ေက်ာင္းတစ္လေက်ာ္ ဖြင့္လွစ္ခဲ့စဥ္က ဒသမ န္း

(Grade-10)ကို သင္႐ိုးသစ္ ေျပာင္းလဲသင္ၾကားေနၿပီး စတုတၳတန္း(Grade-4) ႏွင့္ သတၱမတန္း (Grade-7) တို႔ကိုလည္း သင္႐ိုး သစ္ေျပာင္းလဲသင္ၾကားရန္ စီစဥ္ ထားသည္။ လာမည့္ ၂၀၂၁-၂၂ ပညာသင္ႏွစ္တြင္ ပၪၥမတန္း (Grade-5)၊ အ႒မတန္း(Grade-8)ႏွင့္ ဧကာဒသမတန္း (Grade-11)၊ ၂၀၂၂-၂၃ ပညာသင္ႏွစ္ တြင္ နဝမတန္း( Grade-9) ႏွင့္ ဒြါဒသမတန္း( Grade-12) တို႔ကိုစနစ္သစ္သင္႐ိုးၫႊန္းတမ္မ်ားျဖင့္ ေျပာင္းလဲမည္ဟု သတ္မွတ္ထား သည္။

#Credit.7 Day News .

Unicode

ကပ်ရောဂါကြောင့် အခြေခံပညာကျောင်းများ ပိတ်ထားသော်လည်း သင်ရိုးညွှန်းတမ်းအသစ် ရေးဆွဲမှုကို ဆက်လက်လုပ်ဆောင်နေသည်။ အခြေခံပညာ Grade-5၊ 8၊ 11 အတန်းများအတွက် သင်ရိုးသစ်များကို ပြောင်းလဲရေးဆွဲ ထားပြီး သင်ပြမည့် ဆရာ၊ ဆရာမများအတွက် သင်ပြနည်းသင်တန်း ကို Face to Face Training နှင့် အွန်လိုင်း Training များဖြင့် ကပ် ရောဂါအခြေအနေအရ ဖွင့်လှစ် မည်ဟု ပညာရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုး သိမ်းကြီးက ပြောသည်။ ပဉ္စမတန်း (Grade-5)၊ အဋ္ဌမတန်း (Grade-8)၊ ဧကာဒသမတန်း (Grade-11)သင်ရိုးညွှန်းတမ်းသစ်များကို ပညာရေးဝန်ကြီးဌာနက ဂျပန်အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA)၊ အာရှဖွံ့ဖြိုးရေး ဘဏ်(ADB)၊ ဥရောပသမဂ္ဂ(EU) တို့၏ ပံ့ပိုးမှုဖြင့် ရေးဆွဲပြီးစီး သွားပြီဖြစ်ကြောင်း ၎င်းက ဆို သည်။ ထိုသင်ရိုးသစ် သင်ပြနည်းအတွက်

တစ်နိုင်ငံလုံးရှိ ဆရာ၊ ဆရာမများကို သင်တန်းပို့ချမည်ဖြစ်ပြီး ဗဟိုအဆင့်၊ ကျောင်းအ ဆင့် ဆင့်ပွားသင်တန်းများအ တွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ COVID-19 ကာ ကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုး သားအဆင့် ဗဟိုကော်မတီ၏ ညွှန်ကြားချက်များကို အတိအကျ လိုက်နာဆောင်ရွက်မည်ဟု ၎င်း က ဆိုသည်။ အွန်လိုင်းသင်တန်းများအ တွက် တစ်ဦးချင်းစီသည် ဒစ်ဂျစ်တယ်ပစ္စည်းတစ်ခုစီနှင့် တစ်ဦး ချင်းစီ အိမ်၊ ရုံး

စသည့်နေရာသီးသန့်ဖြင့် ဆောင်ရွက်ရမည်ဖြစ်ပြီး Face to Face Training ဖွင့်လှစ်ပါက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ခွင့်ပြုချက်ရယူပြီး လူ ၃၀ ထက်မပိုဘဲ ဆောင်ရွက်မည်ဖြစ်ကြောင်း ဒေါက်တာ မျိုးသိမ်းကြီးက ဆိုသည်။ ‘‘Grade 5၊ 8၊ 11 က သင်ရိုးသစ် ပြီးသွားပြီ။ ဆရာ၊ ဆရာမ တွေကို သင်တန်းပေးဖို့၊ အွန်လိုင်းနဲ့ Face to Face သင်တန်းနှစ် မျိုးဖွင့်ဖို့ လုပ်နေတယ်။ အသေး စိတ်ကတော့ ညှိနှိုင်းတုန်းပဲ’’ဟု

အခြေခံပညာဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောသည်။ COVID-19 ကပ်ရောဂါ ကြောင့် ကျောင်းများ ပိတ်ထားသော်လည်း သင်ရိုးညွှန်းတမ်းအ သစ် ရေးဆွဲမှုများကို မရပ်တန့်ဘဲ ဆက်လက်ဆောင်ရွက်နေပြီး မူလသတ်မှတ်ထားသည့်အတိုင်း ၂၀၂၂-၂၃ ပညာသင်နှစ်တွင် အ ခြေခံပညာအတန်းအားလုံးအ တွက် သင်ရိုးညွှန်းတမ်းအသစ်ကို အပြီးရေးဆွဲမည်ဟု အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ တင်မောင်ဝင်းက 7Day News

သတင်းစာအား ပြောကြားထားသည်။ သင်ရိုးညွှန်းတမ်းအသစ် ရေးဆွဲမှု၊ ပြဋ္ဌာန်းစာအုပ်ရိုက်နှိပ်မှု များကို သတ်မှတ်ကာလအတွင်း အပြီးဆောင် ရွက်မည်ဖြစ်သော် လည်း ကျောင်းသားကျောင်းသူ များအား သင်ကြားမည့်အစီအ စဉ်သည် ကျောင်းများ ပြန်ဖွင့် သည့်အပေါ် မူတည်ကြောင်း ဒေါက်တာတင်မောင်ဝင်းက ဆို သည်။ ပညာရေးဝန်ကြီးဌာနက အခြေခံပညာရေးကို ယခင် သူ ငယ်တန်း+၁၀ တန်းစနစ်ကို ကျင့်သုံးခဲ့ရာမှ ၂၀၁၆-၁၇ ပညာသင် နှစ်ကစကာ

သူငယ်တန်း+၁၂ တန်းစနစ်သစ်ကို စတင်ပြောင်းလဲခဲ့သည်။ စနစ်သစ်အရ ၂၀၁၆-၁၇ ပညာသင်နှစ်ကစတင်ကာ သူငယ်တန်း (KG)၊ ၂၀၁၇-၁၈ ပညာသင်နှစ်၌ ပထမတန်း (Grade-1)၊ ၂၀၁၈-၁၉ ပညာသင်နှစ်၌ ဒုတိယတန်း (Grade- 2)၊ ၂၀၁၉-၂၀ ပညာသင်နှစ်တွင် တတိယတန်း (Grade-3) နှင့် စတုတ္ထတန်း(Grade-6) တွင် ကျောင်းသားကျောင်းသူများအား သင်ရိုးညွှန်းတမ်း အသစ်ဖြင့် စတင်သင်ကြားခဲ့သည်။ ယခု ၂၀၂၀-၂၁ ပညာသင်နှစ်တွင်

အထက်တန်းအဆင့်အ တန်းများ ကျောင်းတစ်လကျော် ဖွင့်လှစ်ခဲ့စဉ်က ဒသမတန်း (Grade-10)ကို သင်ရိုးသစ် ပြောင်းလဲသင်ကြားနေပြီး စတုတ္ထတန်း(Grade-4) နှင့် သတ္တမတန်း (Grade-7) တို့ကိုလည်း သင်ရိုး သစ်ပြောင်းလဲသင်ကြားရန် စီစဉ် ထားသည်။ လာမည့် ၂၀၂၁-၂၂ ပညာသင်နှစ်တွင် ပဉ္စမတန်း (Grade-5)၊ အဋ္ဌမတန်း (Grade-8)နှင့် ဧကာဒသမတန်း (Grade-11)၊

၂၀၂၂-၂၃ ပညာသင်နှစ် တွင် နဝမတန်း( Grade-9) နှင့် ဒွါဒသမတန်း( Grade-12) တို့ကိုစနစ်သစ်သင်ရိုးညွှန်းတမ်များဖြင့် ပြောင်းလဲမည်ဟု သတ်မှတ်ထား သည်။

#Credit.7 Day News