မြန်မာနိုင်ငံမှာ ဗန်ဒါပင် (ဗန်ဒါသီး) လို့ အလွယ် ခေါ်လေ့ရှိတာကြောင့် ဗာဒံပင် ဆိုတဲ့ သူ့မူလအမည် ပျောက်ကွယ်နေတာပါ။အင်္ဂလိပ်အမည်ကIndian Almond ပါတဲ့။ဗာဒံစေ့နဲ့ပတ်သက်ပြီး၊ ကျန်းမာရေး အကျိုးကျေးဇူးတွေ ဘယ်လောက်တောင်များတယ် ဆိုတာသိနိုင်ကြပါစေရန် မျှဝေလိုက်ပါတယ်နော်။ဗာဒံပင်က အကြီးမြန်ပြီး၊အရွက်တွေ

ကလည်းတဆင့်ပြီးတဆင့် အတက်မြန်တာကြောင့် မြန်မာနိုင်ငံမှာ အရိပ်ရအပင်အဖြစ် စိုက် ပျိုးလေ့ရှိကြပါတယ်နော်။ယနေ့ နိုင်ငံတကာမှာတော့ ဗာဒံစေ့နဲ့ ၎င်းမှရတဲ့အဆီကို တန်ဖိုးထား စားသုံးနေကြပါပြီနော်။ဗဟုသုတအနေဖြင့် ပြောရလျှင် ဂရိနိုင်ငံရဲ့ မင်္ဂလာဆောင်တွေမှာ ဗာဒံစေ့ကိုwedding sweets အဖြစ် အထူးတလည် ဧည့်ခံနေ

ကြတာပါနော်။အီရန်နိုင်ငံမှာတော့ NewYear ပါတီပွဲတို့လို ထူးထူးခြားခြားနှစ်ပတ်လည် ဧည့်ခံပွဲတွေမှာပင်လယ်မှ ဆားဖြ င့်အငံဖောက်ထားတဲ့ ဗာဒံစေ့ လှော်နဲ့ ဧည့်ခံလေ့ရှိပါတယ်နော်။မော်ရော့ကိုနိုင်ငံရဲ့ အရေးကြီးအခမ်းအနား များမှာဗာဒံစေ့မှုန့်ရောထားတဲ့ နွားနို့က မပါလျှင်မပြီးပြန်ပါဘူး။pasanda-style (ခေါ်) အိန္ဒိရိုးရာဟင်

းလျာမှာလည်း ဗာဒံစေ့ကိုဟင်းခတ် အမယ်အဖြစ် ထဲ့ချက်ပေးရပါတယ်တဲ့။ဗာဒံစေ့က အေးမြစေတဲ့အစွမ်း သတ္တိရှိတာကြောင့်လည်း ပူပြင်းခြောက်သွေ့တဲ့ပါကစ္စတန်နိုင်ငံရဲ့နွေရာသီများမှာ ဗာဒံစေ့နဲ့ဖော် စပ်ထားတဲ့ Almond sherbet ဖျော်ရည်ကို summer drink အဖြစ် အထူးတလည် သောက်သုံးကြတယ်လို့ သိရပါတယ်နော်။

ကမ္ဘာ့အသိအမှတ်ပြု USDA ရဲ့ ဓာတ်ခွဲ စမ်းသပ်ချက်များအရ ၁ဝဝ-ဂရမ်အလေးချိန်ရှိတဲ့ဗာဒံစေ့ထဲမှာ၊ လူသားတို့ကျန်းမာ ရေး ကိုကောင်းကျိုးဖြစ်စေတဲ့ခွန်အား ၅၇၆ ကယ်လိုရီ၊ ကစီဓာ တ် ၂၁.၆၉ ဂရမ်၊ ကော်ဓာတ် ဝ.၇၄ ဂရမ်၊ သကြား ၃.၈၉ ဂရမ်၊ ချေဖျက်လွယ်သောအမျှင်ဓာတ် ၁၂.၂ဝဂရမ်၊ အဆီဓာတ် ၄၉.၄၂ ဂရမ်၊ ပရိုတင်း ၂၁.၂၂ ဂရမ်၊

လိုင်စင်း ဝ.၅၈ဝရမ်၊ရေဓာတ် ၄.၇ ဂရမ်၊ ဗီတာမင်အေ ၁ IU၊ သီအာမင်(ခေါ်) ဗီတာမင်ဘီ(၁) ၁၈ %၊ရီဘိုဖလာဗင်(ခေါ်)ဗီတာမင်ဘီ(၂) ၈၅%၊ င်္နအာစင်း (ခေါ်) ဗီတာမင်ဘီ(၃) ၂၃%၊ဗီတာမင်ဘီ(၅) ၉%၊ ဗီတာမင်ဘီ(၆) ၁၁ %၊ ဖောလိပ်(ခေါ်) ဗီတာမင်ဘီ(၉) ၁၃%၊ချိုလင်း ၁၁%၊ ဗီတာ မင်အီး ၁၇၅%၊ ကယ်လ်စီယမ် ၂၆%၊ သံဓာတ် ၂၉%၊ မဂ္ဂနီစီယမ် ၇၅%၊ မဂ္ဂနီးစ်

၁ဝ၉%၊ ဖော့စဖရက် ၆၉%၊ ပိုတက်စီယမ် ၁၅% နဲ့ ဇင့် ၃၂% တို့ အသီးသီး ပါရှိကြပါတယ် လို့ ဆိုပါတယ်။ ဒါကြောင့်လည်း ဗာဒံစေ့တွေဟာ အသားအရေနုကို ပြန်လည်ပျိုစေကာ၊မှတ်ဉာဏ်စွမ်းအားများလည်း ကောင်းစေလို့ကျား/မ အ ရွယ်(၃)ပါးအားလုံး စားသုံးပေးကြရန် USDA က အကြံပြုထားတာပါ။အူသိမ်၊ အူမများနဲ့ အတွင်းပိုင်းအကျဆုံး

အူများအား လုံးကိုသန့်စေပါတယ်။လူတစ်ယောက်ရဲ့အသားအရေဟာ သူစားသုံးလိုက်သောအစာချေဖျက် အင်္ဂါအဖွဲ့အစည်းရဲ့အလုပ်လုပ်နိုင်စွမ်းအားနဲ့ တိုက်ရိုက်အ ချိုးကျနေပါတယ်။အစာချေဖျက် အင်္ဂါများအားနည်းလာတဲ့အခါဝမ်းချုပ်ခြင်းကိုဖြစ်စေပြီးတော့ ဝက်ခြံစို/ဝက်ခြံခြောက် တွေပေါက်လာစေပါတော့တယ်။ဗာဒံစေ့ကို မှန်မှန်စားပေးခြင်းဖြင့်

အစာအိမ်ထဲရှိ အကျိုးပြု ဗက် တီးရီးယားများကို လှုံ့ဆော်ပေးတာကြောင့် အစာ ချေဖျက်မှုကိုအားပေးကာ၊ ဝမ်းပုပ်များသက်စေပြီးတော့ အစာချေအင်္ဂါ အဖွဲ့အစည်းသန့်စင်သွားတာကြောင့်ဘဲ အသားအရေတွေလည်း မညစ်ညမ်းတော့ပါဘူး။ဗီတာမင်အီး ရရှိရာအရင်းအမြစ်ကိုပြပါဆိုရင် ဗာဒံစေ့ကိုသာ လက်ညှိးထိုးလိုက်ပါ။ ဝက်ခြံစို/ဝက်ခြံခြောက်/

ဆားဝက်ခြံ အမျိုးမျိုးနဲ့မျက်နှာပေါ်ရှိအမည်းစက်များ၊ အမာရွတ်များအတွက်ဘယ် လိုပင် မိတ်ကပ် ကောင်းကောင်းလိမ်းပါသော်လဲ မပျောက်နိုင်တဲ့အခါ စိတ်ညစ်ရပါတယ်။ဗီတာမင်အီး ဆေးတောင့်တွေနဲ့ဗီတာမင်အီးဓာတ်ပါတဲ့ ဆေးတွေအားလုံးကို Alpha-Tocopherol ဓာတ် ပစ္စည်းနဲ့ဖော် စပ်ထားတာကြောင့် အသားအရေကို ကြည်လင်ဝင်းမွ

တ်တောက်ပလာစေပါတယ်။ ဗာဒံစေ့ဟာ ဗီတာမင်အီး ကြွယ်ဝရာအရင်းအမြစ်ဖြစ်တာကြောင့် ဝက်ခြံပေါက်သူတွေသာမက၊ အရေပြားရောဂါရှိ သူများလည်း မဖြစ်မနေစားသင့်ပါတယ်။ အရွယ်နုပျိုဆေးသဖွယ် အားကိုးထိုက်ပါတယ်။ဗာဒံစေ့ကို မှန်မှန်စားတဲ့အပြင်၊ ဗာဒံစေ့ဆီနဲ့ပါမျက်နှာကို အသာ အယာနှိပ်နယ်ပေးခြင်းဖြင့် အရွယ်မတိုင်မီ မျက်နှာ

အရေးကြောင်းတွေမဖြစ်စေတော့ပါဘူးနော်။ မျက်ကွင်းညိုသူတွေ မျက်လုံးအောက်တဝိုက် ဗာဒံဆီမှန်မှန် လိမ်းပေးခြင်းဖြင့် ရက်အနည်းငယ်အတွင်း မျက်ကွင်းညိုများသိသိသာသာ လျော့ပါးသွားစေပါတယ်။(မျက်လုံးထဲ ဆီမဝင်အောင် ဂရုစိုက်လိမ်းပါ)။ အရိုးရှင်းဆုံးပြောရရင် ဗာဒံစေ့က နှလုံးရောဂါဖြစ်ခြင်းမှ ကာကွယ်ပေးပါတယ်။

ဗာဒံစေ့ထဲမှာပါတဲ့ အမျှင်ဓာတ်တွေဟာ ခန္ဓာကိုယ်က အစားအစာထဲမှာ ပါလာတဲ့ပြင်ပအဆီတွေစုပ်ယူခြင်းကို ပိတ်ပင်ဟန့်တားပေးပါတယ်။ဒါ့ပြင်ဗာဒံစေ့ထဲမှာ ဗီတာမင်အီး၊ပြည့်ဝဆီများ၊မဂ္ဂနီစီယမ်နဲ့ ခန္ဓာ ကိုယ်အကျိုးပြု ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေ အလောက်ပါဝင်နေတာမို့နှလုံးသွေးလည်ပတ် စီးဆင်းမှုအားကောင်းစေပါတ ယ်။

ဒါတင်မကသေးပါဘူး။သွေးထဲရှိ ကိုလက်စထရောပမာဏကို ချပေးတာကြောင့် နှလုံးကျမ္မာလာစေပါတယ်။မှတ်ဉာဏ်နဲ့ ကိုယ်ခံစွမ်းအားတွေတိုးပွားစေပါတယ်။ အယ်လ်ဇိုင်းမား(ခေါ်) ဦးနှောက် ဇရာကြိုရောဂါ သက်သာဆေးများ၊ကိုယ်ခံစွမ်းအား ကောင်းဆေးနဲ့ မှတ်ဉာဏ်ကောင်းဆေးတွေကို ရီဘိုဖလာဗင်၊မဂ္ဂနီစီယမ်ဓာတ်တွေနဲ့ေ

ဖ်ာစပ်ထားခြင်းဖြစ်ပါတယ်နော်။အဲဒီဓာတ်တွေ အလုံအလောက်ပါတဲ့ ဗာဒံစေ့ကိုစားပေး ခြင်းဖြင့် တစ်နေကုန်လန်းဆန်းလာစေပါတယ်။ အယ်လ်ဇိုင်းမားဝေဒနာရှင်များ ဗာဒံစေ့ကိုဖြည့်စွက်စာအားဆေးအဖြစ် မဖြစ် မနေ စားပေးသင့်ပါတယ်။ ဝဖြိုးခြင်း ကိုတားဆီးပေးပါတယ်။ဗီတာမင်၊ သတ္တုဓာတ်၊ကစီဓာတ်တွေနဲ့ အာဟာရသိဒ္ဓိြ

ပည့်ဝတဲ့ဗာဒံစေ့ကိုစားလိုက်တဲ့အခါ၊နောက်ထပ် အစာစားချင်စိတ်ကို ချိုးနှိမ်ပေးတာမို့ အချိန်တော်တော်ကြာအောင် အဆာခံနိုင်သွားပါတယ်တဲ့။ ဒါ့ပြင် ဗာဒံစေ့ထဲမှာပါရှိဗီတာမင်၊ သတ္တုဓာတ်၊ကစီဓာတ်တွေနဲ့ အာဟာရသိဒ္ဓိပြည့်ဝတဲ့ဗာဒံစေ့ကိုစားလိုက်တဲ့အခါ၊ နောက်ထပ်အစာစားချင်စိတ်ကို ချိုးနှိမ်ပေးတာမို့ အချိန်တော်ကြာအောင်

အဆာခံနိုင်သွားပါတယ်တဲ့။ဒါ့ပြင် ဗာဒံစေ့ထဲမှာပါရှိတဲ့ အကျိုးပြုပြည့်ဝဆီများကဗိုက်ခေါက်အဆီများကိုချပေးနိုင်တာကြောင့် ဝဖြိုးသူများနဲ့အဆီတွေအိတွဲကျသူများ ဗာဒံစေ့ကို စားပေးကြပါလို့ USDA ကအကြံပြုထားတာဘဲ ဖြစ်ပါတယ်နော်။