Zawgyi

အခ်စ္ဆိုတာ အေတာ္ေလး ေျပာရခက္ပါတယ္။ တစ္ခါတေလက်ျပန္ေတာ့ လူပ်ိဳအပ်ိဳက အိမ္ေထာင္သည္ေတြနဲ႔ ေမာက္မွာတတ္ၾကသလို၊ တစ္ခါတရံက်ျပန္ေတာ့လည္း အ႐ြယ္ခ်င္း မမွ်တဲ့ ဖူးစာဖက္နဲ႔ ေပါင္းစုံရတတ္ပါတယ္။ ဒီလိုမဟုတ္ပဲ အိမ္ေထာင္ပ်က္ တစ္ခုလပ္ေတြနဲ႔ ေတြ႕ၿပီးမွ အခ်စ္ကို ရွာေဖြေတြ႕ရွိတဲ့လူေတြလည္း ရွိေနပါတယ္။ Abbygail Marquez အမည္ရ ဆယ္ေက်ာ္သက္အ႐ြယ္သာရွိေသးတဲ့ အမ်ိဳးသမီးဟာ

သူမရဲ႕ သမီးႀကီးကို ကိုယ္ဝန္ေဆာင္ခ်ိန္မွာပဲ ခ်စ္သူက တာဝန္မယူႏိုင္လို႔ ေရွာင္ေျပးသြားပါတယ္။ ဒါေပမယ့္ သတၱိရွိတဲ့ Marquez က ခ်စ္သူက ထားခဲ့လို႔ ဝမ္းေနေနေပမယ့္၊ ဒီကိုယ္ဝန္ကို အေမတစ္ေယာက္ ပီပီ ေမြးျဖစ္ေအာင္ကို ေမြးဖြားမယ္ဆိုၿပီး ဆုံးျဖတ္ခဲ့ပါတယ္။ ကိုယ္ဝန္အရင့္အမာႀကီး လြယ္ထားရခ်ိန္မွာ သူမဘဝရဲ႕ လက္တြဲေဖာ္စစ္စစ္ကို ေတြ႕ခဲ့ပါတယ္။ သူက ပထမရည္းစားရဲ႕ စိတ္ဓာတ္နဲ႔တစ္ျခားဆီပါ။

တစ္ခ်ိဳ႕လူေတြက စားၿပီးနားမလည္၊ ယိုၿပီးေရမေဆးသမားေတြပါ။ တစ္ခ်ိဳ႕ကက်ေတာ့ တာဝန္ယူမႈ တာဝန္ခံမႈေတြနဲ႔ ဘဝကို သိကၡာသမာဓိ ရွိရွိ ရပ္တည္ေနၾကသူေတြပါ။ လူခ်င္း၊ အက်င့္စာရိတၱခ်င္း ယွဥ္ရင္ ဆီးနဲ႔ ေခ်းလို ကြာပါတယ္။ Marquez ရဲ႕ ဘဝကို ကယ္တင္သူကေတာ့ Jay ပဲ ျဖစ္ပါတယ္။ Marquez နဲ႔ Jay က သူစိမ္းေတြ မဟုတ္ပါဘူး။ ေလးတန္းအထိ ေက်ာင္းအတူတူတက္ခဲ့ၾကတဲ့ အရင္းနီးဆုံး သူငယ္ခ်င္းေတြပါ။

Jay ဟာ ငယ္စဥ္ကတည္းက Marquez ကို ခ်စ္ခင္ႏွစ္သက္ခဲ့ေပမယ့္၊ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ သူရဲ႕အခ်စ္က ေနာက္ေကာက္က်ခဲ့ပါတယ္။ အဲဒီမွာပဲ သူတို႔တစ္ေတြ Facebook ေပၚမွာသာ ေတြ႕ၾကရပါေတာ့တယ္။ ေနာက္ပိုင္းမွာ Marquez ဟာ ရည္စား ေဟာင္းနဲ႔ အဆင္မေျပဘူး ဆိုတာ Jay က သိခဲ့ပါတယ္။ ပိုဆိုးတာက သမီးေလးရဲ႕ ကိုယ္ဝန္ကို လြယ္ထားရတဲ့ Marquez ကို ရည္စားေဟာင္းက

သစၥာမဲ့စြာထားသြားခဲ့ပါတယ္။ အဲဒီအခ်ိန္မွာပဲ ငယ္ငယ္ကတည္းက ခ်စ္ခင္ႏွစ္သက္ ခဲ့တဲ့ Jay ဟာ Marquez ရဲ႕ဘဝကို ေျပာင္းလဲေပးခဲ့ပါတယ္။ ေနာက္ သမီးေလးရဲ႕ ဘဝကိုလည္း ပဲ့ကိုင္ေပးခဲ့ပါတယ္။ ေသြးသားအရ အေဖအရင္းမဟုတ္ေပမယ့္၊ ခ်စ္သူရဲ႕ ေသြးတစ္ဝက္ပါေနတဲ့ သမီးေလးကို Jay က ကိုယ့္သမီးအရင္းတစ္ေယာက္လို ခ်စ္ခ်စ္ခင္ခင္ ထိန္းေၾကာင္း ေစာင့္ေရွာက္ခဲ့ပါတယ္။ သြားေလရာ ေခၚသြားတယ္၊

စားလိုရာ ဝယ္ေကြၽး တယ္၊ မိသားစုတစ္စုံလုံး ရပ္တည္ႏိုင္ဖို႔အတြက္လည္း သူတတ္တဲ့ ပညာေလးနဲ႔ လခစားအလုပ္ကိုလည္း လုပ္ပါေသး တယ္။ သူတို႔မိသားစုဟာ မျပည့္စုံေပမယ့္ ေမတၱာတရားေတြနဲ႔ ေအးခ်မ္းေနတဲ့ မိသားစုေလးပါဘဲ။

Unicode

အချစ်ဆိုတာ အတော်လေး ပြောရခက်ပါတယ်။ တစ်ခါတလေကျပြန်တော့ လူပျိုအပျိုက အိမ်ထောင်သည်တွေနဲ့ မောက်မှာတတ်ကြသလို၊ တစ်ခါတရံကျပြန်တော့လည်း အရွယ်ချင်း မမျှတဲ့ ဖူးစာဖက်နဲ့ ပေါင်းစုံရတတ်ပါတယ်။ ဒီလိုမဟုတ်ပဲ အိမ်ထောင်ပျက် တစ်ခုလပ်တွေနဲ့ တွေ့ပြီးမှ အချစ်ကို ရှာဖွေတွေ့ရှိတဲ့လူတွေလည်း ရှိနေပါတယ်။ Abbygail Marquez အမည်ရ ဆယ်ကျော်သက်အရွယ်သာရှိသေးတဲ့ အမျိုးသမီးဟာ သူမရဲ့ သမီးကြီးကို ကိုယ်ဝန်ဆောင်ချိန်မှာပဲ

ချစ်သူက တာဝန်မယူနိုင်လို့ ရှောင်ပြေးသွားပါတယ်။ ဒါပေမယ့် သတ္တိရှိတဲ့ Marquez က ချစ်သူက ထားခဲ့လို့ ဝမ်းနေနေပေမယ့်၊ ဒီကိုယ်ဝန်ကို အမေတစ်ယောက် ပီပီ မွေးဖြစ်အောင်ကို မွေးဖွားမယ်ဆိုပြီး ဆုံးဖြတ်ခဲ့ပါတယ်။ ကိုယ်ဝန်အရင့်အမာကြီး လွယ်ထားရချိန်မှာ သူမဘဝရဲ့ လက်တွဲဖော်စစ်စစ်ကို တွေ့ခဲ့ပါတယ်။ သူက ပထမရည်းစားရဲ့ စိတ်ဓာတ်နဲ့တစ်ခြားဆီပါ။ တစ်ချို့လူတွေက စားပြီးနားမလည်၊ ယိုပြီးရေမဆေးသမားတွေပါ။ တစ်ချို့ကကျတော့ တာဝန်ယူမှု

တာဝန်ခံမှုတွေနဲ့ ဘဝကို သိက္ခာသမာဓိ ရှိရှိ ရပ်တည်နေကြသူတွေပါ။ လူချင်း၊ အကျင့်စာရိတ္တချင်း ယှဉ်ရင် ဆီးနဲ့ ချေးလို ကွာပါတယ်။ Marquez ရဲ့ ဘဝကို ကယ်တင်သူကတော့ Jay ပဲ ဖြစ်ပါတယ်။ Marquez နဲ့ Jay က သူစိမ်းတွေ မဟုတ်ပါဘူး။ လေးတန်းအထိ ကျောင်းအတူတူတက်ခဲ့ကြတဲ့ အရင်းနီးဆုံး သူငယ်ချင်းတွေပါ။ Jay ဟာ ငယ်စဉ်ကတည်းက Marquez ကို ချစ်ခင်နှစ်သက်ခဲ့ပေမယ့်၊ အကြောင်းအမျိုးမျိုးကြောင့် သူရဲ့အချစ်က

နောက်ကောက်ကျခဲ့ပါတယ်။ အဲဒီမှာပဲ သူတို့တစ်တွေ Facebook ပေါ်မှာသာ တွေ့ကြရပါတော့တယ်။ နောက်ပိုင်းမှာ Marquez ဟာ ရည်စား ဟောင်းနဲ့ အဆင်မပြေဘူး ဆိုတာ Jay က သိခဲ့ပါတယ်။ ပိုဆိုးတာက သမီးလေးရဲ့ ကိုယ်ဝန်ကို လွယ်ထားရတဲ့ Marquez ကို ရည်စားဟောင်းက သစ္စာမဲ့စွာထားသွားခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ ငယ်ငယ်ကတည်းက ချစ်ခင်နှစ်သက် ခဲ့တဲ့ Jay ဟာ Marquez ရဲ့ဘဝကို ပြောင်းလဲပေးခဲ့ပါတယ်။ နောက် သမီးလေးရဲ့ ဘဝကိုလည်း

ပဲ့ကိုင်ပေးခဲ့ပါတယ်။ သွေးသားအရ အဖေအရင်းမဟုတ်ပေမယ့်၊ ချစ်သူရဲ့ သွေးတစ်ဝက်ပါနေတဲ့ သမီးလေးကို Jay က ကိုယ့်သမီးအရင်းတစ်ယောက်လို ချစ်ချစ်ခင်ခင် ထိန်းကြောင်း စောင့်ရှောက်ခဲ့ပါတယ်။ သွားလေရာ ခေါ်သွားတယ်၊ စားလိုရာ ဝယ်ကျွေး တယ်၊ မိသားစုတစ်စုံလုံး ရပ်တည်နိုင်ဖို့အတွက်လည်း သူတတ်တဲ့ ပညာလေးနဲ့ လခစားအလုပ်ကိုလည်း လုပ်ပါသေး တယ်။ သူတို့မိသားစုဟာ မပြည့်စုံပေမယ့် မေတ္တာတရားတွေနဲ့ အေးချမ်းနေတဲ့ မိသားစုလေးပါဘဲ။