Zawgyi

အေျခခံပညာစာသင္ေက်ာင္းနဲ႔ တကၠသိုလ္ေတြ ျပန္ဖြင့္မယ့္ကိစၥဟာ ျပည္သူေတြရဲ႕ ကိုဗစ္ကာကြယ္ေရးဆိုင္ရာ စည္းကမ္းလိုက္နာမႈအေပၚ မူတည္တယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာျမင့္ေထြးက ေျပာလိုက္ပါတယ္။ ဒီဇင္ဘာလ (၂၉) ရက္ေန႔က ျပဳလုပ္ခဲ့တဲ့ က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာနနဲ႔ ပညာေရးဝန္ႀကီးဌာနတို႔ရဲ႕ ကိုဗစ္ကာကြယ္

ထိန္းခ်ဳပ္ႏိုင္မႈ အေျခအေနအရ ေက်ာင္းေတြ အဆင္သင့္ျဖစ္ႏိုင္ဖို႔ ႀကိဳတင္ျပင္ဆင္ေရး ညႇိႏႈိင္းအစည္းအေဝးမွာ ေဒါက္တာျမင့္ေထြးက အခုလို ေျပာၾကားခဲ့တာပါ။ “စာသင္ေက်ာင္းေတြဟာ ေနရာစုံက ေက်ာင္းသား၊ ေက်ာင္းသူေတြ လာေရာက္စုေဝးတဲ့ ေနရာျဖစ္ပါတယ္။ အဲဒါေၾကာင့္ တစ္ေယာက္နဲ႔တစ္ေယာက္ အခ်ိန္ၾကာျမင့္စြာ ထိေတြ႕တဲ့ေနရာေတြျဖစ္လို႔

ကိုဗစ္ေရာဂါ ကာကြယ္ေရးစည္းကမ္းေတြကို အတိအက် လိုက္နာဖို႔ အထူးအေရးႀကီးပါတယ္။” လို႔ ေဒါက္တာျမင့္ေထြးက ေျပာခဲ့ပါတယ္။ စာသင္ေက်ာင္းေတြကို တစ္ႏိုင္ငံလုံး အတိုင္းအတာနဲ႔ တစ္ၿပိဳင္နက္တည္းမဖြင့္ဘဲ ေရာဂါျဖစ္ပြားမႈနည္းတဲ့ ၿမိဳ႕နယ္ေတြ၊ လူဦးေရနည္းတဲ့ ေနရာေတြ၊ ေ႐ႊ႕ေျပာင္းေနထိုင္သူနည္းတဲ့ ေနရာေတြကစၿပီး အဆင့္လိုက္ စတင္ဖြင့္လွစ္ဖို႔ အကဲျဖတ္

ဆန္းစစ္သုံးသပ္ၿပီး ေဆာင္႐ြက္သြားမယ္လို႔ ဆိုပါတယ္။ ဒါ့အျပင္ အခုလိုဖြင့္လွစ္ႏိုင္ဖို႔ ေနရာေဒသအလိုက္ ကိုဗစ္ျဖစ္ပြားမႈအေျခအေန၊ ျပည္သူလူထုရဲ႕ ပူးေပါင္းပါဝင္မႈ အေနအထားေတြကို သုံးသပ္ၿပီး စာသင္ေက်ာင္းေတြ ျပန္လည္ဖြင့္လွစ္မယ့္ကိစၥကို ကိုဗစ္ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးအမ်ိဳးသားအဆင့္ဗဟိုေကာ္မတီရဲ႕ အဆုံးအျဖတ္ကို ရယူသြားမယ္လို႔ သိရပါတယ္။

ကိုဗစ္ကူးစက္မႈႏႈန္း ျမႇင့္တက္လာေၾကာင့္ ျမန္မာတႏိုင္ငံလုံးက အေျခခံပညာေက်ာင္းေပါင္း (၆,၅၂၆) ေက်ာင္းကို ပုံမွန္ေက်ာင္းဖြင့္ရာသီမွာ ယာယီပိတ္ထားခဲ့ရတာပါ။ အဲဒီေနာက္ ဇူလိုင္လ (၂၁) ရက္မွာ ျပန္လည္ဖြင့္ခဲ့ေပမဲ့ ၾသဂုတ္လထဲမွာ ရခိုင္ျပည္နယ္၊ စစ္ေတြၿမိဳ႕နယ္မွာ ကိုဗစ္လူနာ အေရအတြက္ မ်ားလာၿပီးတဲ့ေနာက္ တစ္ႏိုင္ငံလုံးကေက်ာင္းေတြကို ျပန္ပိတ္ခဲ့ရတာ ျဖစ္ပါတယ္။

မွကူးယူေဝမွ်ေဖာ္ျပပါသည္။
Photo-MPA

Unicode

အခြေခံပညာစာသင်ကျောင်းနဲ့ တက္ကသိုလ်တွေ ပြန်ဖွင့်မယ့်ကိစ္စဟာ ပြည်သူတွေရဲ့ ကိုဗစ်ကာကွယ်ရေးဆိုင်ရာ စည်းကမ်းလိုက်နာမှုအပေါ် မူတည်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောလိုက်ပါတယ်။ ဒီဇင်ဘာလ (၂၉) ရက်နေ့က ပြုလုပ်ခဲ့တဲ့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနနဲ့ ပညာရေးဝန်ကြီးဌာနတို့ရဲ့ ကိုဗစ်ကာကွယ် ထိန်းချုပ်နိုင်မှု အခြေအနေအရ

ကျောင်းတွေ အဆင်သင့်ဖြစ်နိုင်ဖို့ ကြိုတင်ပြင်ဆင်ရေး ညှိနှိုင်းအစည်းအဝေးမှာ ဒေါက်တာမြင့်ထွေးက အခုလို ပြောကြားခဲ့တာပါ။ “စာသင်ကျောင်းတွေဟာ နေရာစုံက ကျောင်းသား၊ ကျောင်းသူတွေ လာရောက်စုဝေးတဲ့ နေရာဖြစ်ပါတယ်။ အဲဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် အချိန်ကြာမြင့်စွာ ထိတွေ့တဲ့နေရာတွေဖြစ်လို့ ကိုဗစ်ရောဂါ ကာကွယ်ရေးစည်းကမ်းတွေကို အတိအကျ လိုက်နာဖို့ အထူးအရေးကြီးပါတယ်။” လို့ ဒေါက်တာမြင့်ထွေးက ပြောခဲ့ပါတယ်။

စာသင်ကျောင်းတွေကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ တစ်ပြိုင်နက်တည်းမဖွင့်ဘဲ ရောဂါဖြစ်ပွားမှုနည်းတဲ့ မြို့နယ်တွေ၊ လူဦးရေနည်းတဲ့ နေရာတွေ၊ ရွှေ့ပြောင်းနေထိုင်သူနည်းတဲ့ နေရာတွေကစပြီး အဆင့်လိုက် စတင်ဖွင့်လှစ်ဖို့ အကဲဖြတ် ဆန်းစစ်သုံးသပ်ပြီး ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အခုလိုဖွင့်လှစ်နိုင်ဖို့ နေရာဒေသအလိုက် ကိုဗစ်ဖြစ်ပွားမှုအခြေအနေ၊ ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှု အနေအထားတွေကို သုံးသပ်ပြီး

စာသင်ကျောင်းတွေ ပြန်လည်ဖွင့်လှစ်မယ့်ကိစ္စကို ကိုဗစ်ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီရဲ့ အဆုံးအဖြတ်ကို ရယူသွားမယ်လို့ သိရပါတယ်။ကိုဗစ်ကူးစက်မှုနှုန်း မြှင့်တက်လာကြောင့် မြန်မာတနိုင်ငံလုံးက အခြေခံပညာကျောင်းပေါင်း (၆,၅၂၆) ကျောင်းကို ပုံမှန်ကျောင်းဖွင့်ရာသီမှာ ယာယီပိတ်ထားခဲ့ရတာပါ။

အဲဒီနောက် ဇူလိုင်လ (၂၁) ရက်မှာ ပြန်လည်ဖွင့်ခဲ့ပေမဲ့ သြဂုတ်လထဲမှာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်မှာ ကိုဗစ်လူနာ အရေအတွက် များလာပြီးတဲ့နောက် တစ်နိုင်ငံလုံးကကျောင်းတွေကို ပြန်ပိတ်ခဲ့ရတာ ဖြစ်ပါတယ်။

မှကူးယူဝေမျှဖော်ပြပါသည်။
Photo-MPA