Zawgyi



ထက်မြက်ကြတယ်






Khin

Unicode

အရာရာမှာ စေ့စပ်သေချာလွန်းတယ်

လက်သည်းကိုက်တတ်တဲ့ အကျင့်ရှိတဲ့ သူအများစုဟာ စေ့စပ်သေချာလွန်းတဲ့ သူတွေဖြစ်ကြောင်း လေ့လာချက်တွေအရ သိရပါတယ်။ စစ်တမ်းကောက်ချက်တွေအရ ဒီလိုလက်သည်းကိုက်တတ်တဲ့ သူတွေဟာ သူတို့လုပ်သမျှ အလုပ်တိုင်းကို သေချာလုပ်ကိုင်လေ့ရှိပြီး အမှားအယွင်းမရှိ ပြီးပြည့်စုံနေအောင် ပြုလုပ်တတ်ကြပါတယ်။

ထက်မြက်ကြတယ်

လက်သည်းကိုက်တတ်တဲ့ အလေ့အကျင့်ရှိသူတွေဟာ တစ်ခြားသူတွေထက် ပိုပြီးထက်မြက်တဲ့ သူတွေဖြစ်ကြပါတယ်။ အလုပ်မှာ ပြသနာဖြေရှင်းတဲ့အခါ လက်သည်းကိုက်ခြင်းက အာရုံစူးစိုက်မှုကောင်းမွန်စေလို့ သူတို့တွေဟာ တစ်ခြားသူတွေထက် ပိုပြသနာကို ဖြေရှင်းနိုင်စွမ်းရှိတဲ့ ထက်မြက်သူတွေ ဖြစ်ကြပါတယ်။

ကိုယ့်ကိုယ်ကို အားမလိုအားမရစိတ်ကြောင့်

ဒီလို လက်သည်းကိုက်တတ်တဲ့ အကျင့်ဟာ ကိုယ့်ကိုယ်ကို အားမလိုအားမရတဲ့ စိတ်ကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။ တစ်ချို့လူတွေက သူတို့လိုချင်တဲ့ အရာတွေ ဖြစ်မလာတဲ့အခါ မပျော်ရွှင်ပဲ စိတ်ဓာတ်ကျတာမျိုး ဖြစ်လာနိုင်ပါတယ်။ နောက်ပြီး မျှော်လင့်တာတွေ အရမ်းများတဲ့ သူတွေက သူတို့တွေးထင်သလို ဖြစ်မာလတဲ့အခါ လက်သည်းကိုက်တတ်တဲ့ အကျင့်က ဖြစ်ပေါ်လာတတ်ပါတယ်။

စိတ်ပိုင်းဆိုင်ရာ ပြသနာကြောင့်

လက်သည်းကိုက်တတ်တဲ့အကျင့်ဟာ တစ်ခုခုကို ထပ်ကာထပ်ကာ စွဲလန်းမိပြီး လုပ်မိရာက အကျင့်တစ်ခုအဖြစ် စွဲလန်းသွားစေတာ ဖြစ်ပါတယ်။ တစ်ချို့လူတွေက လက်သည်းမကိုက်မိအောင် ထိန်းချုပ်နိုင်ကြပေမယ့် တစ်ချို့တွေကတော့ ထိန်းချုပ်နိုင်စွမ်းမရှိပဲ လက်သည်းကိုက်တာကို ထပ်တလဲလဲ လုပ်နေတတ်ကြပါတယ်။ ဒါဟာ စိတ်ပိုင်းဆိုင်ရာအရ အနည်းငယ် ပြသနာရှိတယ်ဆိုတာကို ဖော်ပြလို့ နေပါတယ်နော်။

Khin