ကိုဗစ္ႀကီးၿပီးဆုံးသြားပါက လည္ပတ္စရာေနရာ တစ္ခုတိုးလာေတာ့မယ့္ ေတာင္သမန္အင္းက စကၠဴပန္းနန္းေတာ္

Zawgyi

အမရပူရ ေတာင္သမန္အင္းေဘး ဦးပိန္တံတားနား ရတနာပုံတကၠသိုလ္ရွိတဲ့ဘက္ျခမ္းမွာ ဖန္တီးထားတဲ့ စကၠဴပန္းနန္းေတာ္ဟာ ကိုဗစ္ကာလအလြန္မွာ လည္ပတ္စရာေနရာတစ္ခု ျဖစ္လာမွာမို႔ လမ္းၫြန္ပါရေစ။ အဲဒီေနရာမွာ စကၠဴပန္း မ်ိဳးစိတ္ ၇၀ ေက်ာ္၊ အေရာင္ ၃၀ ေက်ာ္ နဲ႔ ပန္းပင္ေပါင္း ၁ သိန္းေက်ာ္ပါဝင္တဲ့ ဥယ်ာဥ္တစ္ခုအျဖစ္ စီစဥ္ထားတာကို ေတြ႕ရပါတယ္။

“စကၠဴပန္း မ်ိဳးစိတ္ေတြကို လြန္ခဲ့တဲ့ ၅ ႏွစ္ ၆ ႏွစ္ေလာက္ကေန စုေဆာင္းခဲ့တာပါ၊ LAND SCAPE ေတြထက္ကို စကၠဴပန္းေတြက အရမ္းပိုေနတဲ့အတြက္ က်ေနာ္တို႔ကို ဒီနားမွာ စကၠဴပန္းကို အထူးျပဳတဲ့ ပန္းဥယ်ာဥ္တစ္ခု တည္ေဆာက္မယ္ေပါ့ေနာ္၊ အဓိကကေတာ့ ဒီနားမွာရွိတဲ့ နယ္ခံေတြနဲ႔ မႏၲေလးၿမိဳ႕သူ ၿမိဳ႕သားေတြ အပန္းေျဖလို႔ရေအာင္နဲ႔

သူမ်ားႏိုင္ငံေတြမွာလည္း Landscape ေတြကို လူသြားလူလာမ်ားတဲ့ေနရာမ်ိဳးေတြမွာ တြင္တြင္က်ယ္က်ယ္ အသုံးျပဳလာေတာ့ က်ေနာ္တို႔ ျမန္မာလူမ်ိဳးေတြလည္း အဲ့ဒီခံစားခ်က္ကို ရရွိေအာင္ အဲ့ဒီရည္႐ြယ္ခ်က္နဲ႔ ဒီပန္းၿခံကို လုပ္တာပါ” လို႔ စကၠဴပန္းနန္းေတာ္ ပန္းၿခံ မန္ေနဂ်ာ ဦးစိုးဝင္းေအာင္က ေျပာပါတယ္။ ဒီစကၠဴပန္းနန္းေတာ္ကို

၂၀၂၀ သၾကၤန္မွာ ဖြင့္လွစ္ဖို႔ ရည္႐ြယ္ထားေပမယ့္ မတ္လအကုန္ပိုင္းေလာက္မွာ ကိုဗစ္ေရာဂါစတင္ဝင္ ေရာက္လာတဲ့အတြက္ အသြားအလာေတြကန႔္သတ္ထားတာေၾကာင့္ မဖြင့္လွစ္ရေသးတာ ျဖစ္ေပမယ့္ ကိုဗစ္ကာလအၿပီးမွာ အသြားအလာနဲ႔ အနားယူတဲ့ ေနရာေတြကို လည္ပတ္ခြင့္ျပဳၿပီဆိုရင္ က်န္းမာေရးစည္းကမ္းခ်က္ေတြနဲ႔

အညီ ဖြင့္လွစ္သြားမယ္လို႔ ဦးစိုးဝင္းေအာင္က ေျပာပါတယ္။ မိတ္ေဆြတို႔ သြားမယ္ဆိုရင္ စကၠဴပန္းနန္းေတာ္ကေန ဦးပိန္တံတားအလွ၊ စစ္ကိုင္းေတာင္ အလွ နဲ႔ ေတာင္သမန္ရဲ႕ အလွေတြ၊ ပတ္ဝန္းက်င္က ေစတီပုထိုးေတြနဲ႔ ရႈခင္းေတြကို ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။

voiceofmyanmar

Unicode

အမရပူရ တောင်သမန်အင်းဘေး ဦးပိန်တံတားနား ရတနာပုံတက္ကသိုလ်ရှိတဲ့ဘက်ခြမ်းမှာ ဖန်တီးထားတဲ့ စက္ကူပန်းနန်းတော်ဟာ ကိုဗစ်ကာလအလွန်မှာ လည်ပတ်စရာနေရာတစ်ခု ဖြစ်လာမှာမို့ လမ်းညွန်ပါရစေ။ အဲဒီနေရာမှာ စက္ကူပန်း မျိုးစိတ် ၇၀ ကျော်၊ အရောင် ၃၀ ကျော် နဲ့ ပန်းပင်ပေါင်း ၁ သိန်းကျော်ပါဝင်တဲ့ ဥယျာဉ်တစ်ခုအဖြစ် စီစဉ်ထားတာကို တွေ့ရပါတယ်။

“စက္ကူပန်း မျိုးစိတ်တွေကို လွန်ခဲ့တဲ့ ၅ နှစ် ၆ နှစ်လောက်ကနေ စုဆောင်းခဲ့တာပါ၊ LAND SCAPE တွေထက်ကို စက္ကူပန်းတွေက အရမ်းပိုနေတဲ့အတွက် ကျနော်တို့ကို ဒီနားမှာ စက္ကူပန်းကို အထူးပြုတဲ့ ပန်းဥယျာဉ်တစ်ခု တည်ဆောက်မယ်ပေါ့နော်၊ အဓိကကတော့ ဒီနားမှာရှိတဲ့ နယ်ခံတွေနဲ့ မန္တလေးမြို့သူ မြို့သားတွေ အပန်းဖြေလို့ရအောင်နဲ့ သူများနိုင်ငံတွေမှာလည်း Landscape တွေကို

လူသွားလူလာများတဲ့နေရာမျိုးတွေမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုလာတော့ ကျနော်တို့ မြန်မာလူမျိုးတွေလည်း အဲ့ဒီခံစားချက်ကို ရရှိအောင် အဲ့ဒီရည်ရွယ်ချက်နဲ့ ဒီပန်းခြံကို လုပ်တာပါ” လို့ စက္ကူပန်းနန်းတော် ပန်းခြံ မန်နေဂျာ ဦးစိုးဝင်းအောင်က ပြောပါတယ်။ ဒီစက္ကူပန်းနန်းတော်ကို ၂၀၂၀ သင်္ကြန်မှာ ဖွင့်လှစ်ဖို့ ရည်ရွယ်ထားပေမယ့် မတ်လအကုန်ပိုင်းလောက်မှာ ကိုဗစ်ရောဂါစတင်ဝင် ရောက်လာတဲ့အတွက် အသွားအလာတွေကန့်သတ်ထားတာကြောင့်

မဖွင့်လှစ်ရသေးတာ ဖြစ်ပေမယ့် ကိုဗစ်ကာလအပြီးမှာ အသွားအလာနဲ့ အနားယူတဲ့ နေရာတွေကို လည်ပတ်ခွင့်ပြုပြီဆိုရင် ကျန်းမာရေးစည်းကမ်းချက်တွေနဲ့ အညီ ဖွင့်လှစ်သွားမယ်လို့ ဦးစိုးဝင်းအောင်က ပြောပါတယ်။ မိတ်ဆွေတို့ သွားမယ်ဆိုရင် စက္ကူပန်းနန်းတော်ကနေ ဦးပိန်တံတားအလှ၊ စစ်ကိုင်းတောင် အလှ နဲ့ တောင်သမန်ရဲ့ အလှတွေ၊ ပတ်ဝန်းကျင်က စေတီပုထိုးတွေနဲ့ ရှုခင်းတွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

voiceofmyanmar