Zawgyi





Unicode

ထိုဆုံးဖြတ်ချက်ကတော့ မိခင်တစ်ယောက်အတွက်အလွန်ခက်ခဲလှတဲ့ဆုံဖြတ်ချက်လည်းဖြစ်သလို မိဘတစ်ယောက်အတွက် အသည်းတွေကွဲမတတ်ခံစားရမယ့်ဆုံးဖြတ်ချက်တစ်ခုလည်းဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မိမိ၏သားနှစ်ယောက်လုံးမှာအသက်ဆက်ရှင်နိုင်ရန် ကျောက်ကပ်အစားထိုးဖို့လိုအပ်နေတာဖြစ်ပြီး ထိုထဲကမှတစ်ဦးကိုသာ သူမရဲ့ ကျောက်ကပ်ကိုအစားထိုးကာကယ်တင်နိုင်မှာဖြစ်ပါတယ်။

မိခင်ဖြစ်သူ Lian Ronghu ဟာ အကူညီကင်းမဲ့နေတဲ့ သားနှစ်ယောက်ဝမ်းနည်းစွာငိုကြွေးလျက်ရှိပြီး သားကြီးဖြစ်တဲ့ Li Haiqing(၂၆နှစ်)နဲ့ သားငယ်ဖြစ်တဲ့ Li Haisong(၂၄နှစ်) နှစ်ယောက်ထဲမှတစ်ယောက်ကို ကြွေကွဲဝမ်းနည်းစွာဘဲ လက်လွတ်ရမယ့် အခြေနေလည်းဖြစ်ပါတယ်။ မိမိရဲ့ခင်ပွန်းဖြစ်သူမှသားတွေအတွက်ကျောက်ကပ်အစားထိုးလှူဒါန်းလိုပေမယ့်လည်းသွေးတိုးရောဂါရှိနေတာကြောင့်

ကံဆိုးစွာဘဲလှူဒါန်းခွင့်မရခဲ့ပါဘူး။ဆရာဝန်ရဲ့ပြောကြားချက်အရ အကိုကြီးဖြစ်သူမှ ညီငယ်ရဲ့ ဘဝကိုဆက်လက်ရှင်သန်စေဖို့သူ့ရဲ့ မိခင်ကိုယ်စားဆုံးဖြတ်ချက်ချခဲ့ပါတယ်။ သားကြီးရဲ့ဆုံးဖြတ်ချက်ကြောင့်မိခင်ဖြစ်သူမှာလည်းများစွာစိတ်ထိခိုက်ခံစားစေခဲ့ရပြီးသားတစ်ဦးရှင်သန်ဖို့သားတစ်ဦးရဲ့ အသက်ကိုရင်းလိုက်ရတဲ့သူမအတွက်တော့အလွန်ထိတ်လန့်စရာကောင်းတဲ့အဖြစ်အပျက်လည်းဖြစ်ပါတယ်။

ခွဲစိတ်ခန်းသို့သွားရာလမ်းတစ်လျှောက်မှာလည်း သူမမှာဖြေဆည်လို့မရနိုင်အောင်ငိုကြွေးခဲ့ပါတယ်။ညီဖြစ်သူအတွက်မိမိအသက်ကိုစွန့်လွတ်သွားတဲ့ Li Haiqing ကိုတော့ မိသားစုကတစ်သက်လုံးအမှတ်ရနေမှာတော့အမှန်ပါဘဲ။