Zawgyi
Source-Melody Myo
Unicode
ချစ်ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ အနုပညာလောက မှာ အောင်မြင်မှုတွေကို ရရှိထားပြီး ဖြူစင်ဝင်းပတဲ့ အသားအရည်လေးနဲ့ အရွယ် တင် နုပျိုနေတဲ့ မင်းသမီးချောလေး ကတော့ မယ်လိုဒီပဲ ဖြစ်ပါတယ်။ သူမကတော့ သရုပ် ဆောင်ပိုင်းတွင် ထူးချွန်တဲ့ သူလေး ဖြစ်တာကြောင့် အကယ်ဒမီ ထူးချွန်ဆုကိုလည်း ရရှိကာပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင် အမာ ရရှိထားတဲ့ အနုပညာရှင်တစ်ယောက် ဖြစ်ပါတယ်။
မယ်လိုဒီဟာ အနုပညာ နယ်ပယ်မှာ အချိန်အတော်ကြာ ရပ်တည်နေနိုင်ပြီး ခုချိန်ထိ အောင်မြင် ကျော်ကြားနေတဲ့ မင်းသမီးချောလေးဆိုလည်း မမှားပါဘူးနော်။ သူမကတော့ ခန္ဓာကိုယ်အချိုးအစားလှပပြီး ဆွဲဆောင်မှုရှိတဲ့ ပင်ကိုယ် အလှတရားတွေကြောင့် ပျိုမေလေးတွေက ချစ်ခင်အားကျနေတာပဲ ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ သားလေး သိဒ္ဓိစစ်ကိုလည်း ပိုင်ဆိုင်ထားတာ ဖြစ်ပြီး အမေတူပြီး ဖြူဖြူချောချောလေး ဖြစ်ပါတယ်နော်…။
မယ်လိုဒီကတော့ Single Mother တစ်ယောက်အဖြစ် ရပ်တည်နေပြီး သူမရဲ့ သားလေးနဲ့ အတူ ဘဝကို အေးချမ်းစွာ ဖြတ်သန်းနေတဲ့ မင်းသမီးချောလေး ပဲဖြစ်ပါတယ်။ မယ်လိုဒီက တစ်သားမွေးတစ်သွေးလှသလို ကျစ်လစ်သွယ်လျ လှပတဲ့ ဘော်ဒီ အချိူးအစားလေးကြောင့် မိန်းကလေးချင်းချင်းတောင် အားကျနေရတဲ့သူလေး ဖြစ်ပါတယ်။ အခုဆိုရင်လည်း မယ်လိုဒီဟာ အမိုက်စား ပုံရိပ်လေးတွေ ကို
ပရိသတ်တွေ အတွက် ဖော်ပြပေးလာတာ ပဲဖြစ်ပါတယ်။သူမရဲ့ Facebook စာမျက်နှာထက်မှာ “အနက်ရောင်လေးနဲ့ဆို ပိုလှမယ်ပြောလို့ပါ”ဆိုတဲ့ စာသားလေးနဲ့အတူ လှပတဲ့ ပုံရိပ်လေးတွေကို တင်ပေးလာတာ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေ အတွက် မေမေမယ်လိုဒီရဲ့ ခပ်မိုက်မိုက် ပုံရိပ်လေးတွေကို ပြန်လည်ဝေမျှပေးလိုက်ပါတယ်။
Source-Melody Myo